Entries by ndb14

တပ်နဲ့ KNU တိုက်ပွဲကြောင့် ကျောက်ကြီးဒေသခံ ၆၀၀ နီးပါး ထွက်ပြေးနေ

■ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ကြား တိုက်ပွဲကြောင့် ဒေသခံ ၆၀၀ နီးပါး ထွက်ပြေးနေကြပါတယ်။ ကျောက်ကြီးမြို့နယ် မူဒယ်ကျေးရွာ အထက်ဘက် ချောင်းနှစ်ခွဘက်မှာ မနေ့က တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ညောင်လေးပင်ခရိုင် ကရင်အရပ်ဖက်လူမှုအဖွဲ့က စောအောင်ကဲ က ပြောပါတယ်။ တိုက်ပွဲအခြေအနေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူနဲ့ KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးဆက်ဆံရေးရုံး တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမဖြေပါဘူး။ တပ်မတော်ဘက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ခလရ ၅၇ တပ်ရင်းက နယ်မြေကျော်လှုပ်ရှားတာကြောင့် မနေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့တာလို့ KNU ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ KNU ညောင်လေးပင်ခရိုင် တပ်မဟာ […]

တပ်မတော်က ထိန်းသိမ်းထားတဲ့ မိုးကုတ်က ကျောင်းအုပ်ဆရာမကို ပထမအကြိမ်ရုံးထုတ်

တပ်မတော်က ဖမ်ဆီးထားတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မာနားရွာသစ်ကျောင်းက ကျောင်းအုပ်ဆရာမကို မိုးကုတ်မြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၁၁ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

တရားမျှတမှုစာစောင် (ဒီဇင်ဘာလ)

အကျဥ်းချုပ် ခြုံငုံသုံးသပ်ချက်   ယခုလအတွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းရင်းသားနိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရန် နှင့် ဘုံသဘောတူညီချက်ကိုရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်မှ ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ မတုံ့ပြန်နိုင်သေးကြောင်း Frontier Myanmar အားပြောကြားခဲ့သည်။ ထိုဖိတ်ခေါ်စာတွင် တိုင်းရင်းသား ပါတီများနှင့်လက်တွဲလုပ်ကိုင်ရန် မျော်လင့်ကြောင်းသာ ဖော်ပြထားပြီး မည်သည့်ကမ်းလမ်းချက်မှ မပါ၀င်ခဲ့ပါ။ အသစ် ဖွဲ့လိုက်သော အလုပ်အဖွဲ့သည် တိုင်းရင်းသား ပါတီများ နှင့် တွေ့ဆုံဆွေးနွေးရန် လျှင်မြန်စွာ ကြိုးစားခဲ့သော်လည်း ဖိတ်ခေါ်စာတွင် လက်တွဲလုပ်ဆောင်မှုတိုးတက်ရန်သာအကြံပြုထားပြီး တိုင်းရင်းသား ပါတီများ ၏ မျှော်မှန်းချက်မှာ NLD နှင့် ယခင်လက်တွဲလုပ်ဆောင်မှု အခြေအနေများကြောင့် သတိထားရသည့်အခြအနေတွင် ရှိသည်။ […]

လက်နက်ကြီးကြောင့် နေအိမ်နှစ်လုံးမီးလောင်၊ ရွာသားတစ်ဦးသေဆုံး

ဇန်နဝါရီ ၆ ရက် ၂၀၂၁ ခုနှစ် တအာင်းအမျိုးသမီးအဖွဲ့အစည်း ဇန်နဝါရီ ၅ ရက်နေ့တွင် နမ္မတူမြို့နယ် ညောင်ဆွယ်ကျေးရွာနှင့် မိုက်ဟုန်းကျေးရွာမှာ PSLF/TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးတစ်လုံးကျခဲ့ပြီး နေအိမ် နှစ်လုံး မီးလောင်သည့်အပြင် ရွာသားတစ်ဦးကိုလည်း သေနတ်ကျည်ဆံထိမှန်၍ ပွဲချင်းပြီး သေဆုံး ခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာလကုန်ပိုင်းမှ စ၍ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲတင်းမာမှုကြောင့် ညောင်ဆွယ်၊ မိုက်ဟုန်းနှင့် လုပ်လေ ကျေးရွာရှိ ဒေသခံ (၂၄၈) ဦးမှ မန်စံကျေးရွာအုပ်စု မန်ဟောင်၊ မန်ကျန်း ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်။ ညောင်ဆွယ်ကျေးရွာ ကျောင်းထိုင်ဆရာတော်က “တိုက်ပွဲကတော့ နံနက် ၇ နာရီ ကတည်းက စဖြစ်ခဲ့တာ၊ ပလောင်စစ်သားတွေက ရွာထဲမှာရှိတယ် […]

တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြင့်သည့်အထဲတွင်ရခိုင်ဒေသမပါဝင်

အိမ်စိုးဖြူ — လာမည့် ၂ဝ၂၁ ခုနစ်အတွက် တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။ ၄င်းထုတ်ပြန်ချက်အရ ကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှ အပ ကျန်နေရာများတွင် ၂ဝ၂၁ ခုနစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့်လိုက်သည်ဟု ဖော်ပြသည်။ ထုတ်ပြန်ချက်ထဲတွင် ပြည်သူလူထုများ လိုလားတောင့်တသော ထာဝရ ငြိမ်းချမ်းရေး အောင်မြင် ပြီးမြောက်သည်အထိ လိုအပ်သည်များဆက်လက်ဆောင်ရွက်နို်င်ရေး Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ဖက််ဆိုင်ရာ လှုပ်ရှားမှုများကို နိုင်ငံတော်မှ အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့များ ရှိသည့် နေရာများမှအပ […]

TNLA ပေးတဲ့ အကြွေးနွံထဲနစ်ခဲ့ရတဲ့ မိုးကုတ်မြို့က အမျိုးသမီး

နန်းဆိုင်နွမ်။ ။ Honest Information ခန္ဓာကိုယ်တခုလုံး တလကျော်ကြာထိ ညိုမဲနေတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ မပျက်ပြယ်သေးသလို ဒဏ်ရာကြောင့် မိခင်လည်း ဆုံးရှုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၇ရက် နေ့လည်အချိန်တွင် မိုးကုတ်မြို့နေ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မြင့်ဌေး ကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )မှ ဖမ်းဆီး ရိုက်နှက်စစ်ဆေးကာ ပြန်ပေးဆွဲ ငွေကျပ်သိန်း ၆၅၀ တောင်းဆိုခဲ့ပါတယ်။ ထိုငွေကျပ်သိန်း (၆၅၀) မပေးဆောင်နိုင်တဲ့အတွက် TNLA တပ်သား (၂) ဦးမှ ဒေါ်ခင်မြင့်ဌေးကို ဝါးပြားတုတ်ဖြင့် ရိုက်နှက်ခဲ့ပါတယ်။ သူမဟာ သား၊သမီး ၂ဦး ၊ တူ၊တူမ (၃)ဦးနဲ့ မိခင် အမေအိုကို ရှာဖွေကျွေးမွေးနေကာ မိန်းမသားတဦး လည်းဖြစ်တဲ့ […]

(၇၂) နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏ သဘောထားထုတ်ပြန်ချက်

နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြန်မာပြည်တွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ချိုးဖောက်မှုများ ချက်ခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကြပ်အတည်းများကို ဖြေရှင်းသွားရန် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်   ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက် မြန်မာနိုင်ငံအတွင်း မြင့်တက်လာသည့် လူ့အခွင့်အရေးအခြေအနေများအပေါ်  ND-Burma မှ စိုးရိမ်မိပါသည်။ အကြမ်းဖက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး လက်နက်ကိုင် စစ်သားများ၏ ချိုးဖောက်မှုမှ ကာကွယ်ရန် မစွမ်းနိုင်သည့် ထိခိုက်နစ်နာလွယ်သူများမှာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ မကြာသေးမီက ကျင်းပခဲ့သည့် ရွေး ကောက်ပွဲမှ နောက်ထပ် (၅) နှစ်သက်တမ်း အုပ်ချုပ်ရန် ထပ်မံရွေးကောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အရပ်သားများ ဘေးကင်း လုံခြုံရေးကို မဖြစ်မနေ အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်သည်။ […]

ကုလားတန်စီမံကိန်းပါ ဒေသခံများ အကျိုးခံစားခွင့်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်းများကွန်ယက်ဆို

သီဟ — မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံစာချုပ် ချုပ်ဆိုကာ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း မစတင်မီ စီမံကိန်းနှင့်သက်ဆိုင်သည့် ဒေသများတွင် နေထိုင်သူများ မည်သည့် အကျိုးခံစားခွင့်များ ရနိုင်သည်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်းများကွန်ယက်၏ Managing Director ကိုတိန်ဦးက ပြောသည်။ စီမံကိန်းတစ်ခုလုံးနှင့်သက်ဆိုင်သည့် ပြည်သူလူထုအကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်(EIA)နှင့် လူမှုဘဝထိခိုက်မှုဆိုင်ရာဆန်းစစ်ချက်(SIA)များကို လူထုအားချပြရန် လိုအပ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဆက်လက်ပြီး ကိုတိန်ဦးက လက်ရှိတွင် စီမံကိန်းဆိုင်ရာ အချက်အလက်အချို့ကိုသာ ချပြမှုရှိသော်လည်း EIA/SIA ဆိုင်ရာအချက်အလက်များနှင့် စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းမှ ဒေသခံများရရှိမည့် အကျိုး ကျေးဇူးများ၊ စီမံကိန်းမှ ရခိုင်ပြည်နယ်အတွက် မည်မျှအကျိုးကျေးဇူးရရှိမည် စသည်တို့ကို ရှင်းလင်းစွာ မသိရှိရသေးဟု ဆိုသည်။ “အခုစီမံကိန်းလုပ်ရင် ဘာတွေရလာမယ်။ ရခိုင်ကပြည်သူတွေအတွက် […]

တရားမျှတမှုစာစောင် (နိုဝင်ဘာလ၊ ၂၀၂၀ ပြည့်နှစ်)

အကျဥ်းချုပ် မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေအထွေရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဒုတိယအကြိမ်လွတ်တော်အမတ်နေရာ ၄၉၈ နေရာအနက် ၃၉၆ နေရာ အနိုင်ရခဲ့ပြီး ဒုတိယအကြိမ် အစိုးရ သက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။ NLD မှ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်၂၀၁၅ ရွေးကောက်ပွဲထက် အမတ်နေရာများစွာ ပိုရရှိခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို အဓိက အတိုက်အခံပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ( USDP )မှ ခုခံငြင်းဆိုသော်လည်း ရွေးကောက်ပွဲကော်မတီ မှ ဆက်လက် အတည်ပြုခဲ့သည်။ USDP ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၁၉ ခုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အား အရေးယူပေးရန် လက်မှတ် ရေးထိုးပြီး နိုင်ငံတော် […]

ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄၀ ကျော်သေဆုံး၊ တစ်ရာကျော်ဒဏ်ရာရ

■ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကလေး ၄၃ ယောက်သေဆုံးခဲ့ရပြီး၊ ၁၀၃ ယောက် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်းတွေ ကြောက်ခမန်းလိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးရတဲ့ ကလေး ၁၃ ယောက် ရှိခဲ့ပြီး ကလေး ၅၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ […]