Entries by ndb14

အာဏာသိမ်းစစ်ကောင်စီ အာဏာမစွန့်လွတ်ရင် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုခံရနိုင် (ကန် အထက်လွှတ်တော်အမတ်)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရ နိုင်တယ်လို့ အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သတိပေး ပြောဆိုလိုက် ပါတယ်။ အင်ဒီယာနာပိုလစ်မြို့မှာ မြန်မာ-ချင်းလူမှုအဖွဲ့အစည်းနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို ပြောဆိုသွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကနေ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ အင်ဒီယားနား ပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားအများစုပါဝင်တဲ့ မြန်မာ-ချင်း လူမှုအဖွဲ့အစည်းနဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Todd Young တို့ အင်ဒီယာနာပိုလစ်မြို့မှာ ဖေဖေါ်ဝါရီ(၁၉) သောကြာနေ့ လည်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ မြန်မာ့တပ်မတော်အနေနဲ့ အရပ်သားအစိုးရကို အာဏာပြန်လွှဲအပ်ဖို့လိုတယ်လို့ ဆွေးနွေးပွဲမှာ အထက်လွှတ်တော်အမတ် Todd Young က တိုက်တွန်းသွားတာပါ။ “ […]

ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ လတ်တလောဖမ်းဆီးခံထားရသူ ၅၀၀ ကျော်ရှိလာ

ဖေဖော်ဝါရီ ၁ရက် အာ ဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ဖမ်း ဆီးခံထားရသူ ၅၀၀ ဦးကျော်ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ AAPP ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီ ၁ မှ ၁၈ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆိုနှင့်ပြစ်ဒဏ်ချ မှတ်ခံထားရသူများပါဝင်ပြီး စုစု ပေါင်း ၅၂၁ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် ထောင်ဒဏ်ချမှတ်ခံရသူ သုံးဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံထားရသူ ၃၂ ဦး၊ အမှုဖွင့်ခံထားရသူ သုံးဦး နှင့် ပြန်လည်လွတ်မြောက်လာသူ ၄၄ ဦးရှိရာ လက်ရှိအချိန်ထိ ၄၇၇ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ် ဒဏ်ချမှတ်ခံထားရသည်ဟုထုတ် ပြန်ချက်ကဆိုသည်။ ‘‘တချို့ကို နေအိမ်အကျယ် ချုပ်ထားတာရှိတယ်။ တချို့ကို […]

စစ်အာဏာသိမ်းမှုကြောင့် မြန်မာကို ဖွံ့ဖြိုးရေးအကူအညီပေးမှုတွေ နော်ဝေးနိုင်ငံ ရပ်ဆိုင်း

ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံကို ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ ပေးအပ်နေတဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်ကြောင်း နော်ဝေနိုင်ငံက ကြေညာလိုက်ပါတယ်။ အဲဒီ အပြောင်းအလဲကြောင့် နော်ဝေးနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရ အဖွဲ့အစည်းတွေ အကြား ဆောင်ရွက်နေတဲ့ အသိပညာပေးဆိုင်ရာ အစီအစဉ် အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နော်ဝေအစိုးရ ပြောပါတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဏာသိမ်းမှုက မြန်မာပြည်သူတွေအတွက် ပိုပြီး အခက်အခဲဖြစ်စေ မယ်လို့ ပြောပါတယ်။ အစိုးရခြင်း ဆက်ဆံနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ချိန်မှာ ကုလသမဂ္ဂနဲ့ လူမှုအဖွဲ့အစည်း တွေက တဆင့် ပေးအပ်တဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး Dag-Inge […]

မြန်မာစစ်အာဏာသိမ်းမှုကို G-7 နိုင်ငံတွေ တညီတညွတ်ထဲ ကန့်ကွက်

G-7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စကို ဆန့်ကျင်တဲ့အမြင်အပေါ်မှာ တစ်သဘောထားတည်း ရှိကြတယ်လို့ ဗြိတိန်ဝန်ကြီး ချုပ် Boris Johnson က သောကြာနေ့က ပြောပါတယ်။ “ကမ္ဘာ့အရေးကိစ္စတွေ တော်တော်များများအပေါ်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တူကြပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းတဲ့ကိစ္စ ပဲဖြစ်ဖြစ်၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်သဘောတည်း ရှိပါတယ်” လို့ G-7 ထိပ်သီး အစည်းအဝေးမှာ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြော ပါတယ်။ မြန်မာနိုင်ငံကိစ္စမှာ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တင်းမာတဲ့သဘောထားကို ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတယ်လို့လည်း […]

မြန်မာ စစ်ခေါင်းဆောင် ၉ ဦးကို ကနေဒါ ဒဏ်ခတ် အရေးယူ

မြန်မာနိုင်ငံက အာဏာသိမ်းမှုကို တုံ့ပြန် အရေးယူမှုအဖြစ် ကနေဒါ နိုင်ငံက မြန်မာ စစ်တပ်က တာဝန်ရှိသူ ၉ ဦးကို ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီလို့ ကနေဒါနိုင်ငံက ကြေညာလိုက်ပါတယ်။ အထူး စီးပွားရေး အရေးယူဆောင်ရွက်ရေး မြန်မာနိုင်ငံဆိုင်ရာ စည်းမျဉ်းဥပဒေ အောက်ကနေ ဒဏ်ခတ် အရေးယူလိုက်တာလို့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကနေဒါနိုင်ငံက ဒဏ်ခတ် အရေးယူလိုက်သူ ၉ ဦးထဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အတူ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ တင်အောင်ဆန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ စိန်ဝင်း၊ စိုးထွဋ်၊ ရဲအောင်၊ အောင်လင်းဒွေးနဲ့ ရဲဝင်းဦးတို့ ပါဝင်ပါတယ်။ ပိတ်ဆို့ အရေးယူခံရသူတွေ ပါဝင်တဲ့ မြန်မာစစ်တပ်က […]

အာဏာသိမ်း စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော ထုတ်ပြန်ချက်အပေါ် အရပ်ဘက်အဖွဲ့အစည်း (၁၅၈) ဖွဲ့ ၏ သဘောထားကြေညာချက်

၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၁။ အာဏာသိမ်းစစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော စာတစ်စောင် ထုတ်ပြန်ရာ ၎င်းအား ရေးဆွဲသူများမှာ ပြည်သူက ဥပဒေပြုအာဏာအပ်နှင်းထားသူများ မဟုတ်သဖြင့် ကျွန်ုပ်တို့အရပ်ဘက် အဖွဲ့အစည်းများက ယင်း စာအပေါ် ဥပဒေကြမ်းတစ်ရပ်အဖြစ်ပင် လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသည့် ဒီမိုကရေစီလုပ်ထုံးလုပ်စဉ်များနှင့် ဆန့်ကျင်သော ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများကို သဘောထား မှတ်ချက်တောင်းခံလာကြောင်း တွေ့ရှိရသည်။ ၂။ ကနဦးအချက်အနေဖြင့် ယင်းကိုရေးဆွဲသူများမှာ အများပြည်သူက အပ်နှင်းသော အာဏာကို ရရှိထားသူ အစိုးရက ခန့်အပ်ထားခြင်း မဟုတ်သည့်အတွက် […]

မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူခဲ့သည့်အပေါ် ချင်းလူ့အခွင့်အရေး အဖွဲ့၏ သဘောထားထုတ်ပြန်ချက်

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာ့တပ်မတော်က အာဏာသိမ်းယူခဲ့သည့် လုပ်ရပ်ကို ချင်းလူ့အခွင့်အရေးအဖွဲ့က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။ ယင်းသို့ အာဏာ သိမ်းယူ ခြင်းသည် တိုင်းပြည်ကို ဒီမိုကရေစီ စနစ်တည်ဆောက်ရေး လမ်းကြောင်း မှ သွေဖည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန် အနေအထားကို ရောက်ရှိစေပါသည်။ အထူးသဖြင့် တိုင်းပြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး အလားအလာများကို ပျက်စီး စေပြီဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ် ကပ်ရောဂါ နှင့် ရင်ဆိုင်နေကြရသည့် ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံး နှင့်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် နှစ်မြှုပ်လုပ်ကိုင်နေကြရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏ လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် သန်းပေါင်းများစွာသော […]

စစ်တပ်မှ အစိုးရတာဝန်ရှိသူများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထားမှုအပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ပြစ်တင်ရှုံ့ချခြင်း

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မြန်မာ့တပ်မတော်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအ ဝင် အစိုးရတာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းခြင်းကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင် ငံ) (ND-Burma) မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။ မနက်လင်းအားကြီး အချိန်တွင် ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ပြီးနောက် အင်တာနက်နှင့် တခြားဆက်သွယ်မှုများ ပြတ်တောက်ခဲ့သည်။ ထိုသို့ ပြုလုပ်မှုသည် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်၍ အာဏာသိမ်းခြင်းဖြင့် ဒီမိုကရေစီနှင့် အညီ ဖွဲ့စည်းခန့်အပ်ထားမှုကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရ သူများနှင့် ထပ်မံဖမ်းဆီးခံရနိုင်သူများ၏ လုံခြုံရေးအတွက် များစွာ စိုးရိမ်မိပါသည်။ ထိန်းသိမ်းထားသူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ND-Burma မှ တောင်းဆိုပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ဒုတိယအကြိမ် […]

မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်

ဇန်နဝါရီ ၂၉၊ ၂၀၂၁ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနှင့်နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်နေမှုကို အားပေးထောက်ခံကြောင်း မိမိတို့အခိုင်အမာအတည်ပြုပါသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးအတွက် မိမိတို့မျှော်လင့်နေပါသည်။ မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်းရွေးကောက်ပွဲတွင် ၎င်းတို့၏သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားပါသည်။ တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းပါသည်။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ပါသည်။ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက်ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ အားပေးထောက်ခံ ပါသည်။ […]

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းကျေးရွာများတွင် ငွေသိန်း(၂၀)စီနှင့် လူ(၅)ဦးစီ သင်တန်းတက်ရန် AA က အတင်းအကြပ်ခေါ်ယူ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင် AA အဖွဲ့က ရွာတရွာလျှင်လူ(၅)ဦးစီ သင်တန်းတက်ရောက်ရန် အတင်းအကြပ်ခေါ်ယူသည့်အပြင် ငွေသိန်း(၂၀)စီကိုလည်း အတင်းအကြပ်တောင်းယူခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။ ၀၃၊ ၀၁၊ ၂၀၂၁ရက်နေ့တွင် AA အဖွဲ့ဝင် လူ(၃)ဦးတို့သည် အရပ်ဝတ်နှင့် မင်းပြားမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာများတွင်သွားရောက်ပြီး အစည်းအဝေးများခေါ်ယူကာ တရွာလျှင်လူ(၅)ဦး စီ ၎င်းတို့ထံ သင်တန်းတက်ရောက်ရန်အတွက် အတင်းအကြပ်ခေါ်ယူသည့်အပြင် ၎င်းသင်တန်းသားများ(၅)ဦး ၏မိသားစုဝင်များ စားစရိတ်အတွက် ငွေသိန်း(၂၀)ကိုပါပေးဆောင်ရန် လိုက်လံအသိပေးအကြောင်းကြား ခြင်းများ ပြုလုပ်ခဲ့သည်ဟု အဆိုပါဒေသခံက ပြောဆိုပါသည်။ “ရခိုင့်လက်နက်ကိုင်အဖွဲ့ကလို့ပြောတယ် အရပ်ဝတ်နဲ့လူ(၃)သုံးယောက်က ကျနော်တို့ရွာမှာ ဇန်နဝါရီလ(၃) ရက်နေ့တွင် ရောက်လာခဲ့ကြပါတယ်၊ တစ်ရွာလုံးကိုအစည်းအဝေးတက်ဖို့ခေါ်တယ်၊ အဲ့အစည်းအဝေးမှာ မင်းတို့ကချင်းလူမျိုးဖြစ်ကြပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတယ်ဆိုတော့ အခုကျနော်တို့က အုပ်ချူပ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ သင်တန်းလုပ်ဖို့ရှိတယ်ဆိုတော့ တစ်ရွာမှာလူငါး(၅)ဦးစီတက်ရမည်၊ […]