Entries by ndb14

,

ရန်ကုန် တာမွေ ဆန္ဒပြမှုမှ ၅၀၀ ခန့်ကို ဖမ်းပြီး အင်းစိန်ထောင်ပို့

တာမွေသပိတ်စစ်ကြောင်းမှ ကျောင်းသားများကို ကျိုက္ကဆံကွင်း၌ ခေတ္တထိန်းသိမ်းထားစဉ် ရေနှင့် အစားအစာ ပို့ခွင့် မရခဲ့ပေ စစ်တပ်နှင့် ရဲများသည် ရန်ကုန်မြို့အနှံ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနေရာ ကျောင်းသားများ အပါအဝင် လူ ၅၀၀ ခန့်ကို တာမွေကျိုက္ကဆံအားကစားကွင်းတွင် ခေတ္တထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားကြောင်း ခိုင်လုံသတင်းရင်းမြစ်များအရ  သိရသည်။ ဖမ်းဆီးခံရသူများအနက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့မှ အဖွဲ့၀င်များ၊ အနယ်နယ်မှ ကျောင်းသားများ  ပါဝင်နေသည်။ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဗညားဒလလမ်းပေါ်မှ  ဆန္ဒပြသပိတ်စစ်ကြောင်းများအား ယနေ့ (မတ် ၃) နေ့လယ်ပိုင်းက ဖြိုခွင်းစဉ် ၎င်းတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ခေတ္တထိန်းသိမ်းထားသူတချို့ထံမှ ငွေကြေး တောင်းခံမှုများရှိကြောင်း ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ “ဖမ်းတယ်ဆိုတာကလည်းဗျာ အဓိပ္ပာယ်မှ မရှိတာကြီးကို၊ ဆန္ဒပြတာကိုဖမ်း၊ ဖမ်းပြီးသွားတော့လည်း […]

,

မြောက်ဥက္ကလာတွင် စစ်တပ်အကြမ်းဖက်မှုကြောင့် ၂၀ ထက်မနည်းသေ

အကြိမ်ကြိမ်ဖြိုခွင်းခံရပြီး ပြန်လည်စုစည်းနိုင်ခဲ့သည့် ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းများတွင် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက် လှုမှုကူညီရေး အသင်းများရှိ အချက်အလက်များအရ သိရသည်။ ယမန်နေ့(မတ် ၃) ရက်နေ့မနက်ပိုင်းက စတင်ခဲ့သည့် မြောက်ဥက္ကလာပ အဝိုင်းနှင့် မြောက်ဥက္ကလာပ ကန်သာယာ ပန်းခြံ အနီးရှိ သပိတ်စခန်းများသည် နေ့လည်ပိုင်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဆန္ဒပြသူများသည် အမှတ် (၃)လမ်းမပေါ်ရှိ နွယ်နီမှတ်တိုင် အနီးတွင် အရန်အတားများ ထပ်မံ ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ ထိုသပိတ်စခန်းကို ဖြိုခွင်းရန် ရဲနှင့်စစ်တပ် အင်အားအများအပြားရောက်ရှိလာခဲ့ပြီး ရပ်ကွက်နေပြည်သူများက ၎င်းတို့ကို ပြန်လည် ဝိုင်းရံခဲ့သည်။ ထိုသို့ ပေးမထွက်တော့သည့်အခါတွင် ရဲနှင့်စစ်တပ်က လူထုအား အကြမ်းဖက် […]

,

တောင်တွင်းကြီးမြို့နယ်၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံ

တောင်တွင်းကြီးမြို့နယ်မှာ မတ်လ ၂  ရက် ညနေပိုင်းက စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။ ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်တွင်းကြီးဘက်သို့ ဆတ်သွားတိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပြီးပြန်လာတဲ့ စစ်ကားတွေကို ဆတ်သွားကျေးရွာအနီး၊ တောစိမ်းကျေးရွာထိပ် ကားလမ်းဘေးမှာ ထိုင်နေတဲ့ လူငယ်တွေက “စစ်အာဏာရှင်အလိုမရှိ” လို့ ကြွေးကြော်စဉ် စစ်ကားတွေပေါ်မှ စစ်သားတွေဆင်းလာပြီး ကျွဲကျောင်းရင်း ဂိမ်းဆော့နေတဲ့ လူငယ် ၂ ဦးကို ထိုးကြိတ်ရိုက်နှက်ကာ ထွက်ပြေးတဲ့ လူငယ်တွေကို  သေနတ်နဲ့ လိုက်ပစ်တဲ့အတွက်  လူငယ်တစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာနဲ့ ဆုံးသွားခဲ့တာပါ။ တချို့လူငယ်တွေ ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသူမှာ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား၊ အမှတ် […]

,

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၂ ရက်၊ ၂၀၂၁ ခုနှစ် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၂၉၄) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၉၈၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ […]

ဆန္ဒပြသူများအပေါ် စစ်တပ်၏အကြမ်းဖက်မှု ပိုဆိုးလာခြင်းအား ကုလလူ့အခွင့်အရေးအဖွဲ့ရုံး ပြင်းထန်စွာရှုတ်ချ

မြန်မာနိုင်ငံတွင် ဆန္ဒ ထုတ်ဖော်မှုများအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားပြင်းထန် လာနေခြင်းကို ပြင်းထန်စွာရှုတ်ချ ကြောင်း ကုလသမဂ္ဂလူ့အခွင့်အ ရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောဆိုချက်ကို ဖေ ဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရာတွင် စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများအပေါ် အင်အားသုံးဖြိုခွင်းမှုကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံအနှံ့နေရာများစွာတွင် ရဲနှင့် စစ်တပ်အင်အားစုများမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို တိုက်ခိုက်ခဲ့ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ လက်ခံရရှိသော ခိုင်လုံသော သတင်းအချက်အလက် များအရ အနည်းဆုံး ၁၈ ဦး အ သက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။ သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်းမှာ ရန်ကုန်၊ […]

, ,

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း

ကြေညာချက်အမှတ်၊ (၁၀/၂၀၂၁) ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်အုပ်စုက အဓမ္မနည်းဖြင့် သိမ်းယူခဲ့ပြီး၊ တရားဝင် နိုင်ငံ့ခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်၊ တက်ကြွလှုပ်ရှားသူများ၊ လူသိများထင်ရှားသူများကို ညတွင်းချင်း ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂။ အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းမဖက်နည်းဖြင့် အာဏာဖီဆန်ကြသော နိုင်ငံ့ဝန်ထမ်းများ၊ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြကြသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လက်နက်မဲ့ မိဘပြည်သူများကို နိုင်ငံတဝှမ်းရှိ လမ်းမများပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရာဇဝတ်သားများစေလွှတ်၍ ရပ်ရွာတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ်တွင် ခြိမ်းခြောက်ခြင်းများ […]

ကြွေးကြော်သံ အိမ်ထဲက အော်ဟစ်တဲ့ ရန်ကုန်ည ဆန္ဒပြပွဲများ

စစ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နေ့ခင်းဖက်မှာသာမကပဲ ပုဒ်မ(၁၄၄) အမိန့်ထုတ်ထားတဲ့ ညဘက်အချိန်မှာပါ ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ စတင်လုပ်ဆောင်လာနေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။ “ သပိတ် သပိတ် မှောက် .. မှောက် ၊ ဒီမိုကရေစီရရှိရေး တို့အရေး.. တို့အရေး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး .. တို့ အရေး တို့အရေး ..” အခုကြားနေရတဲ့ အသံတွေက ညမထွက်ရအမိန့် 144 ထုတ်ထားချိန်မှာ တာမွေမြို့နယ် ရပ်ကွက်တချို့က လမ်းမတန်းဘေး ဝဲယာမှာရှိတဲ့ တိုက်ခန်းတွေပေါ်ကနေ ည ၉ နာရီကျော် ၁၀ နာရီကြားဝန်းကျင် ကြွေးကြော် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ နေ့ခင်းဖက် အန္တရာယ်တွေကြားမှာ ပင်ပန်းကြီးစွာ ဆန္ဒပြကြသလို ၊ ည […]

ကုလကျွမ်းကျင်သူသုံးဦးပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးပါဝင်သည့် မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီကိုဖွဲ့စည်းကြောင်း တပ် မတော်က အာဏာသိမ်းပြီး တစ် လပြည့်သည့် ယမန်နေ့(မတ်လ ၁ ရက်)တွင် ယင်းကောင်စီကထုတ်ပြန်ကြေညာသည်။ အဆိုပါ အကြံပေးကောင်စီ (SAC-M)တွင် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ၏ မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူဟောင်း မစ္စစ်ရန်ဟီးလီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သောအချက်အလက်ရှာဖွေရေး မစ်ရှင်ဥက္ကဋ္ဌဟောင်း မာဇူကီဒါရူး စမန်နှင့် အချက်အလက်ရှာဖွေ ရေးမစ်ရှင်အဖွဲ့ဝင်ဟောင်း ခရစ် စီဒိုတီတို့ပါဝင်သည်။ ယင်းကောင်စီသည် မြန်မာ ပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ပြစ်မှုကျူးလွန် ထားသူများ၏ တာဝန်ခံမှုရှိရေးတို့ အတွက် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်တွင်းရှိ လူ့အခွင့်အရေးကာကွယ်ရပ်တည်သူများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် မြန်မာ့ အရေးကျွမ်းကျင်သူများအတွက် နိုင်ငံတကာပလက်ဖောင်းအဖြစ် […]

,

အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှု သက်သေခံများ

စစ်တပ်က အာဏာသိမ်းယူပြီးချိန်မှစတင်ကာ စံချိန်တင် သွေးစွန်းခဲ့သော ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၁ ဦးကို လက်ခံကုသပေး ခဲ့ရာ ၁၄ ဦးမှာ သေသည်ထက်ဆိုးရွားသော သေနတ်ဒဏ်များဖြင့် လူနာများဖြစ်နေသည်  (မှတ်ချက် – ယခုသတင်း၏ မှတ်တမ်းဓာတ်ပုံများတွင် Graphic Content များ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်) အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယမန် (ဖေဖော်ဝါရီ ၂၈) နေ့တွင် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ဒဏ်ရာရရှိသူများအနက် ၂၁ ဦးကို ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် လက်ခံ ကုသပေးခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂၁ […]