Entries by ndb14

,

လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ

10:50 ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးမြို့နယ်တွေ ထပ်တိုး ရန်ကုန်တိုင်းအတွင်း ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တယ်လို့ မြဝတီရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။ အခုထပ်တိုးထုတ်ပြန်လာတဲ့ မြို့နယ်တွေမှာ မနေ့ညပိုင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိထားပါတယ်။ မနေ့ညက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို မနေ့ န့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ လူ ၂၀ ကျော်နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ သတင်းတွေရရှိထားပါတယ်။ လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ အဲဒီစက်ရုံတွေဟာ တရုတ်လုပ်ငန်းစက်ရုံတချို့ဖြစ်ပြီး မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ […]

,

အကြမ်းဖက်ပစ်ခတ်မှုကြောင့် သင်္ဃန်းကျွန်းတွင် ၇ ဦးသေဆုံး

သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည် သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီလက်နက်ကိုင်များ၏  အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးအထိရှိနေကြောင်း သင်္ဃန်းကျွန်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ AKK Shopping Center ထောင့်မှနေ၍ ဆန္ဒပြအရပ်သားပြည်သူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဘုရားလမ်းထိပ်ရှိ ဆန္ဒပြသပိတ်မှာလည်း လုစုခွဲပြီးချိန်တွင် အသံဗုံးများ တရစပ်ပစ်ခတ် ခြင်း၊ ကျည်အစစ်များဖြင့် တွေ့ရာမြင်ရာ လိုက်လံပစ်ခတ်သဖြင့် […]

,

ယမန်နေ့တွင် သေဆုံးသူအနည်းဆုံး ၃၈ ဦးရှိခဲ့၊ ယနေ့နံနက်တွင် ဖုန်းအင်တာနက်ပြတ်တောက်နေ

ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်အသုံးပြုကာ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု AAPP က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားပြီး ယနေ့နံနက်တွင် ဖုန်းအင်တာနက်များ ပြတ်တောက်နေသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောသည်  အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များက အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် အသေအပျောက်အများဆုံးဖြစ်သော ရန်ကုန် လှိုင်သာယာမြို့နယ် အပါအဝင် အခြားသောမြို့နယ်များ တွင်လည်း သေဆုံးမှုများရှိခဲ့ရာ ယမန်နေ့ (မတ် ၁၄) တစ်ရက်တည်း၌ပင် သေဆုံးသူ ၃၈ ဦးထက်မနည်းရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ညပိုင်း ညဉ့်နက်သည်အထိ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများ၊ နောက်ဆုံးတွဲ သေဆုံးဒဏ်ရာရရှိမှုများ ကြားနေခဲ့ရပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်းတွင် […]

ရန်ကုန်မြို့အနှံ့ အာဏာသိမ်းစစ်တပ်က လှည့်ပတ်ပစ်ခတ် လူထုကိုခြိမ်းခြောက်ဖမ်းဆီ

ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ  မတ်လ ၇ ရက် ညပိုင်းက  စစ်တပ်နဲ့ရဲတွေက သေနတ်တွေ အသံဗုံးတွေနဲ့ လိုက်လံ ခြိမ်းခြောက် ပစ်ခတ် ရပ်ကွက်တွေထဲကိုလည်း စစ်ကားတွေနဲ့ ဝင်ရောက်ပြီး လူတွေကို လိုက်လံ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ မနေ့ညနေက ဆေးရုံတွေနဲ့ ကျောင်းတွေမှာ စစ်တပ်တွေ ဝင်ရောက်တပ်ချပြီးနောက်မှာ ညပိုင်း ၉ နာရီလောက်ကနေ  သန်းခေါင် ၁၂ နာရီကျော်လောက်အထိ လှည့်လည်  ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပါ။ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ အလုံ၊ စစ်ချောင်း၊ လှိုင်၊ ကမာရွတ်၊  ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊  တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အင်းစိန် စတဲ့ ရန်ကုန်တမြို့လုံး လိုလိုမှာ သေနတ်သံတွေ ကြား​နေရပြီး တာမွေမြို့နယ် ဘက်မှာ စက်သေနတ်နဲ့ အတွဲလိုက်ပစ်သံတွေပါကြားရတယ်လို့ […]

,

စစ်တပ်က ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများတွင် ဝင်ရောက်တပ်စွဲ

Myanmar Now Published on Mar 7, 2021 မြို့ပြအရပ်ဘက် အဆောက်အအုံများတွင် စစ်တပ်က အတင်းအဓမ္မ ဖြန့်ကြက်နေရာယူနေခြင်းမှာ အာဏာသိမ်းမှု ဆန့်ကျင်သူများကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည့်အပြင် တင်ရင်းတပ်ဖွဲ့များနှင့် ရဲတပ်ရင်းများတွင် အင်အားလျော့ပါးလာ၍လည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောသည်  အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မြို့ကြီးအသီးသီးရှိ  ဘာသာရေး အ ဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်ကျောင်းများတွင် အတင်းအဓမ္မ ဝင်ရောက်ကာ တပ်စွဲ လျက်ရှိသည်။ မွန်၊ ကချင်၊ ရခိုင်နှင့် ကယားပြည်နယ်များ အပါအဝင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ပဲခူးတိုင်းအတွင်းရှိ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စစ်ကောင်စီ ၏ လက်နက်ကိုင်များက တပ်စွဲရန် ကြိုးပမ်းခဲ့ရာတွင် ဒေသခံပြည်သူများနှင့် […]

, ,

ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဋ္ဌ၏အလောင်း လာထုတ်ရန် မိသားစုကို အကြောင်းကြား

Myanmar Now Published on Mar 7, 2021 ယမန်နေ့ညပိုင်းက ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ ဦးခင်မောင်လတ်သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD အမတ်များအတွက် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်  ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးဥက္ကဋ္ဌကို ယမန်နေ့ (မတ်လ ၆) ညပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု သိရသည်။ ထိုသို့ဖမ်းဆီးခံရပြီးနောက် မည်သို့သေဆုံးခဲ့သည်ကို မသိရသော်လည်း အလောင်းလာထုတ်ရန် ပန်းဘဲတန်းရဲစခန်းက မိသားစုကို အကြောင်းကြာင်းခဲ့ခြင်း ဖြစ်သည်။ ယနေ့ (မတ် ၇) နေ့လယ်ပိုင်းတွင် မိသားစုက မင်္ဂလာဒုံစစ်ဆေးရုံမှ အလောင်းပြန်ထုတ်လာပြီး ရေဝေး သုဿန်သို့ ပို့ဆောင်နေကြောင်း၊ […]

,

လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု (ဥရောပသမ္မဂ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ နှိမ်နင်းရာမှာ လက်နက်မဲ့ အရပ်သားတွေ၊ ကျန်းမာရေး လုပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဥရောပသမဂ္ဂ (EU) က ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက် အကြမ်းဖက်နှိမ်နင်းမှုကြောင့် အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ EU ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ရာနဲ့ချီတဲ့လူတွေ ဖမ်းဆီးခံခဲ့ရပြီး သတင်းမီဒီယာတွေကိုလည်း ဖိနှိပ်မှုတွေရှိနေပြီး၊ ဖမ်းဆီး အရေးယူခံရတဲ့ သတင်းသမား အရေအတွက် တိုးလာနေကြောင်းလည်း ဖော်ပြထားပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကို အရေးယူတာ၊ ခြိမ်းခြောက်တာတွေဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း EU က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ သတင်းမီဒီယာတွေကို နှုတ်ပိတ်ဖို့ ကြိုးစားနေပေမဲ့လည်း လွတ်လပ်စွာ […]

,

မြန်မာစစ်တပ် ရက်စက်အကြမ်းဖက်မှုကို တညီတညွတ်တည်း ရှုတ်ချဖို့ အမေရိကန်ဆော်သြ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။ “အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတဲ့ လုပ်ရပ်တွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပျက် တုန်လှုပ်မိကြောင်း” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တလလောက် ရှိလာချိန်မှာပဲ အာဏာပိုင်တွေဖက်က ဇြိုခွင်းမှုတွေကို အရှိန်မြှင့်လာရာက ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၃၈ ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ နိုင်ငံတကာက သတိပေးနေတဲ့ ကြားမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ ဆက်လုပ်နေတာကြောင့် […]

ဖေဖော်ရီဝါလ ၁ ရက်နေ့ မှ စတင်ခဲ့သော စစ်အာဏာသိမ်းမှုအခြေအနေများ နှင့် ဆန္ဒပြသည့်အခြေအနေများ

ND-Burma မှ ဖေဖော်ရီဝါလ ၁ ရက်နေ့ မှ စတင်ခဲ့သော စစ်အာဏာသိမ်းမှုအခြေအနေများ နှင့် ဆန္ဒပြသည့်အခြေအနများ၊ ဆန္ဒပြသူများအပေါ် စစ်တပ်နှင့် ရဲမှ အကြမ်းဖက်ဖြိုခွင်းခြင်း နှင့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်များကို စုစည်း တင်ပြထားမှုများကို အင်္ဂလိပ် နှင့် မြန်မာဘာသာဖြင့် ရယူနိုင်ပါသည်။ ကျွန်နုပ်တို့၏ ၀က်ဘက်ဆိုက် မှတဆင့် အပတ်စဥ် နှင့်လစဥ် နောက်ဆုံးရသတင်းများကို ရရှိရန် စာရင်းသွင်း ရယူနိုင်ပါသည်။ ကျွန်နုပ်တို့၏ Facebook စာမျက်နှာကို Like and Follow လုပ်ခြင်းအားဖြင့်လည်း သတင်းများကို ရယူနိုင်ပါသည်။ ကျွန်နုပ်တို့ ND-Burma အနေဖြင့် လက်ရှိမြန်မာပြည်တွင်း တွင်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအပေါ် များစွာစိုးရိမ်ပူပန်မိကြောင်းနှင့် အခြေအနေများအပေါ် အနီးကပ်စောင့်ကြည့်နေပါသည်။

,

ရဲနှင့်စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ်လ ၃ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ၃၈ ဦးရှိဟု ကုလသမဂ္ဂပြော

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေကို  ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာ  သေဆုံးသူ  ၃၈ ယောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရာနာ ဘာဂီနာက မနေ့က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ “ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ဒီနေ့ (မတ်လ ၃ ရက်) ဟာ သွေးထွက်သံယိုအဖြစ် အများဆုံးနေ့ဖြစ်ပါတယ်။ ဒီနေ့ တစ်ရက်ထဲ ၃၈ ယောက်သေဆုံးခဲ့တယ်။ စစ်အာဏာစသိမ်းကတည်းကဆိုရင် ပြည်သူအယောက် ၅၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရထားပါတယ်” လို့ မစ္စ ဘာဂီနာက ပြောပါတယ်။ မစ္စ ဘာဂီနာဟာ မြန်မာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို […]