Entries by ndb14

စစ်အုပ်ချုပ်ရေးကြောင့် နယ်ရွှေ့ပြောင်းရသူများအရေး IOM စိုးရိမ်

■ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းချက်ကြောင့် နယ်ကို ရွှေ့ပြောင်းနေကြရတဲ့ အလုပ်သမားတွေအရေး သိပ်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM) က ဒီကနေ့ သတင်းထုတ်ပြန် ပြောဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ မတ်လ ၁၅ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် နယ်တွေကနေ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်ကနေ ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။ IOM ကတော့ ရွှေ့ပြောင်းအလုပ်သမား ၁ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အများစုက သူတို့ဌာနေဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။ အစားအစာပြတ်လပ်ပြီး ဘဏ်ဝန်ဆောင်လုပ်ငန်းတွေ ယာယီရပ်ဆိုင်းနေတာ အပါအဝင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ပူပင်သောကတွေနဲ့ […]

စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု ICC မှာ အရေးယူရေးအဆို ကုလလူ့အခွင့်အရေးကောင်စီအတည်ပြု

■ မြန်မာနိုင်ငံက ရဲနဲ့စစ်တပ်က နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရားစီရင်ရေးလုပ်ငန်းစဉ်တွေကနေ အရေးယူရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ သဘောတူ ချမှတ်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ကျင်းပတဲ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံကနေ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ထဲမှာ – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်မချခင် မူကြမ်းအဆိုကို ဦးဆောင်တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ပေါ်တူဂီအမြဲတမ်းကိုယ်စားလှယ် Rui Macieira ကတော့ – “မြန်မာစစ်တပ်ဟာ ရက်ရက်စက်စက် ဖိနှိပ်တာတွေကို တိုးပြီး လုပ်ဆောင်လာနေတယ်။ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ အင်အားအလွန်အကျွံအသုံးပြုနေတာတွေ ရပ်ပြီး […]

သံပုံးတီး၍ဆိုကာ အကြမ်းဖက်စစ်တပ်ပစ်ခတ်သဖြင့် မန္တလေးတွင် ၁၆နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံး

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ (ဃ)ရပ်ကွက် စိန်ပန်းလမ်းတွင် သံပုံးတီးသူများကို စစ်ကောင်စီအကြမ်းဖက်တပ်က “မိုက်ကြလားဟေ့ ထွက်ခဲ့စမ်း” ဟု အော်ဟစ်ကာ ပစ်ခတ်သဖြင့် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကြောင်း ကူညီပေးနေသည့် ဆရာဝန်တစ်ဦးက အတည်ပြုသည်။ ၆၆၊၆၇ လမ်း၊ မနော်ဟရီ၊ စိန်ပန်းလမ်းကြားတွင် ၁၆ နှစ်အရွယ် မောင်ဖိုးထီ၏ ကျောကို ကျည်ဆံထိမှန်ကာ ကျဆုံးကြောင်း ဆွေမျိုးနီးစပ်တော်စပ်သူများက ပြောသည်။ ယနေ့ (မတ် ၂၄) ည ၈ နာရီခွဲက စတင်၍ ပစ်ခတ်နေခြင်းဖြစ်ပြီး အနည်းဆုံး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။ ယင်းမှာ လတ်တလောအခြေအနေကို သိရှိရခြင်းဖြစ်ပြီး လူဦးရေ ထပ်တိုး ထိခိုက်နိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအသင်းတစ်ခုက ပြောသည်။ “ကျွန်မတို့သံပုံးတီးပြီးတော့ သူတို့ဝင်လာတာ၊ဘယ်သူတွေမိုက်တာလဲဟ၊ခုနက ဘယ်သူတွေတီးကြတာလဲဟ […]

,

မန္တလေး မှာ ညနေပိုင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ခုနှစ်နှစ် အရွှယ်ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး

မန္တလေး မှာ မတ်လ ၂၃ ရက် ညနေပိုင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ၇ နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။ သေနတ်ကျည်ထိမှန်ခဲ့သူက‌တော့ မန္တလေး အောင်ပင်လယ်ရပ်က ၇နှစ်သမီးလေး မခင်မျိုးချစ် ဖြစ်ပြီး အိမ်မှာ ရှိနေစဥ် ဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ သူ့ရဲ့ အသက်၁၉ နှစ်အရွယ် အကိုဖြစ်သူကို လည်းဖမ်းသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မခင်မျိုးချစ် ကျည်မှန်သွားတာကို ဆေး အဖွဲ့ကဆရာဝန်တွေဆီအမြန်ရောက်အောင်သွားပြီး ကြိုး စားခဲ့ ပေမဲ့ အသက်မကယ်လိုက်နိုင်ဘူးလို့အကူအညီပေးသူတွေက ပြောပါတယ်။ ဒါ့အပြင်ဒီကနေ့ ညနေပိုင်းက လည်း ၅၇ လမ်းနဲ့ ၁၀၃ လမ်းထောင့်မှာပန်းရံ လုပ်ကိုင်သူတစ်ဦး သေနတ်ကျည်မှန်ပြီးသေဆုံးခဲ့ပါတယ်။ မန္တလေး မှာ မတ်လ ၂၃ ရက်နေ့ […]

အကြမ်းဖက်နှိပ်ကွပ်မှု ရပ်ဆိုင်းဖို့ ကုလဆက်လက်တောင်းဆို

မြန်မာ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၂၂၄ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုထားပါတယ်။ “ဖမ်းဆီးစဉ် သေဆုံးရသူတွေ အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူ အရပ်သား အနည်းဆုံး ၂၂၄ ယောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားကြောင်း” ပြောခွင့်ရ Farhan Haq က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အမှန်တကယ် အရပ်သား သေဆုံးရမှုက ၂၅၀ နဲ့ အထက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ […]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များမှ စုပေါင်း အရေးယူမှု ပြုလုပ်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ Acting Resident and Humanitarian Coordinator မစ္စတာ အင်ဒရူး ကာ့ဒ်ဝုဒ်၏ တောင်းဆိုချက်ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်

ထုတ်ပြန်ရန် [၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့] ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ Acting Resident and Humanitarian Coordinator မစ္စတာ အင်ဒရူး ကာ့ဒ်ဝုဒ်၏ “လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ စုပေါင်း အရေးယူမှု” လုပ်ဆောင်ရန် တောင်းဆိုမှု မှတ်ချက်ပြုခြင်းကို ရှေ့ပြေးအသံအဖွဲ့နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် ကျူးလွန်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝ မရှိဘဲ လုပ်ဆောင်နေသော သေစေလောက်သည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် တရားမဝင် စစ်အုပ်စုမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် လုပ်ဆောင်နေသည့် ခြိမ်း‌‌ခြောက်သော လှုပ်ရှားမှုကို ရပ်တန့်ရန် ထိရောက်သော စောင့်ကြည့်ရေးနှင့် ကြားဝင်ဖြေရှင်းရေး မစ်ရှင်တစ်ခုကို မြန်မာနိုင်ငံသို့ ချက်ချင်း စေလွှတ်ရန် ကုလသမဂ္ဂ […]

မြန်မာနိုင်ငံလူ့အခွင့်အရေအခြေအနေ (မတ်လ ၁၅ မှ ၂၁)

လွန်ခဲ့သည့် အပတ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် တပ်မတော်မှ ဆက်လက်၍ အပြင်းအထန် နှိမ်နင်းနေသည်။ ပစ်ခတ်မှုကို ခုခံရန် ပြုလုပ်ထားသည့် အတားအဆီးများကို ဖြိုဖျက် နေသည့်အတွက် အကြီးအကျယ်ပျက်စီးနေမှုများ မြို့ပြနှင့် ကျေးလက်ရှိ လမ်းများပေါ်တွင် ပြည့် နှက်နေသည်။ စစ်အုပ်ချုပ်ရေး နှင့် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှုများကို အပတ်စဥ် အကျဥ်းချုပ်တွင် ဖော်ပြထားသည်။

သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တွင် စစ်တပ်နှင့်ရဲ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သဖြင့် ၅ ဦးကျဆုံ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်နှစ်ခု ထိစပ်နေရာ ကျေးရွာတွေမှာ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် လူ ၅ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်အတွင်းက ချောင်းကြီးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရင်ဘက်ကျည်ထိကာ ကျဆုံးခဲ့ပြီး အဆိုပါကျေးရွာက ကလေးငယ်တစ်ဦး လည်း လက်ကို ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ကားလမ်းတလျှောက် ရွှေ့လျားသွားတဲ့ စစ်သားတွေပါတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာကြောင့် ကျောက်ဖြူကျေးရွာအနီးမှာ ဒေသခံသုံးဦး ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူနှစ်ဦးကို သပိတ်ကျင်းမြို့နယ် ကုတင်၁၀၀ စစ်ဆေးရုံမှာ ခေါ်ယူကုသပေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ကားလမ်းတလျှောက် စဉ့်ကူးမြို့နယ်အတွင်း ပစ်ခတ်ခဲ့တာတွေကြောင့် ကျည်တောက်ပေါက် ကျေးရွာက နှစ်ဦးကျဆုံးခဲ့ပြီး […]

,

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်မှ ၁၄ ရက်အတွင်း အခြေအနေ

ယခုအပတ်အတွင်း ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများ အကျအရှုံးများခဲ့သည်။ သေဆုံး၊ ဒဏ်ရာရမှု များနှင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရမှုများ နေ့စဥ်များပြားနေသော်လည်း တာဝန်ယူ တာဝန်ခံခြင်းမရှိမှုက မြန်မာပြည်သူများ၏ဘဝကို မြဲမြံစွာ ချိတ်ဆွဲထားဆဲဖြစ်သည်။

,

စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ကြရန် UN အတွင်းရေးမှူးချုပ် တိုက်တွန်

By ဧရာဝတီ 16 March 2021 မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို အဆုံးသတ်သွားသည်အထိ လုပ်ဆောင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အတူတကွ စုပေါင်း၍သော်လည်းကောင်း၊ တနိုင်ငံချင်းစီအနေဖြင့်သော်လည်းကောင်း ကူညီဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် António Guterres က တိုက်တွန်းလိုက်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric မှ ထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာစစ်တပ်ကြောင့် နိုင်ငံအတွင်း အကြမ်းဖက်များ မြင့်တက်ဖြစ်ပွားနေခြင်းအတွက် များစွာတုန်လှုပ်စိတ်ပျက်မိပါသည်” ဟု ဖော်ပြပါရှိသည်။ ထို့အတူ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း ထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်တင်ပေးရန် […]