ကလေးသူငယ်တွေ သတ်ဖြတ်ခံရမှုကို UNICEF နဲ့ NUG လက်မခံ
စစ်တပ်က အာဏာသိမ်းပြီး သုံးလကျော်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးသူငယ်စုစုပေါင်း ၇၃ ဦးထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။ ဒီအရေအတွက်ဟာ ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ သတင်းတွေပေါ် အခြေခံပြီး ဒေသခံတွေနဲ့ မျက်မြင် တွေ့ရှိသူတွေ ပြောပြတဲ့ ခိုင်မာတဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းထားတဲ့ အရေအတွက် ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ ကလေးသူငယ်ဆိုတာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ့်သူတွေဖြစ်ပေမယ့် စစ်ကောင်စီက ကလေးသူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာဟာ ကြီးမာတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ် လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ “သာမန်အကြမ်းဖက်မှုတွေ ရှိနေသည့်တိုင်အောင်၊ အကြမ်းဖက်သည့်တိုင်အောင် ကလေးသူငယ်ဆိုတာက ဘယ်လိုကာလမျိုးဖြစ်ပါစေ ကာကွယ်ပေးရမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ကလေးတွေက နုနယ် […]