Entries by ndb14

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (၃၁ မေလ -၆ ဇွန်လ) ရက်နေ့ထိ

ဇွန်လ ၈ ရက် ၂၀၂၁ စစ်အာဏာသိမ်းခဲ့သည်မှာ ၄ လ ကြာခဲ့ပြီဖြစ်ပြီး မြန်မာစစ်အာဏာရှင်တို့ အပေါ် လိုအပ်သောအရေးယူမှုများ ပြုလုပ်ရန်နှင့် ပြည်သူလူထုအား အကူအညီများပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အရပ်သားပြည်သူများက ဆက်လက်တောင်းဆိုနေကြသည်။ စစ်ကောင်စီ၏ အာဏာရှင် စနစ်အုပ်ချုပ်ရေးကို ပြည်သူများ လက်ခံ သည်းခံမည်ဟုတ်ကြောင်းနှင့် အရပ်သားပြည်သူများကို ကာကွယ်ပေးရန်လိုအပ်ကြောင်း စစ်အာဏာပိုင်များ နားလည်သဘောပေါက်သင့်သည်။ စစ်တပ်၏ တာဝန်ယူ တာဝန်ခံမှုမရှိခြင်းသည် စစ်တပ်အား အပြစ်ကျူးလွန်သော်လည်း ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်စေသည့် ဓလေ့ကိုပို၍ အမြစ်တွယ်စေသည်။ အပြည့်အစုံကို အပတ်စဉ်နောက်ဆုံးအခြေအနေ ကျဉ်းချုပ်တွင်ရှုပါ။

NCA လက်မှတ်ရေးထိုးထားသော EAOS (၈) ဖွဲ့ မှ စစ်ကောင်စီနှင့် ဆွေးနွေးရေး အဆိုပြုမှုအပေါ် လေးနက်စွာဆင်ခြင်ရန် မြန်မာပြည်အရပ်ဘက်လူထုအဖွဲ့အစည်း ၁၉၁ ဖွဲ့မှ သတိပေး အိတ်ဖွင့်ပေးစာ

၂၀၂၁ ခုနှစ် မေလ  ၃၀ ရက် မေလ ၁၁ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် EAOs ၈ ဖွဲ့မှ လက်မှတ်ထိုးကာ NCA စာချုပ် ချုပ်ဆိုရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သည့် နိုင်ငံများ သို့မဟုတ် ပုဂ္ဂိုလ်များထံသို့ စစ်ကောင်စီနှင့် ကြားဝင်ညှိ နှိုင်းရန် ပေးပို့သောစာသည် တိုင်းပြည်၏ ရေရှည်ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကောင်းကျိုးထက် ဆိုးကျိူးကိုသာ ပိုမိုဦးတည်ဖြစ်ပေါ်လာစေမည်ကို လေးနက်စွာဆင်ခြင်ရန် မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများမှ  သတိပေး အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါသည်။ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရမှ စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် NCA သည် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာစစ်တပ်၏ လက်စွဲရင်နှစ်သည်းချာဖြစ်သော ဒို့တာဝန်အရေးသုံးပါးဆိုင်ရာ အခြေခံမူများကို ရှေးရှုလျက် စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် နိုင်ငံတကာ ၏ ဖိအားများမှ […]

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (မေလ ၂၄ -၃၀) ရက်နေ့ထိ

စစ်အာဏာသိမ်းမှုနှင့် ကူးစက်ရောဂါပြန့်ပွားမှုကြား တိုင်းရင်းသားဒေသရှိ ပဋိပက္ခများသည် အရပ်သားတို့၏ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေသောကြောင့် မြန်မာနိုင်ငံ၏ အခြေအနေသည် ပို၍ စိုးရိမ်ဖွယ်ရာကောင်းသော အခြေအနေတွင်ရှိနေသည်။ မည်သည့်အခက်အခဲမဆို ရင်ဆိုင်ကျော်လွှားနိုင်ခြင်းသည် ပြည်သူလူထု၏ ရဲစွမ်းသတ္တိရှိကြောင်းကို သက်သေပြနေသည်။ CBOs, HRDS, WHRDs တို့မှ အရေးပေါ်လိုအပ်လျက်ရှိသော လိုအပ်ချက်များကို လိုက်လံ ဖြည့်ဆည်းပေးလျက်ရှိသည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ အကျဥ်းချုပ်တွင်ကြည့်ရှု့နိုင်ပါသည်။

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (မေလ ၁၇ -၂၃) ရက်နေ့ထိ

တပ်မတော်မှ စစ်ဆင်မှုများ တိုးချဲ့နေသည့် ကယားပြည်နယ် လွိုင်ကော်တွင် အကြမ်းဖက်မှု များကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရစဥ်တွင် ချင်းပြည်နယ် မင်းတပ်တွင်လည်း တပ်မတော်မှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိမ့်မည်ဟု UEC မှ ပြောဆိုသည်။ စစ်တပ်မှ ကာချုပ် အငြိမ်းစားယူရမည့် သက်တမ်း ကို ပြင်ဆင်ခဲ့သည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ 2

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (မေလ ၁၀ -၁၆) ရက်နေ့ထိ

တရားမ၀င် စစ်အာဏာသိမ်းမှု ရက် ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။ အာဏာရှင်စနစ် အုပ်ချုပ်မှုသည် စိတ်ဓာတ်ပိုင်းဆိုင်ရာသာမက စီးပွားရေးပိုင်းဆိုင်ရာတွင်လည်း အားနည်းသောအုပ်ချုပ်ရေးစနစ်ကို ဖြစ်စေသောကြောင့် ပြည်သူလူထုသည်လည်း စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင် ခုခံနေကြသည်။ ဖမ်းဆီးထားသော ပြည်သူများ နှင့် သတင်းမီဒီယာသမားကို လွှတ်ပေးပါ။ အပြည်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ

ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ စစ်ကောင်စီအောက် “ကျွန်ပညာရေး” ကို ဆန့်ကျင်သပိတ်မှောက်

ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသားဟောင်းများနှင့် ကျောင်းသူ၊ ကျောင်းသားများသည် စစ်ကောင်စီအောက် “ကျွန်ပညာရေး “ကို ဆန့်ကျင်သပိတ်မှောက်ကြသည်။ ပြည်သူများ ဆက်လက်ဆန့်ကျင် ဆန္ဒပြနေဆဲဖြစ်ပြီး စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ထင်ရှားသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ အကျဥ်းချုပ် ပြုစုထားခြင်းဖြစ်သည်။

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (မေလ ၃ -၉) ရက်နေ့ထိ

ပညာရေး ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီ၏ ကျောင်းပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်မှုများကို တုန်လှုပ်ခြင်းမရှိဘဲ “စစ်ကျွန်ပညာရေး”ကို ဆန့်ကျင် သပိတ်မှောက်ကြသည်။ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုကြား တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားဒေသများတွင် တင်းမာမှုများတိုးလျှက်ရှိပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း အပြင်းအထန် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။အပြည်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဧပြီ ၂၂ – မေ ၂) ရက်နေ့ထိ

လူထုစွမ်းအားကြောင့် ဆန့်ကျင်ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွဲနေသော တပ်မတော်ကို ဆက်လက်အားနည်းစေသည်။ အကြမ်းဖက်ဖြိုခွဲမှုများ၊ ညသန်းခေါင် ဖမ်းဆီးမှုများ နှင့် အာဏာဖီဆန်လှုပ်ရှားမှုကို စည်းရုံးလှုံ့ဆော်နေသူများအား ပစ်မှတ်ထားနေသော်လည်း ပြည်သူလူထုသည် ရင်ဆိုင်ကျော်လွှားနေသည်။ တစ်ချိန်ထဲမှာပင် တိုင်းရင်းသားဒေသရှိ စစ်ရေးပဋိပက္ခများကြောင့် အရေးပေါ်အကူအညီများ လိုအပ်လျှက်ရှိသည်။အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဧပြီ ၁၉ -၂၅) ရက်နေ့ထိ

အမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လူငယ်များသည် အာဏာဖီဆန်လှုပ်ရှားမှုကြောင့် နေ့စဥ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ ပစ်တင်ရှုတ်ချမှုသည် တပ်မတော်မှ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်နေမှုများကို မရပ်တန့်စေနိုင်ပါ။ အာဆီယံ အစည်းအ၀ေးကျင်းပနေချိန်တွင် အရပ်သားပြည်သူများသည် လမ်းမပေါ်တွင် ဆက်လက် သတ်ဖြတ်ခံခဲ့ရသည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ

,

ယင်းမာပင်မြို့နယ်တိုက်ပွဲအတွင်း ပြည်သူ ၅ ဦးကျဆုံး

စစ်ကောင်စီလက်နက်ကိုင်များနှင့် တိုက်ပွဲအတွင်း ကပိုင်ရွာသား ၂ ဦး၊ သီးကုန်းရွာသား ၂ ဦးနှင့် ကြိုပင် ရွာသား ၁ ဦးတို့ ကျဆုံးခဲ့သည်ဟု သိရသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ယမန်နေ့ (ဧပြီ ၂၀) က စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံ ၅ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက တပ်စွဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့ညပိုင်းတွင် သတင်းများထွက်ပေါ်နေသော်လည်း တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်သူများ၏ အဆိုအရ ၅ ဦးသာ ကျဆုံးသည်ဟု လူမှုကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။ “၁၀ ယောက်ကျတယ်ဆိုတဲ့ သတင်းမှားတယ်။ ကျွန်တော်တို့က ခေါင်းဆောင်တွေနဲ့ ချိတ်ပြီး ပြောနေတာပါ” […]