ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ
စစ်ဖြစ်နေသော မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာစဉ် လူအပြည့်အကျပ်တင်ဆောင်ထားသည့် လှေနစ်မြုပ်ပြီး သေဆုံးသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦး၏ အလောင်းများကို ပြန်လည်ရရှိထားကြောင်း ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။ လူထောင်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားစဉ် ပြင်းထန်သော ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် အခြားဒုက္ခသည်များက သွေးချောင်းစီးသည့် လွန်စွာတုန်လှုပ်ဖွယ် မြင်ကွင်းများကို ပြောကြားကြသည်။ ထိုလှေသည် အင်္ဂါနေ့တွင် နစ်မြုပ်ခြင်းဖြစ်ပြီး ထိုစဉ်က ကလေးငယ်များအပါအဝင် လူ ၁၀ ဦး၏ အလောင်းများကို ကနဦး ပြန်လည် ရရှိသည်။ သို့သော် ထိုနောက်ပိုင်းတွင် နောက်ထပ်အလောင်းများ ကမ်းခြေသို့ မျောပါလာပြီး စုစုပေါင်းသေဆုံးသူ ၃၄ ဦးအထိ ရှိလာသည်။ ထိုဒုက္ခသည် အုပ်စုသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျေးရွာများမှ ထွက်ပြေးလာပြီး […]