Entries by ndb14

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် (ဇူလိုင် ၁၂-၁၈) ၂၀၂၁

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာပြည်သူတို့ဘ၀ကို ဆိုး၀ါးစွာထိခိုက်စေမှုသည် အကြမ်းဖက်စစ်ကောင်စီ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုနှင့် ပြည်သူအား ကာကွယ်လိုစိတ်မရှိကြောင်းကို ဆက်လက်သက်သေပြနေသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ ဆေး၀ါးနှင့် ပစ္စည်းများ ပိတ်ပင်ထားဆီးခံနေရပြီး ကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေသည်။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ဆေး၀ါးပစ္စည်းများကို လက်၀ါးကြီးအုပ် ထိန်းချုပ်သိုလှောင်ပြီး မိမိ၏ကိုယ်ကျိုးအတွက်သာ စိတ်၀င်စားသည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

ကိုဗစ်လူနာဟန်ဆောင်၍ CDM ဆရာဝန်များကိုဖမ်းဆီ

ကိုဗစ်နိုင်တင်း ကာကွယ်၊ ကုသရေးလုပ်ဆောင်နေသည့်အဖွဲ့ကို ထောင်ချောက်ဆင်၍ နေရာတစ်ခုသို့ ဖုန်းဆက်ချိန်းဆိုကာ စစ်ကောင်စီက ဖမ်းခဲ့ခြင်းဖြစ်သည် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ယနေ့ (ဇူလိုင် ၁၉) နံနက်ပိုင်းက Covid 19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုအဖွဲ့ဝင်အချို့ကို စစ်ကောင်စီက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး အဖွဲ့ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။ ယနေ့ နံနက် ၁၀ နာရီခန့်က ကိုဗစ်သံသယ အရေးပေါ်လူနာရှိသည်ဟု ဖုန်းဆက်သဖြင့် အဆိုပါအဖွဲ့၏ မြေပြင်ကုသရေးဆရာဝန်သုံးဦး (အမျိုးသား) နှင့် ယာဉ်မောင်းဖြစ်သူတို့ လူနာတင်ယာဉ်တစ်စီးဖြင့် ချိန်းဆိုသည့် တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်ခဲ့ရာတွင် ထိုသို့ဖမ်းခံရခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။ “ဟိုရောက်လည်းရောက်ရော ၂ လွှာအိမ် အပေါ်ထပ်ကို ခေါ်တယ်။ ယာဉ်မောင်းကတော့ ကားနဲ့ အောက်မှာ စောင့်နေတယ်။ အပေါ်ဆုံးထပ်လည်းရောက်ရော တံခါးတွေအကုန်ပိတ်လိုက်တယ်။ […]

အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ရန်ကုန်တွင် ကိုဗစ်လူနာ သေဆုံးမှုမြင့်တက်နေ

ဆေးရုံဆေးခန်းများတွင် လူနာပြည့်နက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ ဆိုးရွားနေသည်ဟု စစ်ကောင်စီက ၀န်ခံသော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟုဆိုသည်  စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရချိန်တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ထပ်မံဖြစ်ပွားလာရာ ရန်ကုန်မြို့တော်တွင် ကိုဗစ်ကြောင့် သေဆုံးမှုမြင့်တက်နေပြီး အဓိကအားဖြင့် အောက်ဆီဂျင်ပြတ်တောက်မှုကြောင့်ဖြစ်သည်ဟု လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါးနှင့် ဆက်စပ်အထောက်အပံ့ပစ္စည်းလိုအပ်ချက် မြင့်တက်လျက်ရှိကာ လူမှုကွန်ရက်ပေါ်၌ အရေးပေါ်ဆောက်ဆီဂျင်ရရှိရေး အကူအညီတောင်းခံသူများ၊ အောက်ဆီဂျင်ရရှိရန် တန်းစီစောင့်ဆိုင်းနေသူများနှင့် ကိုဗစ်ဖြင့်သေဆုံးရသော မိသားစုဝင်များအကြောင်း ရေးတင်နေသူများလည်း တွေ့ရှိရသည်။ ဆေးရုံဆေးခန်းများတွင် လူနာများနှင့် ပြည့်နှက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်နေသည်ဟု ယနေ့ (ဇူလိုင် ၁၂) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဝန်ခံပြောကြားခဲ့သော်လည်း ဆေးစစ်မှုတိုးမြှင့်ရန် မရှိဟုဆိုသည်။ “ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း […]

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက်(ဇူလိုင် ၅-၁၁)၂၀၂၁

အာဏာသိမ်းပဋိပက္ခကာလတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု နေ့စဥ်မြင့်တက်လာနေသည်။ မြန်မာပြည်တွင် အာဏာသိမ်း စစ်ကောင်စီ ၏ စစ်အင်အားတိုးချဲ့မှုသည် တိုင်းပြည်၏အခြအနေ အရပ်ရပ်ကို ပို၍ ဆိုး၀ါးစေသည်။ ကျန်းမာရေး၀န်ထမ်းများသည် ပစ်မှတ်ထားခံနေရပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လူနာထောင်ပေါင်းများစွာကို မျှော်လင့်ချက်မဲ့စေသည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက်(ဇွန် ၂၈ မှ ဇူလိုင် ၄) ၂၀၂၁

စစ်ဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသော ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု အရှိန်သည် လျော့နည်းသွားခြင်းမရှိပါ။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူများ အတွက် အကူအညီများပေးရန် နှင့် စစ်ကောင်စီမှ ကျူးလွန်သော ရာဇ၀တ်များအတွက် ပို၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြသည်။ အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်ရမည်။ အပတ်စဉ်နောက်ဆုံးအခြေအနေ ကျဉ်းချုပ်တွင်ရှုပါ။

ယာဉ်ထိန်းရဲ အသတ်ခံရမှုဖြင့် ဖမ်းခံရသည့်မိသားစုတွင် ၁၅ နှစ်သား ပါဝင်

အသတ်ခံရသည့် ယာဉ်ထိန်းရဲအိမ်ဘေးမှ ၁၅ နှစ်သားနှင့် အိမ်သား ၅ ဦး အဖမ်းခံနေရပြီး ကျန်မိသားစု၀င်များ အဖမ်းခံရန်လည်း ရဲက ဖိအားပေးနေသည်ဟု ဆိုသည် မန္တလေးတိုင်း၊ မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရပြီး နာရီပိုင်းအတွင်း သူ၏ အိမ်နီးချင်းမိသားစုတစ်စုမှ ၆ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းသွားရာတွင် ထိုအထဲတွင် အသက်မပြည့်သေးသူတစ်ဦး ပါဝင်နေသည်။ ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးခံရသူများအနက် ကိုရဲသူရဇော်မှာ အသက် ၁၅ နှစ်သာရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး ဖမ်းဆီးခံနေရခြင်း ဖြစ်သည်။ ထိုကလေး မြင်းခြံရဲစခန်းတွင် ထိန်းသိမ်းခံနေရပြီး ကျန်  ၅ ဦးမှာ မြင်းခြံထောင်တွင် ရှိနေသည်ဟု ဆိုသည်။ “အာမခံနဲ့လာထုတ်ဆိုပြီး ရဲစခန်းက လှမ်းဖုန်းဆက်တာ။ (ဇွန် […]

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဇွန်လ ၂၀ -၂၇) ရက်နေ့ထိ

အာဏာသိမ်းစစ်ကောင်စီစည် အရပ်သားပြည်သူများကို အကြောင်းမဲ့ ပရမ်းပတာပစ်ခတ်ခြင်းနှင့် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ  မတရားဖမ်းဆီးချုပ်နှောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင် နေသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ပဋိပက္ခများ တိုးလာသောကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် ကြရသည်။ အကူအညီများလိုအပ်လျက်ရှိပြီး  အထိခိုက်လွယ်ဆုံးသောသူများကို ကာကွယ်ပေးရန် လိုအပ်သည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

,

ကမာရွတ်မီဒီယာ နေသန်မောင်နဲ့ စကားပြောခြင်း

စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဘယ်လို ပြောင်းလဲသွားလဲ။ လူသားဆန်တဲ့ သတင်းစာပညာရဲ့ ရပ်တည်မှု မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဘယ်လောက်အထိအရေးပါသလဲ။ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ စံနှုန်းဖြစ်တဲ့ လူ့အခွင့်အရေးသတင်းစာပညာဆိုတာ ဘာလဲ။ အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ-အမေရိကန်သတင်းသမား နေသန်မောင်ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုနေသန်မောင်ဟာ စစ်တပ်ရဲ့ အပြင်းအထန်ညှင်းပန်းနှိပ်စက်မှုခံခဲ့ရပြီး အင်းစိန်ထောင်မှာ သုံးလ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာသူဖြစ်ပါတယ်။

စစ်ကောင်စီကို ICC တွင် တရားစွဲမည်ဟု NUG တရားရေးဝန်ကြီးပြော

Crime Against Humanity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ Crime Against Humanity၊ စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့သက်သေတွေရှိနေပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက်ကတော့ ပိုပြီးခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။ ICC ကို အမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးက ပြောပါတယ်။ “စစ်တပ်က အရင်က ကျူးလွန်တဲ့ပြစ်မှုတွေကိုပါ ပူးတွဲတင်သွားဖို့ရှိပါတယ်။ စစ်တပ်က ကျူးလွန်ပြီး အရေးမယူနိုင်ခဲ့တဲ့ အမှုတွေကိုပါ ပူးတွဲတင်သွားမှာ ဖြစ်ပါတယ်။” အာဏာသိမ်းပြီးနောက်ပိုင်း […]

,

ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ် (မြန်မာပြည်ထဲက ညှဉ်းပန်းနှိပ်စက်မှုများ)

မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ AJAR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပိုင်း ၅ ပိုင်းပါသော ရုပ်သံမှတ်တမ်း