Entries by ndb14

,

ကနီဒေသ တဝိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားပြည်သူ အများစု မှာ စစ်အုပ်စု၏ နယ်မြေရှင်းလင်းရေးမူဝါဒအောက်တွင် မတရား ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ တရားမဲ့ သတ်ဖြတ် ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ အတင်းအကြပ် နေရာရွှေ့ပြောင်းခံရခြင်း စသည်များကို ခံစားနေရကြရသည်။ ထိုအခြေအနေများကို နိုင်ငံတဝှမ်းရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အစဉ်တစိုက် ထောက်ပြခဲ့ပြီး စစ်အုပ်စုအားအရေး ယူရန် တိုက်တွန်းချက်များ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂမှလည်း အချက်အလက်ရှာဖွေရေးအဖွဲ့ကို (၂၀၁၈) တွင် ဖွဲ့စည်းပြီး စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းမှတ်တမ်းတင်သည်အထိ ဆောင် ရွက်မှုများရှိနေသည်။ သို့သော် စစ်အုပ်စုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်သည်မရှိဘဲ စစ်ရာဇ ဝတ်မှုနှင့် လူသားဖြစ်တည်မှုကို […]

မင်းကင်းမြို့တွင် အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်

ကွမ်းဝါးနေသော အမျိုးသားတစ်ဦးကို နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် လူလယ်ကောင်တွင် နားထင်ကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူက ဆိုသည်  စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်း၌ အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်ခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူနှင့် မင်းကင်းဒေသခံများထံမှ သိရသည်။ ချင်းတွင်းမြစ်ပေါ်ရှိ မင်းကင်းမြို့တွင် မုံရွာ − မင်းကင်း ပြေးဆွဲသည့် အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်း၌ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခံရမှုကြောင့် ဆိပ်ကမ်းအုတ်ခုံပေါ် ထိုင်နေသူ အသက် ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့် ပွဲချင်းပြီးသေဆုံးပြီး အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်။ ကိုဇော်မျိုးမြင့် ဆိပ်ကမ်းအုတ်ခုံပေါ်ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု […]

အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ရဲ့ ကိုဗစ်အကြောင်းပြ အပြင်ထွက်ခွင့် ကန့်သတ်မှု မန္တလေးမြို့လူထု မကျေနပ်

မဇ္ဈိမ၊ဩဂုတ်-၁၇ အာဏာသိမ်း အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ရဲ့ ကိုဗစ်အကြောင်းပြ သွားလာခွင့် ကန့်သတ်ထားတာဟာ လူထုကို အခက်အခဲ အကြပ်အတည်းတွေ ဖြစ်စေတယ်လို့ မန္တလေးမြို့ခံ သမိုင်းသုတေသီ ဦးအောင်ကျော်မိုး(ပန်းပျိုးလက်)ကမဇ္ဈိမကိုပြောပါတယ်။ “အခုက ပေးတဲ့အချိန်ကတိုတယ်။ဘာလုပ်စားကြမလဲ။စဥ္းစားလုပ်လို့ ​ပြောရအောင်ကလည်း စဥ္းစားမယ့်ကောင်တွေမဟုတ်ဘူး။မစဥ်းစားလို့ ဒီအခြေအနေဖြစ်နေတာလေ။”လို့ ဦးအောင်ကျော်မိုး(ပန်းပျိုးလက်)ပြောပါတယ်။ အခုဆိုရင် မန္တလေးမြို့တွင်းကို အလုပ်လာလုပ်တဲ့သူတွေ စျေးရောင်း စျေးဝယ်ပြုတဲ့တွေလည်း အလုပ်မသွားရတာ စျေးရောင်း စျေးဝယ် မလုပ်ရတာတွေကြောင့် စားဝတ်နေရေးပါခက်လာတယ်လို့ ဆိုကြပါတယ်။ “ကျွန်မတို့က ပုသိမ်ကြီးဘက်က စျေးလာရောင်းရတာ အခု ၉နာရီဆိုတော့ စျေးဗန်းရွက် ပြန်ရုံပဲ။ရောက်ပြန်ပဲ။ကလေးတွေနဲ့ ဘာသွားစားမလဲ။”လို့ ကုန်စိမ်းသည် မသိတာအေးကပြောပါတယ်။ “ကျွန်တော်တို့အဖွဲ့က ပန်းရံလုပ်သားတွေ အသွားက ပြဿနာမရှိပေမယ့် အပြန်က ပြဿနာဗျာ။၅နာရီအလုပ်သိမ်းတယ်။တောင်ပြုန်းအထိပြန်ရမှာ ၅နာရီခွဲကိုပဲ သူတို့ပိတ်စစ်နေတယ်။မနေ့ က ဒဏ်ငွေ ၅၀၀၀ ရိုက်တယ်။လုပ်အားခက ၈၀၀၀ရတယ်။”လို့ တောင်းပြန်းရွာက […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် သြဂုတ် ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ

ကြောက်ရွံ့မှုထက် အမှန်တရားကိုရွေးချယ်ခဲ့သည့် လူငယ် ၅ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတပ် ၀င်ရောက်စီးနင်းဖမ်းဆီးချိန်တွင် တိုက်ပေါ်မှ ခုန်ချသွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် မိသားစု၀င်များ၏ ဆန္ဒမပါ၀င်ဘဲ မီးသင်္ဂြိုဟ် ခဲ့ကြသည်။ သေဆုံးသူများ၏ အရိုးပြာကိုလည်း မိသားစု၀င်များ ကောက်ခွင့်မရခဲ့ပါ။ ဤကြေကွဲ၀မ်းနည်းဖွယ် ကောင်းသော ဖြစ်ရပ်သည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကို လိုလားသူများအား ၀မ်းနည်းကြေကွဲ စေခဲ့ပြီး အသက်စွန့်ခဲ့သောလူငယ်များအတွက် အနုပညာဖြင့် အမျိုးမျိုးပုံဖော်ကာ ဂုဏ်ပြုခဲ့ကြသည်။ ထိုအဖြစ်အပျက်သည် အာဏာသိမ်းစစ်ကောင်စီ၏ ဆိုးကျိုးကို သိသာမြင်သာစေပြီး လူငယ်များသည် ၎င်းတို့၏ လွတ်လပ်မှုအတွက် ဘာမဆို စွန့်စားပေးဆပ် လိုကြောင်း လူငယ်မျိုးဆက်သစ်တို့အား အထင်ကြီးစေသည့် အမွေကိုပေးခဲ့သည်။ သူတို့ ငြိမ်းချမ်းစွာနဲ့ အနားယူနိုင်ပါစေ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener မှ မြန်မာနိုင်ငံတွင် အထူးသဖြင့် […]

မန္တလေး ဆန္ဒပြလူငယ်ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

အိမ်သုံးကားများပေါ်မှ အရပ်ဝတ် စစ်ကောင်စီတပ်သားများက မန္တလေးတက္ကသိုလ်အနီးလမ်းမပေါ်တွင် ကိုကျော်သီဟကို သေနတ်ဖြင့်ချိန်၊ ရိုက်နှက်ပြီး ဖမ်းခေါ်သွားသည် စစ်အာဏာရှင်ကို အစဉ်တစိုက် ဆန့်ကျင်လာသော မန္တလေးဆန္ဒပြအင်အားစု (တပ်ပေါင်းစု) ဆန္ဒပြစစ်ကြောင်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်သီဟသည် ယနေ့ ဩဂုတ်(၁၆)ညနေ ၅ နာရီခန့်က မန္တလေးတက္ကသိုလ်အနီးလမ်းမပေါ်တွင် ဖမ်းဆီးခံရကြောင်း သိရှိရသည်။ အိမ်သုံးကားဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သားအရပ်ဝတ်များက ဆိုင်ကယ်မောင်းနေသူ အသက်(၂၀)ကျော်အရွယ် ကိုကျော်သီဟကို ရပ်တန့်စေပြီး ဝိုင်းဝန်းထိုးကြိတ်ကာ သေနတ်များဖြင့် ချိန်ရွယ် ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ ၎င်းနေထိုင်ခဲ့သည့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ် နေအိမ်သို့ စစ်ကောင်စီ တပ်သား ၂၀ ကျော်က ည ၈ နာရီခန့်၌ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်ဟု အတူနေ သူငယ်ချင်းဖြစ်သူ တပ်ပေါင်းစုဆန္ဒပြခေါင်းဆောင် ကိုသူရအောင်ထံမှ သိရသည်။ “အခု ကျွန်တော်တို့အတူနေတဲ့ အိမ်ကိုပါ ဝင်စီးတယ်၊အားလုံးထွက်ပြေးနေရတယ်” ဟု […]

မြင်းခြံမှအကျဉ်းသားသေဆုံးမှု ကိုဗစ်ကြောင့်မဖြစ်နိုင်ဟု မိသားစုပြော

စစ်ကောင်စီတပ်က ဖမ်းဆီးထားသူကို မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားသလို သေဆုံးသွားသည့်အခါတွင်လည်း ရုပ်အလောင်းကို အနီးကပ်ကြည့်ခွင့် မပြုခဲ့ပေ  စစ်ကောင်စီတပ်ဖွဲ့က တစ်လကြာ ဖမ်းဆီးထားသော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျွဲခြံရွာသား ၅၅ နှစ်အရွယ် ဦးမောင်ဌေးသည် ယနေ့(ဩဂုတ် ၉) နံနက်ပိုင်းက မြင်းခြံထောင်တွင်း သေဆုံးသွားသည်။ နှလုံးနှင့်ပတ်သက်သည့် ရောဂါကြောင့် သေဆုံးသည်ဟု မြင်းခြံအကျဉ်းထောင်က ယနေ့ မနက် ၈ နာရီတွင် ဖုန်းဖြင့် ဖြေကြားကြောင်း၊ မြင်းခြံပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ရုပ်အလောင်းပို့ထားစဉ် ထောင်ဝန်ထမ်းများက ကိုဗစ်အကြောင်းပြပြီး အခန်းအပြင်ဘက်မှသာ ကြည့်ခွင့်ပြုကြောင်း  သေဆုံးသူ၏ သမီးက ပြောသည်။ ရင်ခွဲရုံထဲသို့ ဝင်ရောက်သည့် ဆရာဝန်များ၊ အကျဉ်းထောင်အရာရှိများ၊ နာရေးအသင်းများမှာ ကူးစက်ရောဂါအကာအကွယ်ဝတ်စုံ(PPE) မဝတ်ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ကျွန်မတို့ကို စောစောစီးစီး ကြိုအကြောင်းကြားသင့်တာပေါ့လို့။ အရင်နေ့ကတည်းက ဆေးရုံတင်ခွင့်ရရင် ဒီရောဂါ သေရမယ့် ရောဂါမဟုတ်ဘူးလို့ အဲလို […]

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် (သြဂုတ်လ ၂-၈)၂၀၂၁

မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ တရားမဝင်စစ်အာဏာသိမ်းမှုကို ငြင်းပယ်နေကြသည်။ တရားဝင်အစိုးရဖြစ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ လှည့်စားနိုင်ခြင်း မရှိခဲ့ပါ။ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့တွင် ဒီမိုကရေစီရေးအတွက်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဉ်းချုပ်တွင်ရှုပါ။  

စစ်ဖြစ်နေသည့် ကယားဒေသမှ စစ်ရှောင်များ အကူအညီလိုအပ်

ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာနေရသည့် ကယားပြည်နယ်တွင် လက်နက်ကိုင်အံတုသူတို့ကို ရင်ဆိုင်ရန် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်  ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်အရှိန်မြင့်လာသောကြောင့် ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဒေသခံ တစ်သိန်းဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာနေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီသူတို့က ပြောသည်။ ဇူလိုင်လအတွင်း တိုက်ပွဲအနည်းငယ်သာဖြစ်ပွားခဲ့ပြီး နေရပ်ပြန်သူတချို့ ရှိကြသော်လည်း ဩဂုတ်လဆန်းမှ စတင်ကာ တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာ၍ ထောင်နှင့်ချီသည့် ဒေသခံများ ထပ်မံစစ်ရှောင်ရသည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကရင်နီတပ်တော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့သည် စစ်ကောင်စီတပ်နှင့် လွိုင်ကော်၊ ဖရူဆို၊ ဘော်လခဲ၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ ၆ ကြိမ် ထက်မနည်းဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့သည်ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဩဂုတ် ၃ တစ်ရက်တည်းတွင် […]

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ကို စစ်ကောင်စီ ပြန်လွှတ်ပေး

ကိုဗစ်ဒဏ်ကြောင့် ကျန်းမာရေးဝန်ထမ်း အများအပြားလိုအပ်နေချိန်တွင် ပုသိမ်ဆေးရုံအုပ်ကြီးသည် ပုသိမ်ထောင်တွင် ၅ လနီးပါး ချုပ်နှောင်ခံရပြီးနောက် ပြန်လွတ်လာသည်  ပုဒ်မ ၅၀၅-က ဖြင့် ချုပ်နှောင်အမှုရင်ဆိုင်နေရသော ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို ယနေ့ (ဩဂုတ်၂) တွင် အမှုပိတ်သိမ်းပြီး ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ကို ယနေ့ ၂၀၂၁ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီခန့်က ပုသိမ်မှာ အမှုပိတ်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ၎င်း၏ ညီဖြစ်သူက ယနေ့ မွန်းလွဲပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားထားသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်သည် ဖေဖော်ဝါရီ ၅ တွင် အာဏာဖီဆန်သည့်လှုပ်ရှားမှု CDM […]

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် (ဇူလိုင် ၂၆-သြဂုတ် ၁) ၂၀၂၁

စစ်အာဏာသိမ်းခြောက်လအကြာ၌ မြန်မာနိုင်ငံ၏အခြေအနေ အရပ်ရပ်သည် လျင်မြန်စွာ နိမ့်ကျသွားခဲ့သည်။ သို့သော်လည်း မြန်မာပြည်သူတို့၏ ခံနိုင်ရည်စွမ်းအားသည် မလျော့တမ်းပင်ဖြစ်သည်။ ရေကြီးရေလျှံမှုများ၊ ကိုဗစ်ကူးစက်ကပ်ရောဂါနှင့် ပြည်တွင်းပဋိပက္ခများကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ပြန်လည်အားစိုက် တိုက်တွန်းတောင်းဆိုနေကြသည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဉ်းချုပ်တွင်ရှုပါ။