Entries by ndb14

တောင်တွင်းကြီးတွင် ညီအကိုနှစ်ဦးကို စစ်တပ်က ပစ်သတ်

တောင်လျှောင်းရွာနှင့် မနီးမဝေးရှိ Mytel တာဝါတိုင် ဖျက်ဆီးခံရပြီးနောက် ရောက်လာသည့် စစ်သားများက နှစ်ဦးကို ပစ်သတ်ပြီး လေးဦးကို ဖမ်းသွားသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် တောင်လျှောင်းရွာကို ယမန်နေ့(စက်တင်ဘာ ၁၂)တွင် စစ်တပ်က ဝင်စီးခဲ့ပြီး ညီအစ်ကိုနှစ်ဦးကို ပစ်သတ်ကာ လေးဦးကို ဖမ်းသွားသည်။ ယမန်နေ့ နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ကုက္ကိုလ်ကုန်းရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မွန်းလွဲပိုင်းတွင် ၇ မိုင်ခန့်အကွာရှိ တောင်လျှောင်းရွာကို စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း မျက်မြင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ “ရွာထဲက ဒလန်ရဲ့သတင်းပေးမှုကြောင့် သူတို့က အတိအကျနဲ့လာတာ။ လာတော့လည်း စစ်ကားတွေနဲ့ လာတာမဟုတ်ဘူး။ ခြံ(တစ်ခြံ)ထဲမှာ လူငယ်တွေစုပြီးနေတဲ့နေရာကို နေ့ခင်း ၁ နာရီထိုးလောက်လာတာ။ ကလေးတွေအကုန်လုံးကို ဝိုင်းမိသွားတာ။ တစ်ယောက်ကို မပြေးနိုင်အောင် ပေါင်ကို ဟိုဘက်ဒီဘက် […]

ရဲစခန်းဝင်စီးခံရသည့် မြောင်မြို့နယ် ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့

ပြည်သူ့တော်လှန်ရေး စတင်ကြောင်း NUG က ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်း ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ တွင် ကျောက်ရစ်ရဲစခန်းကို ဒေသခံ PDF အဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည်  စစ်ကိုင်းတိုင်း မြောင်မြို့နယ်တောင်ပိုင်းရှိ ကျောက်ရစ်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၁၂) တွင် မီးရှို့ခဲ့ပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသူများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်နှင့် ဒေသခံတစ်ဦးက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေစဉ် အိမ်ခြေ ၃၀၀ ရှိ ကျောက်ရစ်ရွာကို စစ်တပ်က […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် (သြဂုတ် ၃၀ မှ စက်တင်ဘာ ၅ ရက်နေ့ထိ)၂၀၂၁

အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများသည် စစ်ကောင်စီအပေါ် သစ္စာခံမှုကိုစွန့်ခွာပြီး ပြည်သူနှင့် အတူရပ်တည်ရန် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဗိုလ်မှူးကြီးအဆင့် အပါအ၀င် ခန့်မှန်းခြေတပ်သား ၂၀၀၀ ခန့်သည် တပ်မတော်ကို စွန့်ခွာခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှလည်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူများကို အကာအကွယ်ပေးမည်ဟု ထုတ်ပြန်ကမ်းလှမ်းခဲ့သည်။ စစ်ကောင်စီလက်အောက်မှ ထွက်ပြေးလာသောတပ်သားများသည် လူသတ်သည့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်နွယ်ရသည်ကို အရှက်ရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တပ်မတော်၏ အင်အားတစ်ခုလုံးနှင့် နိုင်းယှဥ်လျှင် ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းလာသည့်အရေအတွက်မှာ နည်းသော်လည်း ၎င်းသည် တိုင်းပြည်၏ လက်နက်ကိုင်တော်လှန်မှုတွင် အစဉ်အလာသစ်ဖြစ်သောကြောင့် သိသာထင်ရှားသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစာနယ်ဇင်းအပေါ် နောက်ဆက်တွဲ တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုင်ခွင့်ကို အားလျော့စေသည်။ Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fenster […]

စစ်ကောင်စီတပ်ရိုက်နှက်ဖမ်းဆီးသွားသော လူငယ် နာရီပိုင်းအတွင်းသေဆုံး

ပြည်မြို့တွင် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ လူငယ်နှစ်ဦး အနက် တစ်ဦးမှာ နာရီအနည်းငယ်အတွင်းမှာပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများအပြောအရသိရသည်။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျောင်းကြီးအိုးတန်းရပ်ကွက် ရုံးလမ်းတွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုဇော်လင်းထက်နှင့် သူ၏ဝမ်းကွဲညီဖြစ်သူ အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုး (ခ) အငဲကို စစ်တပ်က ညနေ ၃ နာရီခန့်က ဖမ်းဆီးရာတွင် တူဖြင့်ဦးခေါင်းကိုရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ရိုက်ခြင်းတို့ပါ လုပ်ခဲ့သည်။ ည ၇နာရီအချိန်တွင် စစ်တပ်မှထပ်မံရောက်ရှိလာပြီးနောက် ကိုဇော်လင်းထက် မှာ ရိုက်နှက်ခံရသောဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ တပ်မတော်ဆေးရုံ ကုတင် ၁၀၀ တွင်သေဆုံးသွားကြောင်း မိဘများကို အသိပေးကြောင်း ရပ်ကွက် နေသူများကပြောသည်။ ရပ်ကွက်နေသူတစ်ဦးက လူငယ်နှစ်ယောက်ကို ဖမ်းဆီးပုံနှင့်ပတ်သက်၍ “သူတို့က နံမည်တပ်ပြီး မေးတာ။ အဲ့ကောင်လေးကို […]

မန္တလေးတွင် စစ်သားများပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ဗုံးပစ်ခဲ့သည်ဟူသော ဆိုင်ကယ်သမားတို့ကို စစ်သားများက ပစ်ခတ်ရာ သုံးဘီးဆိုင်ကယ်မောင်းသူ ထိမှန်သွားသည်ဟု ဆိုသည် ယနေ့ (ဩဂုတ် ၃၀) ညနေပိုင်း မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ဦးပွားဂုံးကျော်တံတားအနီး ရှိနေသည့် စစ်သားများက ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်အနီးတွင် ရှိနေခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးပစ်သွားသည့် ဆိုင်ကယ်သမား နှစ်ဦးကို စစ်သားများက ပစ်ခတ်ရာမှ ထိုအမှုဖြစ်ပွားသည်ဟု ကြားသိရကြောင်း ဒေါ်ဦးက ပြောသည်။ “အစက ဘာလို့ သေနတ်ပစ်လဲ မသိရဘူး။ နောက်တော့မှ သူတို့ (စစ်တပ်) တပ်စွဲထားတဲ့နေရာကို ဗုံးလာပစ်တဲ့သူကို လိုက်ပစ်တာလို့ သိရတယ်။ သူတို့ပစ်တာက တံတားအောက်မှာ သုံးဘီးဆိုက်တွဲမောင်းတဲ့ ဦးလေးကြီးကို ထိသွားတယ်၊ လေးချက်လောက်ပစ်တာ ကြားရတယ်၊ ဗုံးကတော့ ပေါက်သံမကြားဘူး။ သေနတ်မှန်တဲ့ဦးလေးကို လူနာတင်ကားနဲ့ ဆေးရုံပို့ပေမဲ့ ဆုံးသွားတယ်၊ အခုတော့ သူ့အိမ်ကို (အလောင်း)ပြန်ရောက်နေပြီ” […]

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် သြဂုတ်လ (၂၃-၂၉) ၂၀၂၁

တရားမ၀င် စစ်အာဏာသိမ်းသည့် အချိန်မှစ၍ ၇ လတာအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် ဆက်လက် ယိုယွင်းနေသည်။ တက်ကြွလှုပ်ရှားသူများနှင့် သတင်းစာနယ်ဇင်းသမားများသည် အကြမ်းဖက်သည့် နည်းဗျူဟာများနှင့် မတရားဖမ်းဆီးခံရခြင်း စသည့် နည်းများဖြင့် ဖိနှိပ်ခံနေရသည်။ စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော်သေဆုံးခဲ့ရသည်။ ပဋိပက္ခနှင့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေသော်လည်း အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားဒေသများဖြစ်သော ကရင်၊ ကချင် နှင့် ကယားပြည်နယ်တို့တွင် စစ်အင်အားတိုးချဲ့လျက်ရှိသည်။ တိုက်ပွဲများသည် နေရပ်စွန့်ထွက်ပြေးနေရသော အရပ်သားပြည်သူများအား ပို၍ ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ လျှပ်တပြတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် သြဂုတ်လ ၁၆ ရက်နေ့တွင်  ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၁၈၉,၀၀၀ ရှိသည်။ တိုင်းပြည်၏ […]

ရိုဟင်ဂျာတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ရန် မြန်မာ CSO များက တောင်းဆိုခြင်း

ရိုဟင်ဂျာတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ရန် မြန်မာ CSO များက တောင်းဆိုခြင်း [၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့] ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ (CSO) ၄၃ ဖွဲ့က ကတိပြုလိုက်သည်။ ဤပူးတွဲထုတ်ပြန်ကြေညာချက်ကို လွန်ခဲ့သောလေးနှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။ “မိမိတို့သည် ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်စွာရပ်တည်ပြီး ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက် ၎င်းတို့၏ ကြီးမားလှသော ရုန်းကန်လှုပ်ရှားရမှုများနှင့်အတူ ရပ်တည်လျက် […]

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး စမ်းသပ်ပစ်ခတ်

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်နှင့် AA တို့ သိသိသာသာ သြဇာတိုးချဲ့နေချိန်တွင်  ရခိုင်ပင်လယ်ပြင်ရှိ စစ်ရေယာဉ်ပေါ်မှ ၃ ရက်ကြာ စမ်းသပ်ပစ်ခတ်မှု ပေါ်ပေါက်လာသည် တိုက်ပွဲများရပ်တန့်နေသော ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား အင်အားတိုးချဲ့မှုများနှင့် စောင့်ကြည့်မှုများပြုလုပ်နေချိန် စစ်ကောင်စီရေတပ်က ရခိုင်ပင်လယ်ပြင်တွင် ၃ ရက်ကြာ လက်နက်ကြီး ပစ်ခတ်စမ်းသပ်နေသည်။ သြဂုတ် ၂၁ မှ ၂၃ အထိ စစ်တပ် စစ်ရယာဉ်က စစ်တွေမြို့နယ် သဲချောင်း၊ ပလ္လင်ပြင် ကျေးရွာအနီး ပင်လည်ပြင်မှ နောက်ဘက် ၁၀ မိုင်ခန့်အကွာသို့ စမ်းသပ်ပစ်ခတ်နေခြင်း ဖြစ်သည်။ ထိုနေရာများသည်  စစ်တွေခရိုင်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော စသည့် မြို့နယ်များနှင့် ထိစပ်နေသော ပင်လယ်ပြင် ဖြစ်ပြီး ထိုနေရာသို့ ငါးဖမ်းစက်လှေများကို […]

ရေစကြိုမြို့နယ်တွင် ရဲများ၏ ပစ်ခတ်စီးနင်းမှုကြောင့် တစ်ဦးသေဆုံး၊ ၄ ဦးအဖမ်းခံရ

ရေစကြိုမြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဟင်္သာရွာတွင် ဩဂုတ် ၂၂ ရက်က ရဲများ၏ ပစ်ခတ်စီးနင်းမှုကြောင့် အသက် ၂၁ အရွယ်လူငယ်တစ်ဦး သေဆုံးပြီး အခြားလူငယ် ၄ ဦးအဖမ်းခံခဲ့ရသည် မကွေးတိုင်း ရေစကြိုမြို့နယ် ဟင်္သာရွာတွင် ရဲတပ်ဖွဲ့က လူနာတင်ယာဉ်ဖြင့် အယောင်ပြကာ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးစဉ် လူငယ်တစ်ဦးသေဆုံးပြီး ၄ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။ ရေစကြိုမြို့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ဟင်္သာရွာမှ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ယမန်နေ့ (ဩဂုတ် ၂၂) ညနေ ၃ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ “လူနာတင်ကားလေးနဲ့ လာတာ။ ရဲဝတ်စုံနဲ့ ၁၀ ယောက်လောက်။ ကလေးတွေက ဂိမ်ဆော့တဲ့လူက ဆော့နေတာ။ အဲဒီအိမ်က အိမ်ထောင်ဦးစီးက စက်လာပြင်တဲ့သူရှိလို့ […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် သြဂုတ် ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ

ဖေဖော်ဝါရီ ၂ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားတစ်ထောင်ကျော် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND-Burma) ၏အဖွဲ့၀င် အဖွဲ့အစည်းဖြစ်သော နိုင်ငံရေးအကျဥ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  “စစ်တပ်မှ အာဏာရှိနေသမျှ လူငယ်များ၊ ကျွမ်းကျင်ပညာရှင်များဖြစ်သော ဆရာ၀န်များ၊ ကျောင်းဆရာများ၊ အမျိုးသား၊ အမျိုးသမီးများနှင့်ကလေးသူငယ်များကို ဆက်လက် သတ်ဖြတ်နေအုန်းမည်ဖြစ်သည်”ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်များသည်လည်း ကူးစက်ရောဂါကြား တိုးလာလျက်ရှိပြီး နေ့စဥ်နှင့်အမျှ ဒါဇင်နှင့်ချီ သေဆုံးလျက်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကိုပြသည့် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုတွင် မူးယစ်သောင်းကျန်းနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးသည် အရပ်သားများကို ပရမ်းပတာပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦးကို နားထင်တွင် သေနတ်နှင့် တေ့ပစ်သတ်ခဲ့မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်အကြမ်းဖက်စစ်တပ်ကို ချေမှုန်းရန်နှင့် ဖျက်သိမ်းရန် ကြိုးပမ်းအန်တုနေသော အတိုက်အခံအင်အားစုများပြားနေချိန် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တပ်၏ တိုက်ခိုက်ခြင်းကို […]