Entries by ndb14

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ

ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)တွင် ဆွေးနွေးရမည့်အကြောင်းအရာများထဲမှ  မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှည် ကိုယ်စားပြုခွင့်ကို ရွေးချယ်ရန် ကုလအဖွဲ့၀င်နိုင်ငံများသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏  ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုရန် အတွက် ကုလသမဂ္ဂအား အရပ်ဘက်အဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ လူသတ်အာဏာသိမ်းအုပ်စုအား အသိအမှတ်ပြုမည်ဆိုပါက အထူးသဖြင့် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ ထုတ်ဖော်ဆန္ဒပြမှုကြောင့် ထောင်ပေါင်းများစွာ ဖမ်းဆီးခံရသောမိသားစု၀င်များနှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို စော်ကားရာ ရောက်ပေမည်။  စစ်အာဏာသိမ်းသည့် (၇) လတာအတွင်းတွင် စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်သော အရပ်သားပြည်သူတို့အား စစ်ဆင်နွဲခဲ့သည်။ UNGA သည် ယခင်မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ဆုံးချက်တွင် လက်နက်မဲ့ အရပ်သားပြည်သူများအပေါ်  မြန်မာစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အလွန်အကျွံနှင့် […]

ထန်တလန်မှာ တမြို့လုံးနီးပါးစစ်ဘေးရှောင်နေရ

ချင်းပြည်နယ်၊ ထန်တလန်မှာ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများစု နေအိမ်စွန့်ခွာနေကြပြီး ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာတော့ တမြို့လုံးနီးပါးစစ်ရှောင်နေကြပြီလို့ သိရပါတယ်။ ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ နီးပါးရှိတာဖြစ်ပြီး အခုတော့ ထောင်နဲ့ချီစစ်ဘေးရှောင်နေကြကာ မြို့‌ပေါ်မှာ လူဦးရေ ၅၀ကျော်လောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာတွေဘက်နဲ့ အိန္ဒိယနယ်စပ် ကို စစ်ဘေးရှောင်နေကြပါတယ်။ “ကျွန်တော်တို့ မြို့ကထွက်ခွာဖို့ ကားပေါ်က ထွက်တဲ့အချိန်တောင်လက်နက်ကြီးသံကြားလိုက်တယ်။ ထန်တလန်မြို့ပေါ်ကနေ ထွက်ပေါက် သုံးပေါက်ရှိတယ်။ နှစ်ပေါက်က စစ်တပ်ဘက်က နေရာယူထားပြီး ပစ်ခတ်မှုတွေလုပ်နေတယ်။ အခုလည်း လက်နက်ကြီးသံကြားတော့ ကျန်ခဲ့တဲ့သူတွေလည်း ထွက်လာ ဖို့ခက်နေတယ်။”လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။ အခုလို အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရတာကြောင့် ကိုဗစ်ကပ်ရောဂါတဖန်ကူးစက်ပျံ့ပွားမှာကို စိုးရိမ်နေကြရပြီး အစားအသောက်၊ဆေးဝါးတွေပါ လိုအပ်နေပါတယ်။ စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား […]

ရခိုင်ကျောင်းသား (၄) ဦးအား မတရားဖမ်းဆီး ထောင်ချမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

နေ့စွဲ – ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်။ အမှတ် – ရကလစ/ဗဟို/ထုတ်ပြန်/၀၃/၂၀၂၁။ ၁။ ရခိုင်ပြည်၌ဖြစ်ပွါးခဲ့သော လက်နက်ကိုင်ပဋိပက္ခများအတွင်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှု ရှိခဲ့သည့်အပေါ်တွင် မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တာဝန်ယူရန် တောင်းဆိုဆန္ဒပြခဲ့ကြသော ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ကို (၁၉.၁၀.၂၀) ရက်နေ့ တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခဲ့ကာ (၁၁) […]

ဂန့်ဂေါ သတ်ဖြတ်မှု ရာဇဝတ်မှု မြောက်၊ မမြောက်

မြန်မာ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ရက်တွေအတွင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မြင်သာ၊ မွေ့လယ်နဲ့ ရေရှင် ကျေးရွာတွေက ဒေသခံ အချို့ကို PDF တပ်ဖွဲ့ ဝင်တွေအဖြစ် စွပ်စွဲချက်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက RFA ကို ပြောပြခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူတွေဟာ PDF တွေ အမှန် တကယ် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ပြည်တွင်းက လူ့အခွင့်အရေးနဲ့ ဥပဒေ ကျွမ်းကျင်သူ အချို့ကတော့ ဒီဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း RFA ကို သုံးသပ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကတော့ နိုင်ငံတကာ ဥပဒေတွေအရ […]

ကုလလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးချက်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ) ■ မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမှာ စတင်ကျင်းပရာမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတက်ရောက်သူ မရှိပဲ၊ နောက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ ရည်ညွန်းခဲ့တဲ့အကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဒီညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောခဲ့တဲ့ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ယန္တရား IIMM ရဲ့ အကြီးအကဲ နီကိုလပ် ကုမ်ဂျန် ကတော့ ဖေဖော်ဝါရီလ ၁ရက်က အာဏာသိမ်းမှု နောက်ပိုင်း အဖြစ်အပျက်တွေနဲ့ ဆိုင်တဲ့ သတင်းအချက်အလက် နှစ်သိန်းကျော်ကို စုဆောင်းနိုင်ခဲ့ပြီး၊ ရာဇဝတ်မှုတွေအတွက် […]

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား နိုင်ငံတကာတရားရုံးများ မှာ IIMM တင်ပြမည်

မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM က စုဆောင်းထားတဲ့ မြန်မာ့ ရာဇဝတ်မှု ဆိုင်ရာ သက်သေ အထောက်အထားတွေကို တရားရုံးတွေ၊ ခုံရုံးတွေမှာ အသုံးပြု တရားစီရင်နိုင်ရေး ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့က ဂျီနီဗာ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ ၄၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးတွင်းမှာ IIMM အဖွဲ့ ခေါင်းဆောင်က အခုလို ပြောခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ IIMM မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး […]

စစ်ကောင်စီကိုယ်စားလှယ် ကုလအထွေထွေညီလာခံမှာ ပါဝင်ခွင့်မပြုဖို့ အမေရိကန်နဲ့ တရုတ်ကြား သဘောတူမှု ရနိုင်ပြီလို့ သတင်းထွက်ပေါ်

အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စကားပြောခွင့် မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြား သဘောတူမှု ရထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလအထွေထွေညီလာခံကနေ တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ် တချို့ကြာ အချိန်ယူပြီး ကြိတ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံခြားရေး မူဝါဒ စာစောင် “ဖောရိန်းပေါ်လစီ FP” က ရေးပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား ရလာတဲ့ သဘောတူမှုအရ ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေ ညီလာခံမှာ စကားမပြောပဲ နေရမယ် ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကနဦး သတင်းတွေက ဆိုပြီး ဘီဘီစီ အနေနဲ့ […]

၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေး မြန်မာကိုယ်စားလှယ်တက်ခွင့်မရ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ  ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက် ဒီနေ့ စတင် ကျင်းပနေပါတယ်။ ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့စည်းအဝေးဆုံးဖြတ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်ကိုရော NUG အစိုးရ ကိုယ်စားလှယ်ကိုပါ  ကုလသမဂ္ဂ အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း   မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု တက်ရောက်ခွင့်မပြုသေးပါဘူး။ အောက်တိုဘာ ၈ ရက်အထိကျင်းပမယ့် ဒီအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့  ဒီနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အစီရင်ခံတင်ပြမှု၊ စက်တင်ဘာ ၂၂  ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ တွမ်အန်ဒရူးရဲ့ တင်ပြမှုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှု အစီအစဉ်တွေရှိတယ်လို့ NUG […]

မြန်မာပြည်သူများ၏ မှန်ကန်သော ကိုယ်စားပြုမှုအသံကို စစ်အုပ်စုမှ လုယူနိုင်သည့်အပေါ် စိုးရိမ်နေချိန် UN တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက UN ကို တောင်းဆို

[၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်] ကုလသမဂ္ဂ (UN) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ UN ဆိုင်ရာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၎င်း၏ လက်ရှိရာထူး နေရာတွင် ဆက်လက်ထားရှိရန် မြန်မာနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ အဖွဲ့ဝင်များထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် (တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင်) UN အဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံတို့ပါဝင်သော UN ၏ အထောက်အထားစိစစ်ရေးကော်မတီ (Credentials Committee) မှ တွေ့ဆုံပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ဖေဖော်ဝါရီလမှစ၍ သွေးစွန်းသည့် အာဏာသိမ်းရေး ကြိုးပမ်းမှုကို လုပ်ဆောင်နေသော […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ

အကြမ်းဖက်စစ်ကောင်စီမှ ပံ့ပိုးသည့် အပြစ်မဲ့ပြည်သူများအပေါ် အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသာ အကြမ်းဖက်မှုများကို ပြည်သူများ ရင်ဆိုင်နေရသည်မှာ (၇) လတာ ကြာပြီဖြစ်သော်လည်း စစ်အာဏာရှင်ကျဆုံးရေး အတွက် ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှုများသည် လျော့ပါးသွားခြင်းမရှိပေ။ စက်တင်ဘာ ၇ ရက်  အင်္ဂါနေ့ မှစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် စတင်ပြီဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ယာယီ သမ္မတ ဒူဝါလရှီးလမှ အာဏာသိမ်းစစ်ကောင်စီ အပေါ်စစ်ကြေညာလိုက်သည်။ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် လူမဆန်မှုဒဏ်ကို လပေါင်းများစွာခံစားနေရသော အရပ်သားများသည် “ D-Day”ကို ကောင်းစွာ လက်ခံကြိုဆိုခဲ့ကြသည်။ အကြမ်းဖက်မှုများနှင့် ထိခိုက်ဆုံးရှုံးမှုများပိုတိုးလာမည်ကို ပြည်သူများ ရင်ဆိုင်ရမည်ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေး အောက်တွင်နေရသည့်ဘ၀လောက် ဆိုး၀ါးခြင်းမရှိဟု ပြည်သူအများစုမှ လက်ခံထားကြသည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ တိုးလာနိုင်သောကြောင့် […]