Entries by ndb14

မြန်မာ့အရေး အာဆီယံလုပ်ဆောင်ချက်အပေါ် ALTSEAN ဝေဖန်

မြန်မာစစ်အာဏာသိမ်းမှုအပေါ် အာဆီယံဘက်က တစည်းတလုံးတည်းဆန့်ကျင်တုန့်ပြန်နိုင်မှုမရှိတဲ့အတွက် လက်ရှိအာဆီယံကြားဝင်ဆောင်ရွက်မှုတွေဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ အာဆီယံလူထုအခြေပြုအဖွဲ့ ဦးဆောင်သူက သုံးသပ်ပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမရှိတဲ့အပေါ်မှာ သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း တနင်္လနေ့က ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မလေးရှားနဲ့ အင်ဒိုနီးရှားက ထုတ်ဖေါ်ပြောဆိုခဲ့ကြတာပါ။ မြန်မာ့အရေး အာဆီယံအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ALTSEAN တည်ထောင်သူ Debbie Stothard ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။ အခုလို စစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုလာတာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကွဲနေတာတွေ့ရတယ်လို့ အာဆီယံယှဉ်ပြိုင်အဖွဲ့ ALTSEAN ကို တည်ထောင်သူ Debbie Stothard ကဗွီအိုအေကိုပြောပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းကလည်း […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ

စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှာ ၈ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နေ့စဥ်နှင့်အမျှ တိုင်းပြည်သည်  ယခင်အခြေအနေသို့ ပြန်မရောက်နိုင်သော အခြေအနေဖြင့်  ပို၍ နက်သောချောက်ထဲသို့ ကျနေသည်။ မြန်မာကျပ်ငွေတန်ဖိုးသည် အနိမ့်ဆုံးသို့ ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ် ၂၅ ခုကို အင်တာနက်ဖြတ်တောက်မှုကြောင့် ယိုယွင်းနေပြီးသော လူ့အခွင့်အရေးအခြေအနေကို ဆိုး၀ါးစေသည်။​ အင်တာနက်ဖြတ်တောက်မှု နောက်တွင် စစ်ကောင်စီသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်း ကျူးလွန်စေသည်။ စစ်ကောင်စီစည် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ထီးလင်းနှင့် မြိုင်မြို့နယ် နှင့် ချင်းပြည်နယ် ဖလမ်း၊ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်၀၊ တီးတိန်၊ ထန်တလန် နှင့် တွန်းဇံမြို့နယ်များ အပါ၀င် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ မြို့နယ် တော်တော်များများ တွင် အင်တာနက် ဖြတ်တောက်ခဲ့သည်။ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် […]

မိုဟစ်အူလာ လုပ်ကြံခံရမှု ရိုဟင်ဂျာ ငါးယောက်ကို ထပ်ဖမ်းထား

လုပ်ကြံခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင် ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်Photo: Reuters ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားက ဒုက္ခသည်စခန်းတစ်ခုမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ မိုဟစ်အူလာ ကိစ္စနဲ့ပတ်သက်လို့ ရိုဟင်ဂျာ ငါးယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲက မနေ့ကဖမ်းလိုက်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ထဲက နှစ်ယောက်ကို တရားရုံးထုတ်လာပြီး သုံးရက်ကြာ စစ်ဆေးမေးမြန်းဖို့ ရမန်ယူခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်က ပြောပါတယ်။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်ကိုတော့ တရားရုံးထုတ်တာ မရှိသေးပါဘူး။ အသက် ၂၈ အရွယ် ရိုဟင်ဂျာတစ်ယောက်ကိုလည်း ပြီးခဲ့တဲ့သတင်းပတ်ထဲက ဖမ်းထားတဲ့အတွက် ဒီအမှုအတွက် ဖမ်းထားတဲ့သူ အခုဆိုရင် စုစုပေါင်း ခြောက်ယောက်ရှိနေပါပြီ။ သူတို့အားလုံးကို ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှုတွေရှိ၊ မရှိ စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။ သူတို့ထဲက အသက် ၃၅ […]

ဒီးမော့ဆိုတွင် စစ်တပ်၏ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှစ်ဦးရှိလာ

တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ် ပြန်ဆုတ်သွားချိန်တွင် မြေမြှုပ်မိုင်းအများဆုံး တွေ့ရှိရသည်ဟု ဆိုသည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှစ်ဦးအထိ ရှိလာပြီး ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် အောက်တိုဘာ ၁ ရက်က မိုင်းရှင်းလင်းရေးလုပ်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး မိုင်းထိသေဆုံးခဲ့ကာ နောက်တစ်ရက်တွင် ကုန်းသာရွာ၌ အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး နေအိမ်ပြန်လာစဉ် ခြံဝတွင် မိုင်းနင်းမိရာမှာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တစ်ဦးက စက်တင်ဘာ ၂၄ မှ ၂၆ အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ်တွင် ကုန်းသာနှင့် သေးဆူလဲရွာတို့တွင် စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီးနောက် မြေမြှုပ်မိုင်းအများဆုံး တွေ့ရှိရသည်ဟု ဆိုသည်။ […]

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာကိုယ်စားလှယ်စကားပြောခွင့်မရ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ) ■ စက်တင်ဘာလ ၂၇ရက်နေ့က ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ခြောက်ရက်မြောက် နောက်ဆုံးနေ့မှာ နိုင်ငံခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြု သံတမန်တွေဟာ လူကိုယ်တိုင် တက်ရောက်သူတွေရော အွန်လိုင်းကနေ တက်ရောက် စကားပြောသူတွေရောရှိခဲ့ပြီး၊ အစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံအားလုံးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအလုံအလောက်ရရှိဖို့နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ပြောသွားခဲ့ကြပါတယ်။ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်းပြောကြားဖို့ ကနဦးက စီစဉ်ထားခဲ့ပေမယ့် အမှန်တကယ် မိန့်ခွန်းပြောကြားနိုင်ခြင်း မရှိခဲ့ပါဘူး။ အထွေထွေ ညီလာခံ နောက်ဆုံးနေ့မှာ မြန်မာ သံအမတ်ဦးကျော်မိုးထွန်း အမှန်တကယ် တက်ရောက် မိန့်ခွန်းပြောနိုင်ခြင်းရှိမရှိ အတည်ပြုနိုင်ဖို့ RFA မြန်မာပိုင်းကနေ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ)

မြန်မာနိုင်ငံတ၀န်းရှိ အရပ်သားများအား အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုများပြားလာသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူ့အခွင့်အရေးအဖွဲ့အသီးသီးမှ စစ်ပွဲများအဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။ ​ကရင်အမျိုးသီးအဖွဲ့အစည်း (KWO)၏ ဖေ့ဘွတ် လူမှုစာမျက်နှာတွင် “ငြိမ်းချမ်းရေးသည် အမျိုးသမီး၊ အမျိုးသားနှင့် ကလေးများအပါအဝင် လူသားတိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်ခြင်း နှင့် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းများမရှိပဲ  ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ လူမှုအဖွဲ့အစည်းကို တိုးတက်အောင်လုပ်ဆောင်ရန် အခွင့်အလမ်းများ ရရှိနိုင်ခြင်းကို ဆိုလိုခြင်း”ဖြစ်သည်ဟု ရေးသားခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)၏ မှတ်တမ်းပြုချက်အရ ကရင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားနှင့် လက်နက်ကိုင်များကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းနှင့်သော်လည်းကောင်း၊  မြေပြင်တိုက်ခိုက်မှုများနှင့်သော်လည်းကောင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကာ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အပြစ်မဲ့အရပ်သားများအား နေ့စဥ်နှင့်အမျှ အင်အားသုံး  အကြမ်းဖက် တိုက်ခိုက်နေသည်။ ဘုရားဝတ်ပြုဆောင်များဖြစ်သည့် ဘုရားရှိခိုးကျောင်းများ မီးတင်ရှို့ […]

မန္တလေးတွင် NLD ပါတီဝင် ပရဟိတသမားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

ကိုသန်းထွန်း ဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ မိသားစုက အလောင်းကိုပင် ကြည့်ရှုခွင့် မရခဲ့ပေ  မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပရဟိတသမားတစ်ဦးမှာ စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးကာ နှိပ်စက်ခံရသဖြင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသည်။ ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူလည်းဖြစ်သည့်​ ကိုသန်းထွန်းဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးကို အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၅ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးက ပြောသည်။ “လာဖမ်းတော့ သူတို့မိသားစု အိမ်မှာ အကုန်လုံးရှိနေတယ်။ ကလေးနှစ်ယောက်ရော၊ အသက် ၇၀ ကျော် သူ့အမေရော အကုန်ရှိတယ်။ ကိုဖက်တီးက ကျွန်တော်လိုက်ခဲ့ပါ့မယ်၊ သွေးကျဆေးလေးနဲ့ […]

ဒီးမော့ဆိုတွင် အရပ်သား ၂ ဦး သတ်ခံရပြီး အိမ် ၃၀ ခန့် မီးရှို့ခံရ

ကယားပြည်နယ်မြို့တော်အနီး နှစ်ရက်တာတိုက်ပွဲအတွင်း ခရီးသည်တစ်ဦး ကားအတွင်း မီးလောင်သေဆုံးနေပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သည်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စက်တင်ဘာ၂၅ နှင့်၂၆ ရက်နေ့များက တိုက်ပွဲဖြစ်ပွားစဉ် အရပ်သား ၂ ဦး သေဆုံးပြီး အိမ် ၃၀ ခန့် မီးရှို့ခံရသည်။ စက်တင်ဘာ ၂၅ ညနေ၌ ကုန်းသာရွာအနီး ရပ်ထားသည့် အိမ်စီးကားထဲတွင် လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မီးလောင်ထားသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ ဒီးမော့ဆိုဘက်မှ လာသော အဆိုပါကားကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့သောကြောင့် ကုန်းသာရွာထိပ်၌ ရပ်တန့်ခဲ့ကြောင်း၊ ကားထဲတွင် လိုက်ပါလာသူ အရေအတွက်ကို မသိရကြောင်း ၎င်းက ဆိုသည်။ “အဲဒါ […]

TSYU ရုံးဝန်ထမ်းတစ်ဦးနဲ့ TEC ဘော်ဒါဆောင်က ကျောင်းဆရာ ၅ ဦး ဖမ်းဆီးခံရ

ရွှေဖီ​မြေ၊ စက်တင်ဘာ ၂၇ ရက်၊ လားရှိုး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ (TSYU)ရဲ့ ရုံးဝန်ထမ်းတစ်ဦးနဲ့ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC)မှ ကျောင်းဆရာ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ စက်တင်ဘာ ၂၅ ရက် မနက် ၁၂ နာရီကျော်မှာ TSYU ရုံးဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦးနဲ့ TEC ဘော်ဒါဆောင်မှ ကျောင်းဆရာ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းဘဦး၊ မိုင်းအောင်သန်းဌေး၊ မိုင်းကျော်ဝင်းတို့ ၅ ဦးကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။ မိုင်းအောင်သက်ဦးရဲ့ သူငယ်ချင်းတစ်ဦးက “သူတို့က အုတ်တံတိုင်းကျော်ပြီး ဝင်လာကြတာ။ အခန်းထဲ ဝင်လာပြီး သေနတ်နဲ့ချိန်တယ်။ မျက်နှာကို ပိတ်တယ်။ မလှုပ်နဲ့ ပြောပြီးတော့ မီးမဖွင့်ခိုင်းဘူးတဲ့။ ယောကျာ်းလေး ၅ […]

စစ်တပ်ကပစ်သတ်ခဲ့သည့် ခရစ်ယာန်သင်းအုပ်ဆရာအပါအဝင် ကျဆုံးပြည်သူ ၁၁၁၄ ဦး ထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၁၄ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၈၉ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၆၃၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၈၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် […]