Entries by ndb14

,

မိတ္ထီလာ NLD လွှတ်တော်အမတ်ကို ထောင်ကလွှတ်ပေးပြီးနောက် မြို့နယ်ရဲစခန်းသို့ခေါ်ဆောင်သွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် အမျိူးသားဒီမိုက ရေစီအဖွဲ့ ချုပ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်အား ယ နေ့ အောက်တိုဘာလ ၁၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မိတ္ထီလာထောင်ဘူးဝရှေ့မှ လက်ထိပ်ခတ် ၍ အမှတ် ၁ မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း ၎င်းနှင့်ဆွေမျိူးနီးစပ်သူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။ “ထောင်ရှေ့သွားစောင့်တော့ သူ့ကို(ဦးလွင်မောင်မောင်)ကို လွှတ်မယ့်ပုံစံနဲ့ တခြားလွှတ်မယ့်သူတွေနဲ့ အတူမြင်လိုက်တယ်။ ဒါပေမယ့် ကျန်တဲ့သူတွေကိုလွှတ်ပြီး သူအပါအဝင် ၁၀ ယောက်ကို မလွှတ်ဘဲ ထောင်အဝကနေ ရဲစခန်းကိုတန်းခေါ်သွားတာ။ ဘာကြောင့်မှန်းလဲမသိရဘူး။ ရဲစခန်းအထိ ကျွန်တော်တို့လည်းလိုက်သွားတော့ ဟိုရောက်တော့ လူတစ်ယောက်စခန်းရှေ့ကထွက်လာတယ် ရုတ်ရုတ်နဲ့မလုပ်နဲ့ဆိုပြီးအော်တာ မိသားစုဝင်တွေစောင့်ကြတာ စကားပြောခွင့်တောင်မရဘူး။ ကျွန်တော်လည်းမိုးချုပ်တော့အဝေးကြီးပြန်ရမှာမို့ ဆက်မစောင့်တော့ပဲပြန်လာတာ”ဟု ၎င်းက မဇ္ဈိမကိုပြောသည်။ ယနေ့အကြမ်းဖက်စစ်ကောင်စီမှ မိတ္ထီလာအကျဉ်းထောင်အတွင်း နိုင်ငံရေအကျဉ်းသား အမျိူးသား […]

,

“မြို့ပေါ်မှာ ဘယ်သူမှ မရှိလို့ မနေရဲတာ”- ထန်တလန်စစ်မြေပြင်က ဒုက္ခသည်များ

စစ်မီး ပိုကြီးလာဖွယ်ရှိနေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ တိမ်းရှောင်ရသူ ၇၀၀၀ ကျော်သည် နယ်စပ်ကျေးရွာများတွင် သောင်တင်နေကြပြီး ဆက်လက်ရှင်သန်ရေးအတွက် ခက်ခဲလာသည်။ စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့တွင်း လက်နက်ကြီးကျည်ထိသော နေအိမ်များ မီးလောင်ပြီးနောက် အသက် ၅၇ အရွယ် ပင်စင်စား သူနာပြု ဒေါ်နူးထာ၏ ထန်တလန်မြို့ နေအိမ်ရှေ့တွင် သေနတ်သံများ ထွက်ပေါ်လာသည်။ မီးငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် ရောက်လာသော ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ရာမှ ထွက်ပေါ်လာသော သေနတ်သံများ ဖြစ်သည်။ စစ်သားတို့က သင်းအုပ်ဆရာ၏ လက်ချောင်းကို ဖြတ်ပြီး လက်ထပ်လက်စွပ်နှင့် နာရီတို့ကို ယူဆောင်သွားသည်ဟု ဒေသခံတို့ကို ကိုးကားပြီး ချင်းနှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်များက သတင်းထုတ်ပြန်သည်။ လူနေရပ်ကွက်များအတွင်း တိုက်ပွဲရောက်လာသောကြောင့် ဒေါ်နူးထာအပါအဝင် ဒေသခံတို့သည် မြို့ကို စွန့်ခွာပြီး နယ်စပ်ဒေသ ကျေးရွာများတွင် ရောက်ရှိ […]

,

နှစ်လအတွင်း အဆောက်အအုံ ၂၀၀ နီးပါး ဖျက်ဆီးခံရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်တပ်က လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံပေါင်း ၂၀၀ နီးပါး ဖျက်ဆီးခံခဲ့ရသလို လူ ၈၀၀၀ လောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အောက်တိုဘာ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မင်းတပ်၊ မတူပီ စတဲ့ မြို့နယ်တွေအပြင် မကွေးနဲ့ စစ်ကိုင်းတိုင်း အစပ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသား လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို ချင်းလူ့အခွင့်အရေးအဖွဲ့က စာရင်းပြုစုထားတာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာက […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ

စက်တင်ဘာလအတွင်းတွင် စိုးရိမ်ဖွယ်ကောင်းသော မှတ်တိုင်တစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။​ စက်တင်ဘာလကုန်အတွင် စစ်ကောင်စီ၏ အသိဉာဏ်မဲ့သော အင်အားသုံး အကြမ်းဖက် လုပ်ရပ်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးပိုင်းအပါအ၀င် လူပေါင်း ၁၀၀ နီးပါး အသတ်ခံခဲ့ရသည်။​ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) အဖွဲ့၀င်များသည် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အသက်စွန့်ကာ မှတ်တမ်းရယူနေသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှု ဖြစ်ပွားနေသည့် အခြေအနေများကို မီးမှောင်းထိုးကာ မြေပြင်မှ နောက်ဆုံးရ အခြေအနေများကို ပုံမှန်တင်ပြပေးနေသည်။  အင်တာနက်ဖြတ်တောက်မှုများကြောင့် အရပ်သားများ ထွက်ပြေးနေကြသည်။ ပစ္စည်းများကို ပြန်ယူရန် နေရပ်သို့ စွန့်စားကာ ပြန်သွားသော အရပ်သားများသည် တိုက်ပွဲများအတွင်း အသတ်ခံနေရသည်။ အမှောင်ထု၏ နောက်ကွယ်တွင် စစ်ကောင်စီသည် ချိုးဖောက်မှုများကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်ရန် အလားအလာ […]

, ,

စစ်တပ်ဝင်သည့် ကန့်ဘလူမြို့တွင် ရွာသား ရိုက်နှက်ခံရ၊ ပစ္စည်းတချို့ပျောက်

ပုဏ္ဏားကြီးကျေးရွာကို ရောက်သွားသော စစ်ကောင်စီတပ်များက အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ကာ NLD ခေါင်းဆောင်တို့၏ နေအိမ်များကို ပြသခိုင်းခဲ့သည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ ပုဏ္ဏားကြီးကျေးရွာကို ယမန်နေ့ (အောက်တိုဘာ ၁၀) မနက်ပိုင်းက ရောက်သွားသော စစ်ကောင်စီတပ်များက နေအိမ် ၆ လုံးခန့်ကို ဝင်ရောက်စီးနင်းရှာဖွေကာ ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု ဒေသခံ ၂ ဦးထံမှ သိရသည်။ သေနတ်ပစ်ဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၅၀ ခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဦးဆောင်သူများကို လာရောက်ရှာဖွေသည်ဟု ဆိုကာ အိမ်များအတွင်း မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းတချို့ ယူဆောင်သွားကြသည်ဟု အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ “အစ်မတို့အိမ်ကတော့ ဘာမှ အများကြီး မပါသွားဘူး။ ပစ္စည်းတွေ […]

မန္တလေး နန်းတွင်းစစ်ကြောရေးရောက်နေတဲ့ ကျောင်းသားနှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

နေပြည်တော်နဲ့ မန္တလေး သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ခဲ့သူ ကျောက်ဆည်နည်းပညာတက္ကသိုလ်က ကျောင်းသားတွေဖြစ်တဲ့ ကိုလင်းပိုင်စိုးနဲ့ ကိုငြိမ်းမင်းသန့်တို့ နှစ်ဦး မန္တလေးနန်းတွင်း စစ်ကြောရေးကို ရောက် ရှိနေတာ ဆယ်ရက်ကျော်လာပြီဖြစ်လို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြော ပါတယ်။ ကိုလင်းပိုင်စိုး၊ ကိုငြိမ်းမင်းသန့်နဲ့ အာဏာဖီဆန်ရေး (CDM) သူနာပြုဆရာမ မကြည်ကြည်ဝင်း တို့ သုံးဦးကို စက်တင်ဘာလ ၃၀ ရက်နေ့က မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီးပြီး မန္တလေး နန်းတွင်း စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနေသမိုင်း က ပြောပါတယ်။ ကိုလင်းပိုင်စိုးဟာ ဂေါ်ရခါးလူမျိုးဖြစ်ပြီး စစ်ကြောရေးမှာ လူမျိုးရေးခွဲခြားတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ နဲ့ ဆဲဆိုခံရတာ၊ ကိုးကွယ်ယုံကြည်မှုကို စော်ကားတာတွေအပြင် ရိုက်နှက်တာကိုလည်း ပိုခံနေရတယ်လို့ ကိုနေသမိုင်းက ပြောပါတယ်။ […]

ဒီးမော့ဆို ဒေသခံတချို့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံရွာသားတချို့ မြေမြှုပ်မိုင်းနင်းမိလို့ ခြေလက်ဆုံးရှုံးခဲ့ကြပါတယ်။ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွကြား တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ဒေသခံတွေ လိုတဲ့ပစ္စည်းတွေ အိမ်ပြန်သွားယူစဉ် နေအိမ်တွေနားမှာ မြေမြှုပ်မိုင်းတွေ နင်းမိနေတာဖြစ်ပါတယ်။ လုံခြုံရေးစိတ်မချရသေးချိန် ခုလို မြေမြှုပ်မိုင်းအန္တရာယ် ထပ်ရှိလာတဲ့အတွက် အိုးအိမ်စွန်ထွက်ပြေးနေသူတွေ နေရပ်ပြန်ဖို့ ပိုစိုးရိမ်စရာဖြစ်လာတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတော်တော်များများ အိုးအိမ်စွန့်ပစ်ပြီး တော်တောင်တွေထဲမှာ သွားရောက်ခိုလှုံနေကြပါတယ်။ အဲဒီလို တောထဲ ဘေးကင်းရာ သွားနေကြသူတချို့ နေအိမ်မှာကျန်ခဲ့တဲ့ ဆေးဝါး အသုံးအဆောင်ပစ္စည်းတွေ ပြန်ယူစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို ပြန်လာတဲ့ အသက် ၄၂ နှစ်အရွယ် […]

ထီးချိုင့်မြို့၊ လေသာရွာကို စစ်တပ်စီးနင်းစဉ် PDF တချို့ သေဆုံး

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာတွင် PDF ၄ ဦး သေဆုံး၊ တချို့ဖမ်းဆီးခံရကာ လက်နက်တချို့ ဆုံးရှုံးခဲ့ရသည်ဟု ထီးချိုင့် PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားရာ ထီးချိုင့်ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ၄ ဦး သေဆုံးခဲ့သည်ဟု ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ နံနက် ၄ နာရီခွဲခန့်တွင် စစ်သား အင်အား ၁၀၀ ကျော်က မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ လေသာရွာသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ သေဆုံးသူ ၄ ဦးမှာ ထီးချိုင့်ဒေသခံများဖြစ်ကြသော PDF များဖြစ်သည့် ဦးတင်ညွန့်နှင့် လူငယ်များဖြစ်သော ကိုဖြိုးမင်းထက်၊ ကိုလွင်မိုးနှင့် […]

မင်းကင်းမြို့ ကျောက်တန်းရွာက အိမ်တစ်လုံးကို စစ်ကောင်စီ မီးရှို့

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်တန်းရွာက ဦးကမ္ဘာကျော်ရဲ့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၉ ရက် မနေ့ညပိုင်းက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်လာလို့ တစ်ရွာလုံးပုန်းရှောင်နေကြရာ အဲဒီအိမ်မှာလည်း လူမရှိတဲ့အချိန် မီးရှို့ခံရလို့ ပြာကျသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဦးကမ္ဘာကျော်ရဲ့အိမ် မီးရှို့ခံရတာဟာ ပျူစောထီးတွေက စစ်ကောင်စီကို သတင်းမှား ပေးတာကြောင့်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဦးကမ္ဘာကျော်တို့ မိသားစုဝင်တွေဟာ ဆန္ဒပြသပိတ်မှောက်တာတွေနဲ့ ပတ်သက်မှုမရှိတဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ မင်းကင်းဆန္ဒပြသပိတ် ဦးဆောင်သူက ဆိုပါတယ်။ ဒီလိုအိမ်မီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သီးခြားသတင်း ထုတ်ပြန်တာ မတွေ့ရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြာပင်ရွာမှာ တပ်စွဲထားပြီး ကျောက်တန်း၊ ကြာပင်၊ ရေဦး စတဲ့ အနီးအနားရွာက […]

လိုအပ်နေသူတွေဆီ စာနာမှုအကူအညီ ရောက်ရှိအောင် ဆောင်ရွက်ကြဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီ ပေးသူတွေ အဟန့်အတား မရှိ ဘေးကင်းလုံခြုံစွာ သွားရောက်နိုင်ရေး သက်ဆိုင်ရာ ဘက်အားလုံးက ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး အတွက် အလှူရှင်တွေဘက်က ပိုပြီး ထည့်ဝင်လာရေး အတွက်လည်း ကုလသမဂ္ဂက တနလာၤနေ့မှာ ပန်ကြားပါတယ်။နိုင်ငံတွင်း ဒေသအမျာအးပြားမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး လုံခြုံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့ အတောအတွင်း လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေလည်း ယိုယွင်းဆိုးရွားနေကြောင်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့က ပြောဆိုထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Farhan Haq က […]