Entries by ndb14

,

စစ်တပ်ဖမ်းသွားသည့် ခင်ဦးမြို့နယ်မှလူငယ် သေနတ်ဒဏ်ရာဖြင့် သေဆုံး

ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့် သုံးရက်က စစ်ကောင်စီ ဖမ်းခေါ်သွားသည့် အသက် ၂၁ နှစ်အရွယ် လူငယ်၏ ရုပ်အလောင်းကို ရွာအပြင် လမ်းနံဘေးတွင် ဝဲဘက်ရင်အုံ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ရှာတွေ့သည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့်သုံးရက်က စစ်ကောင်စီဖမ်းသွားသည့် လူငယ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ (အောက်တိုဘာ ၃၁) နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ယောက်သွားအိုင်ရွာသား ကိုအောင်နိုင်ဦး၏ ရုပ်အလောင်းကို ရွာအပြင် လမ်းဘေးတွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ၎င်းမှာ အောက်တိုဘာ ၂၉ နံနက်ပိုင်းက ယောက်သွားအိုင်ကျေးရွာကို စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။ […]

,

အင်းစိန်ထောင်ရောက် အသက်အငယ်ဆုံး ဓားစာခံ

ရန်ကုန်စည်ပင် သန့်ရှင်းရေးဝန်ထမ်း အာဏာဖီဆန်ပြီး တိမ်းရှောင်နေသဖြင့် အာဏာသိမ်းစစ်ကောင်စီက ထိုသူ၏ လူမမည်သမီး၊ ဇနီး၊​ မိခင်တို့ကို အင်းစိန်ထောင်ထဲ ထည့်ထားသည်။ ၂ နှစ်ကျော်သမီးငယ်ကို ချီပိုးထားသဖြင့် ကပိုကရိုဖြစ်နေသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးသည် လက်တစ်ဖက်က ပြေကျတော့မည့် ထဘီကို ထိန်းရင်း အင်းစိန်ထောင်၊ အမျိုးသမီးအချုပ်ဆောင်ကို ရောက်ရှိလာသည်။ အတူဖမ်းဆီးခံရသည့် ကလေး၏ အဘွား၊ ထိုအမျိုးသမီး၏ အသက် ၅၀ ကျော်အရွယ် ယောက္ခမလည်း အခြားအခန်းတစ်ခုသို့ ရောက်ရှိသွားသည်။ မတ်လ ၃၀ ရက်နေ့က မြေးအဘွား ၃ ယောက် ထောင်ထဲဝင်လာသည်ကို တွေ့ရသည့် အကျဉ်းသားများ ခဏတာ ဆွံ့အသွားကြသည်။ ကလေးငယ်ကို နံရံလေးဖက်ထဲတွင် တွေ့လိုက်ရသဖြင့် စိတ်မချမ်းမမြေ့ဖြစ်ရသည်ဟု ထောင်မှ ပြန်လွတ်လာသည့်အမျိုးသမီးတစ်ဦးက ပြောသည်။ “ရောက်ရောက်ချင်းမှာ သူ့တို့ သမီးယောက္ခမနှစ်ယောက်ကို […]

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယုအား အကြမ်းဖက်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့ ညပိုင်းတွင် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုအား အာဏာသိမ်းစစ်အုပ်စုမှ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဖမ်းဆီးစဉ်အတွင်း ဦးခေါင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့နှင့် အယူအဆမတူသူများအား ဖမ်းဆီးရာတွင် မလိုလားအပ်ဘဲ ကြမ်းတမ်းစွာဆက်ဆံခြင်းများကို ပြုလုပ်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။ ဖမ်းဆီးစဉ်ပစ်ခတ်ခံရပြီး သေဆုံးမှုများ၊ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးမှုများလည်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် တရားဥပဒေကို မထေမဲ့မြင်ပြုပြီး အပြစ်မဲ့ ပြည်သူများကို စိတ်ထင်တိုင်း တရားမဲ့ပြုကျင့်နေကြောင်း ပေါ်လွင်စေသည်။ ထို့ကြောင့် ကိုဂျင်မီ(ခ) ကိုကျော်မင်းယု နှင့်ပတ်သက်၍ […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ မှ ၂၄ ရက်နေ့အထိ

အောက်တိုဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသား ၅၀၀၀ ကျော်ကို ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီမှ ကြေငြာခဲ့သည်။  ထိုကဲ့သို့သော ဆုံးဖြတ်ချက်ချခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီအား ဖိတ်ကြားရန် ငြင်းဆိုပြီးချိန်နှင့် မကြာမီ ကျရောက်မည့် မြန်မာတို့၏ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်းတွင် ပြန်လွတ်ပေးသောကြောင့် တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ နိုင်ငံရေး အရသာ လွတ်ပေးခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကာကွယ်ရန် လုံး၀ ပျက်ကွက်ခဲ့သည်။ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီမှ သဘောတူခဲ့သော်လည်း ၎င်းတို့၏ကတိက၀တ်ကို အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းမရှိပါ။ စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအ၀ိုင်းထံမှ ငွေကြေး ၊ လက်နက်နှင့် တရား၀င်မှုရရန် ကြိုးပမ်းနေသည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် […]

,

ဖမ်းဆီးခံထားရသည့် ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံ၌ အရေးပေါ်ကုသမှု ခံနေရ

စစ်ကောင်စီက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုသည် မင်္ဂလာဒုံ စစ်ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်းသိရသည်။ အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တလုံးတွင် ကိုဂျင်မီကို စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖမ်ဆီးမှုတွင် ကိုဂျင်မီ၏ ဦးခေါင်းထိခိုက်သွားကာ အသက် အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမျိုးဖြစ်ကြောင်း၊ ထိခိုက်ခဲ့ရသည့် အသေးစိတ်ဖြစ်စဉ်ကိုမူ မသိရှိရသေးကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီတွင် တာဝန်ရှိပြီး တာဝန်ယူရမည်ဖြစ်ကြောင်း ကိုဂျင်မီ၏ ဇနီး မနီလာသိန်းက ဆိုသည်။ “နောက်ဆုံးအခြေအနေကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ရှိတယ်ကြားတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ ရှိတယ်၊ […]

,

ဟုမ္မလင်းမြို့တွင် CDM ကျောင်းဆရာမ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ ဒလန်ဟု သတင်းကြီးသူ လုပ်ကြံခံရသည့်နေ့တွင် သေနတ်သမား ၃ ဦးက ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ နေအိမ်သို့ သွားရောက်ပြီး ပစ်ခတ်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုကျော်ဝင်းစိန်က သူ၏ နေအိမ်ကို ယမန်နေ့ (အောက်တိုဘာ ၂၄) ညနေပိုင်းတွင် သေနတ်သမား ၃ ဦး ရောက်လာပြီး ပစ်ခတ်ရာ မရီးဖြစ်သူ ကျောင်းဆရာမ သေဆုံးသွားသည်ဟု ပြောသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ အသက် ၃၀ ဝန်းကျင် ဆရာမ ဒေါ်မေနှင်းအေးမှာ ဝရန်တာ၌ ထိုင်နေစဉ် ခြေထောက်၊ လက်နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါနေအိမ်တွင် မိဘနှစ်ဦး၊ အစ်ကိုဖြစ်သူတို့လင်မယားနှင့် ၎င်းတို့၏ တစ်နှစ်အရွယ် သားငယ်တစ်ဦးတို့ နေထိုင်ကြခြင်း ဖြစ်သည်။ ညနေ ၆ နာရီခွဲခန့်က အဖြူရောင်ကားဖြင့် ရောက်လာသော အမျိုးသား […]

,

ဟားခါးမှ ဖလမ်းသို့ ပြန်လာသည့် စစ်ကြောင်း နေအိမ် ၁၃ လုံး မီးရှို့

စစ်သည် ၂၀၀ ဝန်းကျင်ပါသည့် စစ်ကြောင်းက ဟားခါး -ဖလမ်း လမ်းတစ်လျှောက်ကျေးရွာများကို အသွားရောအပြန်ပါ ဖျက်ဆီးလုယက်ကြသည်ဟု ဒေသခံများထံမှ သိရသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ပြန်ဦးတည်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းတွင် တားလ်နှင့် တလန်ရောန်ကျေးရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားသည်။ ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာကို ယမန်နေ့ ညနေက ရောက်ရှိလာပြီး စခန်းချခဲ့ကာ သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကား အစီး ၅၀ ဝန်းကျင်ပါ ထိုယာဉ်တန်းမှ စစ်သားများသည် ပြန်လည်ထွက်ခွာသည့် ယနေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်များကို မီးရှို့ကြသည်ဟု ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ “တားလ်ကျေးရွာကို မီးရှို့ကြတယ်။ ၁၀ အိမ်မီးရှို့တယ်။ ၂ အိမ်ကတော့ သူတို့ထွက်သွားတဲ့အချိန်မှာ ရွာသားတွေ ပြန်ငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ၈ […]

,

PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား

ယခုအခါ စစ်ကောင်စီ ခေါင်းဆောင်များသည် ကျေးလက်ဒေသမှ ကြီးထွားလာနေသော လက်နက်က်ိုင်ခုခံမှုနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုကို အာရုံစ်ိုက်နေကြောင်း နေပြည်တော်ရှိ စစ်ဖက်လုံခြုံရေးရာ အသိုက်အဝန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ရွာသားများကို “ရှင်းလင်းရန်” အမိန့်ကို ယခုလအတွင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုကိစ္စကို သိရှိသော သတင်းရင်းမြစ်များ၏ အဆိုအရ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက PDFs များကို အမြစ်ဖြတ် ချေမှုန်းရန် သူ၏တပ်မှူးများနှင့် တပ်ဖွဲ့များအားလုံးကို အမိန့်ထုတ်ပြန်ကြောင်း သိရသည်။ ထိုသို့ အမြစ်ဖြတ် ချေမှုန်းရန် အမိန့်နှင့်အတူ စိုးဝင်းက ရွာသားများနှင့် PDF များ ဆက်သွယ်ခြင်းကို တားမြစ်သည့် အမိန့်နှင့် ထိုအမိန့်ကို မလိုက်နာပါက ပြင်းထန်စွာ […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ

ဆယ်စုနှစ်များစွာ အလိမ်အညာများ၊ ငြင်းဆိုမှုများ နှင့် အမှန်တရားကိုဖုံးကွယ်သော လုပ်ကြံလီဆယ်မှုများကို မြန်မာ့အကြမ်းဖက်ကောင်စီ အမှီလိုက်နေသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သံတမန်ရေးရာ အခန်းကဏ္ဍသို့ မြေပြင်ပေါ်မှ​ သိရှိထားသော အခြေအနေမှန်များနှင့် ပြည်သူတို့၏ အသံကို မြှင့်တင်ကြားသိစေခဲ့သည်။​ လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း ​(ASEAN) နိုင်ငံခြားရေး ၀န်ကြီးများသည် ယခုနှစ်အစောပိုင်း ဧပြီလ ၂၄ ရက်နေ့ ဂျကာတာတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအ၀ေး တွင် ချမှတ်ခဲ့သည့် အာဆီယံဘုံသဘောတူချက်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ လိုက်နာမှု မရှိသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆိုင်ရာ အရေးပေါ်အထူးအစည်းအ၀ေးကို  အောက်တိုဘာလ ၁၅ ရက်နေ့တွင်  ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ခွဲခြားမှုမရှိသည့် အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတာဝန်ခံမှု ယန္တရားများ […]

,

ဂန့်ဂေါတွင် မြစ်ရေကြီးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ရေဘေးပါရှောင်နေရ

By ဧရာဝတီ 18 October 2021 မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မြစ်သာမြစ်ရေ မြင့်တက်လာပြီး စစ်ဘေးရှောင် နေသည့် ဒေသခံ ပြည်သူများ ရေဘေးပါ ထပ်မံ တိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီက ရွာအတွင်း မကြာခဏ ဝင်ရောက်စီနင်းပြီး နေအိမ်များ မီးရှို့ခံရသည့် နှမ်းခါးရွာတွင် ဒေသခံပြည်သူ ထောင်နှင့်ချီကာ မြစ်သာမြစ် တဖက်ကမ်းတွင် စစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး မြစ်ရေ မြင့်တက်လာမှုကြောင့် ထပ်မံ ရှောင်တိမ်းနေရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေမြင့်တက်နေပြီး မြစ်သာတမံရေပိုလွှဲမှလည်း အမြင့် ၅ ပေထက် မနည်း ရေလျှံကျနေကြောင်း သိရသည်။ စစ်ဘေးရှောင်တွေ ရေကြီးမှုနှင့်ပါ ရင်ဆိုင်နေရ နှမ်းခါးရွာ ဒေသခံတဦးက “မြစ်သာမြစ်ရိုး […]