စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးဆက်လုပ်
စစ်အာဏာသိမ်းတာကိုလက်မခံပဲ လက်နက်စွဲကိုင်တိုက်ခိုက်မှုတွေ မျးားပြားတဲ့ စစ်ကိုင်း နဲ့ မကွေးတိုင်တို့မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ ဒုက္ခသည် အရေအတွက်လည်းတိုးလာပြီး အကူအညီတွေလိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း ကျေးရွာဖြစ်တဲ့ ညောင်လှကျေးရွာကို နိုဝင်ဘာ ၂၇ ရက်နေ့လည်ပိုင်းက စပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးဆောင်ရွက်နေရာမှာ လေကြောင်းကနေ ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုတွေပါ ရှိနေတယ်လို့ ဒေသခံတွေပြောသလို၊ ရဟတ်ယာဉ်သုံးတိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်လည်း လူမှုကွန်ယက်မှာ ပျံနှံနေပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာတွေရှိသလို၊ စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်မှုကြောင့် ဒီပဲယင်း ညောင်လှကျေးရွာက အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ “အခြေအနေက အလောင်းကောက်လို့ရတဲ့ဟာပဲ အတည်ပြုလို့ရတာ။ ခပ်လှမ်းလှမ်းကနေ ဝင်ရင်း […]