အင်းစိန်ထောင်ဆေးရုံတွင် အကျဉ်းသားချင်း အဓမ္မပြုကျင့်မှု ထိရောက်စွာအပြစ်ပေးအရေးယူခြင်း မရှိ
မဇ္ဈိမ။ ။အင်းစိန်အကျဉ်းထောင်ရှိ ထောင်ဆေးရုံတွင် နိုင်ငံရေးအကျဉ်းသားတဦးကို အဓမ္မပြုကျင့်ခဲ့သည့် အကျဉ်းခန်းလူကြီးအား ထောင်အာဏာပိုင်များက ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၃ နာရီက မုဒိမ်းမှုဖြင့် ထောင်ကျနေသည့် အကျဉ်းခန်းလူကြီး ဇင်မျိုးကို(ခ) မျိုးကြီးက ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် အသက် ၂၅ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသားကို ထိုးကြိတ်၍အဓမ္မပြုကျင့်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာမှာ အင်းစိန်ထောင်ဝင်းအတွင်း ရှိ ထောင်ဆေးရုံ၊ တီဘီရောဂါသမားများအားထားသည့် အခန်းတွင်ဖြစ်ပြီး ကျူးလွန်သူမှာ အဆိုပါအခန်း ၏ အခန်းလူကြီးအဖြစ် တာဝန်ပေးခံထားရသူဖြစ်ကြောင်း သိရသည်။ ယင်းသို့ အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ ဇင်မျိုးကိုအား ထောင်အာဏာပိုင်များက တစုံတရာ အရေးယူမှု မရှိကြောင်း […]