Entries by ndb14

,

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ စွပ်စွဲခံနေရတဲ့အမှုတွေထဲက အချို့ကို အပြီးသတ်အမိန့်ချဖို့ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် မနက်ဖြန် နိုဝင်ဘာလ ၃၀ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ မနက်ဖြန်မှာ အမိန့်ချဖို့ တရားရုံးက လျာထားတဲ့ သဘာဝဘေးစီမံအမှုဟာ ၂၀၂၀ မဲဆွယ်ကာလမှာ ဥတ္တသီရိမြို့နယ်ထဲဖြတ်သွားတဲ့ NLD မဲဆွယ်ယာဉ်တန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့က ထွက်ပြီးလက်ပြနှုတ်ဆက်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့စွဲဆိုခံထားရတဲ့အမှုပါ။ ကိုဗစ်ကာလအတွင်းလူစုလူဝေးဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့စွဲဆိုခံထားရတာဖြစ်ပါတယ်။ နောက်ထပ်အမိန့်ချမယ့် ပုဒ်မ ၅၀၅(ခ)အမှုကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ ၃ ဦး လုံးတစ်ပေါင်းတည်းစွဲဆိုခံထားရတဲ့အမှုဖြစ်ပါတယ်။ သူတို့ ၃ ဦးလုံး ရင်ဆိုင်နေရတဲ့ အဲဒီအမှုဟာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ […]

,

ဒီပဲယင်းတွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် တိုက်သဖြင့် ဒေသခံများထွက်ပြေးနေရ

အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရစဉ် ဒေသခံခြောက်ဦး သေဆုံးသည်ဟု ဒေသခံအချို့က ဆိုသည်  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်များအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံသုံးဦးက ဆိုသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူဖြည့်တင်းကာ တိုက်ခိုက်ခဲ့မှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ ဆည်ကြီး၊ သရက်တော၊ မူခတွင်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး စသည့် ကျေးရွာများမှ ဒေသခံများ […]

,

PDF အမျိုးသမီးတစ်ဦးကို ရဲနှင့် ပျူစောထီး ရက်ရက်စက်စက် သတ်ဖြတ်မှု

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ PDF ထောက်ပံ့သူ အမျိုးသမီးကို လက်နက်ကိုင်အမျိုးသား ၂၀ က ဖမ်းဆီးပြီး ပစ်သတ်ခဲ့ကြောင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ (ဤဆောင်းပါးတွင် စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်) စက်တင်ဘာ ၁၄ သန်းခေါင်ယံတွင် မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့အတွက် ရန်ပုံငွေရှာဖွေထောက်ပံ့သူ ဒေါ်စန္ဒာဝင်းကို လက်နက်ကိုင်လူတစ်စုက တောင်ဘက်ကျေးရွာရှိ နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းသွားရာတွင် လက်ထိတ်ခတ်ခြင်း၊ ကြိုးတုပ်ခြင်းမရှိသဖြင့် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမည်ဟု ယူဆခဲ့ကြောင်း၊ သို့သော်လည်း ၄၂ နှစ်အရွယ် ဇနီးဖြစ်သူကို နောက်ဆုံးအကြိမ် တွေ့လိုက်ရသည့် မြင်ကွင်းပင်ဖြစ်ကြောင်း ခင်ပွန်းသည်က ပြောပြသည်ဟု ရွာသားများထံမှ သိရသည်။ ဒေါ်စန္ဒာဝင်း အဖမ်းခံရပြီး နာရီအနည်းငယ်အကြာတွင် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ “သူ့ကို ခေါ်သွားပြီး သေနတ်သံကြားတော့ ဒီလူတွေသွားရင်းလာရင်း ဖောက်တာပဲလို့ ထင်ကြတာ။ အရင်ကလည်း ဒီလိုဝင်လာပြီး ပြန်သွားရင် လျှောက်ပစ်ကြတာလေ” ဟု […]

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ)နိုင်ငံမှ ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် အပြစ်မဲ့ပြည်သူများအား စစ်အာဏာရှင်တို့မှ ဆက်လက် အကြမ်းဖက်မှုကို ရှုံ့ချထားသည်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ)နိုင်ငံမှ ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် အပြစ်မဲ့ပြည်သူများအား စစ်အာဏာရှင်တို့မှ ဆက်လက် အကြမ်းဖက်မှုကို ရှုံ့ချထားသည် ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ ဆယ်စုနှစ်များနှင့်ချီ၍ မြန်မာစစ်တပ်မှ စနစ်တကျ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မြန်မာပြည်သူများသည် လက်မခံဘဲ ဆန့်ကျင်ခဲ့ကြသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ ထုတ်ပြန်သည့် “ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လမ်းချော်ခဲ့သောမြန် မာ” အစီရင်ခံစာတွင် အာဏာသိမ်းစစ်အုပ်စုက မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအား မည်သို့ ဟန့် တားနှောင့်ယှက်နေသည်ကို တင်ပြထားသည်။ မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် အာဏာသိမ်း၍ တိုင်းပြည်အာဏာကို မတ ရား ရယူပြီးနောက် အလွန်စိုးရိမ်ဖွယ် လူသားချင်းစာနာသည့် အရေးပေါ်အကူအညီများ လိုအပ်ခြင်း နှင့်အတူ […]

ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လမ်းချော်ခဲ့သော မြန်မာ

အာဏာသိမ်းစစ်အုပ်စုက မြန်မာ့ဒီမိုကေရစီ အကူးအပြောင်းအား ဟန့်တားနှောင့်ယှက်မှုများ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပြည် တွင်းစစ်နှင့်  ငြိတွယ်ခဲ့ရသည်။  နှစ်ပေါင်း  ၇၀ ကျော်ပြည် တွင်းစစ်တလျှောက်   စစ်အာဏာရှင်များသည်  အရပ်သားပြည်သူများအပေါ် ထိန်းချုပ်သည့် ဗျူဟာများချမှတ်ကျင့်သုံးခဲ့သည်။  ၁၉၆၂  ခုနှစ်တွင် စစ်တပ်မှ ပထမဆုံးအကြိမ် အာ ဏာ သိမ်းခဲ့ပြီးနောက်  တပါတီ အာဏာရှင်စနစ်ကို ဖန်တီး၍တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ခုနှစ်  အထွေထွေအရေးတော်ပုံကြီးကြောင့် ၂၆ နှစ်ကျော် စစ်ဗိုလ်ချုပ်များအုပ်ချုပ်ခဲ့သည့် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြီး နိဂုံးချုပ်သွားခဲ့သည်။ တဖန် ၁၉၈၈  ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီး  ၂၀၁၁ ခုနှစ်အထိ  တိုင်းပြည်ကိုအုပ် ချုပ်ခဲ့သည်။  ထို့ နောက် ၂၀၁၀ ရွေးကောက်အပြီး သမ္မတဦးသိန်းစိန် အာဏာရလာခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်များ သည် ၎င်းတို့ […]

,

စစ်ကောင်စီတပ်က ၇ နှစ်သမီးကို စစ်ကြောရေးလုပ်ခဲ့

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်ကို ဖမ်းဆီးစဉ် သူ၏ သမီးငယ်လည်း စစ်ကြောရေးစခန်းတွင် စစ်ကြော မေးမြန်းခံရသည်ဟု မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သားတို့က ရန်ကုန်မြို့မှ သတင်းသမား မထက်ထက်ကို ဖမ်းဆီးရာတွင် သူ၏ ၇ နှစ်အရွယ် သမီးဖြစ်သူကိုပါ နှစ်ညတိတိ ခေါ်ယူထားကာ စစ်ဆေးခဲ့ကြောင်း ရန်ကုန်သတင်းရင်းမြစ်တချို့ထံမှ သိရသည်။ စက်တင်ဘာ ၁၁ ရက်နေ့က သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်၊ သူ၏သမီး၊ သတင်းထောက် ကိုဝေလင်းယုတို့ကို ဖမ်းဆီးစဉ် ကလေးကိုပါ ထိုသို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစု၏ မိတ်ဆွေတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောပြသည်။ အမှုဖွင့်ထားသည့် သာကေတမြို့နယ် ရဲစခန်းက ၎င်းတို့ကို ဖမ်းဆီးစဉ် ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု မိသားစုဝင်များကို ပြောဆိုခဲ့သည်ဟု သိရသည်။ “သတင်းထောက်တစ်ယောက်အနေနဲ့ […]

မြန်မာ နိုင်ငံမှာ ဥပဒေမဲ့ အဖမ်းအဆီးများပြားလာမှု ကုလအထူးစိုးရိမ် (အတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို ထင်သလို ဖမ်းဆီးမှုတွေ တိုးလာနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ထင်သလို ဖမ်းဆီးမှုတွေ တိုးလာတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ပါတယ်။ NLD အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ဆက်နွယ်နေသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်နေသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်ကို ကျင့်သုံးတာကနေ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာတွေအထိ သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ပစ်မှတ်ထားတာကို ခံနေရကြောင်းနဲ့ ဒီလို ထင်ရာဖမ်းဆီးမှုတွေကို ရပ်ပစ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ […]

,

နိုင်ငံတကာရဲတပ်ဖွဲ့ အာဏာရှင်အစိုးရတွေ လက်အောက်ရောက်မည့်အရေး လူ့အခွင့်အရေးအမားတွေစိုးရိမ်

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကို ရွေးချယ်ဖို့ ဒီသီတင်းပတ် အတွင်းမှာဘဲ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ စည်းဝေးကြဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း Interpol ရဲ့ သြဇာကြီးတဲ့ ကမ ္ဘာတဝန်း ရဲဝန်ထမ်းများရဲ့ ကွန်ရက်ဟာ အာဏာရှင် အစိုးရတွေရဲ့ လက်အောက်ကို ကျရောက်သွားနိုင်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွှတ်တော် အမတ်တွေက သတိပေးနေကြပါတယ်။ ပြင်သစ် အခြေစိုက် Interpol ရဲ့ အထွေထွေညီလာခံကို တူရကီမှာ အင်္ဂါနေ့ ကျင်းပမှာဖြစ်ပြီး အဖွဲ့ကြီးရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် ယှဉ်ပြိုင်နေကြသူတွေထဲမှာ တရုတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု တို့လို နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး အတွက် အသုံးချခံမှာ […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (၂၀၂၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့ မှ ၂၁ ရက်နေ့အထိ)

၆ လကြာ ဖမ်းဆီးထိမ်းသိမ်းခံရပြီးနောက် အမေရိကန်သတင်းစာဆရာ Danny Fenster သည် ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် US သံတမန်ဟောင်း Bill Richardson ၏ အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ပြည်လည်လွတ်မြောက်သည့် နေ့မတိုင်မီ နို၀င်ဘာလ ၁၂ ရက်နေ့တွင် ၎င်းကို ပြည်နှင်ဒဏ် ပေးခဲ့သည့် စစ်ကောင်စီမှ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။ Danny Fenster အလုပ်လုပ်သည့် Frontier Myanmar သတင်းဌာနမှ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အမှုအပေါ် အခြေအမြစ်မရှိ၊ ​တရားမျှတမှုမရှိဘဲ ဥပဒေအောက်တွင် ပြင်းထန်လွန်းကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထောင်တွင်းတရားရုံးတွင် လအတန်ကြာ စစ်ဆေးပြီးနောက် အစကတည်းမှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုသင့်သော သတင်းသမားများနှင့် နိုင်ငံရေးအကျဥ်းသားကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရန် တောင်းဆိုမှုများ […]

,

ဆေးဝါးရိက္ခာ အပူတပြင်းလိုအပ်နေတဲ့ ချင်းစစ်ဘေးရှောင် လူနာများ

ချင်းပြည်နယ် မတူပီမြို့နယ်က တောတောင်ထဲမှာ ပုန်းရှောင်နေကြတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး တော်တော်များများ ကိုဗစ်ရောဂါလက္ခဏာတွေ ပြနေပေမဲ့ စစ်ဆေးနိုင်ခြင်း မရှိကြပါဘူး။ ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည်တွေထဲက ဖျားနာနေသူ ၄၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဆေးဝါးနဲ့ အစားအသောက် အလွန်အမင်း လိုအပ်နေတဲ့ ဒုက္ခသည်တွေ ဖျားနာနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။ ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တဲ့ နေရာတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် တောတောင်ထဲ ထွက်ပြေးနေကြရတဲ့ မတူပီမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တော်တော်များများ ဖျားနာနေကြပါတယ်။ မတူပီမြို့နယ် ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၄၀၀ လောက် ဖျားနာချောင်းဆိုးနေကြပြီး တချို့မှာ ကိုဗစ်ရောဂါလက္ခတွေပြနေပေမဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ […]