Entries by ndb14

,

ကော့ကရိတ်တွင် စစ်တပ်က ရဟတ်ယာဉ်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေ

နံနက် ၈ နာရီကတည်းက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေခြင်းဖြစ်ကာ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်မှ စက်သေနတ်ဖြင့် မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်ပြင် ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ ကော့ကောရိတ်မြို့ အရှေ့တောင်ဘက်ရှိ ကျေးရွာများကို နံနက်ပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်ပါ အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။ “လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တာ။ အခုလည်း ပစ်တာ။ လေယာဉ်ပျံပါ လာပစ်တယ်။ ဒီနေ့ ဘယ်နှယောက်ထိလဲ မသိသေးဘူး။ အခု သူတို့က လေယာဉ်ပျံနဲ့ ရမ်းသန်းပြီးပစ်တော့ ရွာသားတွေပဲ […]

,

ဝက်လက်မြို့ဒေသခံတို့ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ အသုံးချ

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အရပ်သားတို့ကို ဖမ်းပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားနေသဖြင့် ဝင်တိုက်ရ ခက်နေသည်ဟု PDF က ပြောသည်။ ယမန်နေ့ (ဇန်နဝါရီ ၉) တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်သားအများအပြား ရောက်လာသော်လည်း ရွာသားတို့ကို ဖမ်းဆီးပြီး အကာအကွယ်ယူထားကြသောကြောင့် ဝင်မတိုက်ဘဲ ဆုတ်ခွာပေးလိုက်ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။ ‌ညောင်ပင်ကြီးတော ကျေးရွာအပြင်ဘက် တောရဘုန်းကြီးကျောင်းအနီးသို့ ရဟတ်ယာဉ်နှင့် ရောက်လာသည့် စစ်သားများ၊ ကုန်းကြောင်းရောက်လာသည့် စစ်သားများက စစ်ကြောင်းနှစ်ခုခွဲပြီး ချီတက်ခဲ့သည်ဟု ဝက်လက်ဒေသခံများနှင့် PDF ထံမှ သိရသည်။ “သူတို့က ပြည်သူတွေဖမ်းထားပြီး၊ ကြားထဲ ညှပ်ပြီး တောထဲ လျှောက်သွားတာပေါ့ဗျာ၊ ဟိုသွား ဒီသွားနဲ့။ သူတို့က မိုင်းကြောက်လို့ အဲလိုလုပ်တာပေါ့” ဟု ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ပြည်သူတွေက ကြားညပ်နေတော့ တိုက်ပွဲက ဖော်လို့မရဘူး၊ ပြည်သူတွေက ကြားထဲ ညပ်နေတော့ […]

,

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေ

လူဦးရေထောင်ဂဏန်းရှိ ဦးနှောက်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် လာဝိုင်းခြင်းဖြစ်ကာ ရဟတ်ယာဉ်တစ်စီးမှ ပစ်ခတ်နေစဉ် အခြားနှစ်စီးဖြင့် စစ်သားများချပေးနေကြောင်း PDF တာဝန်ခံက ပြောသည်။  ဒေသခံ PDF ခေါင်းဆောင်ရှိသည် အထင်ဖြင့် စစ်ကောင်စီက စစ်ကိုင်းတိုင်း ပုလဲမြို့အနောက်ဘက်ရှိ ဦးနှောက်ရွာကို ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းတွင် ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်နေသည်ဟု သိရသည်။ ပုလဲမြို့အနောက်ဘက် ၁၂ မိုင်အကွာရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရအချို့နှင့် ဖမ်းဆီးခံရသူများရှိသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်နဂါးက Myanmar Now ကို ပြောသည်။ “အဲဒီရွာကို ကျွန်တော်ရှိတယ်ဆိုပြီး လေယာဉ်နဲ့ လာပစ်တာ။ အဲဒီက အခြေအနေကို သတင်းတိတိကျကျတော့ မရသေးဘူး။ […]

,

မတူပီမြို့နယ်မှာ သတင်းထောက်နဲ့ ကလေး အပါအဝင် လူ ၁၀ ဦး သတ်ဖြတ်ခံရ

ချင်းပြည်နယ် မတူပီမြို့ မြောက်ဘက် ကိုးမိုင်ခန့်အကွာ ကီလှုန်းနဲ့ လုံလှော်ရွာဘက်မှာ ဇန်နဝါရီ ၆ ရက်နေ့က ဒေသခံ ၁၀ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ အဲဒီ ရွာသား ၁၀ ဦးထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၈ ရက်နေ့က ကစဲရွာနားမှာ တွေ့ရှိခဲ့ရသလို နောက်ထပ် ရှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း ဇန်နဝါရီလ ၉ ရက်နေ့က ကီလှုန်းနဲ့ လုံလှော်ရွာကြားမှာ တွေ့ရှိခဲ့ ရတာပါ။ သတ်ဖြတ်ခံရသူတွေဟာ ဆလိုင်းသွီဒင်း (Salai Tui Dim)၊ ဆလိုင်း ဗန်ထူး (Salai Van Htoo)၊ ဆလိုင်း စတီဗင် (Salai Steven)၊ ဆလိုင်း လားရင်းလ် […]

,

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို အမေရိကန်တိုက်တွန်း

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြားလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုပါကြောင်း၊ စစ်အာဏာရှင်ရဲ့ နှိပ်စက်မှုတွေ ခံစားနေရကြရပေမဲ့ ပိုပြီးကောင်းမယ့် အနာဂတ်ရဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်က ပြောင်းလဲမသွားပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ ဒါ့အပြင် မတရားထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည် […]

,

ကူညီရေးဝန်ထမ်းတွေ သေဆုံးရတဲ့ တိုက်ခိုက်မှုကို အရေးယူဖို့ စာနာမှုအဖွဲ့တွေတောင်းဆို

ကယားပြည်နယ် အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က လူသားချင်း စာနာမှုဝန်ထမ်း ၂ ဦးအပါအဝင် အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံခဲ့ရတဲ့ပေါ် ရှုတ်ချကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN တို့ အနေနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ မြန်မာနိုင်ငံတွင်းက လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်း ၁၄ ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။ အခုလိုအရပ်သားတွေနဲ့ လူမှု ကူညီရေး လုပ်သားတွေကို ကမ်းကုန်လောက်အောင် ဆိုးရွားတဲ့ တိုက်ခိုက်မှု အတွက် အလွန်ကိုဘဲ မခံမရပ်နိုင် ဖြစ်ရကြောင်းနဲ့ ဒီကိစ္စ အတွက် တာဝန်ရှိသူတွေကို အရေးယူရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အရပ်သားတွေနဲ့ […]

မြန်မာစစ်အာဏာရှင်အုပ်စုကို ဟွန်ဆန်က ပံ့ပိုးကူညီခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနှင့် ကမ္ဘောဒီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ (၄) ရက် ဤကြေညာချက်ကို လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့မြန်မာနှင့်ကမ္ဘောဒီယား အရပ်ဘက် လူမှုအဖွဲ့ အစည်းများက မြန်မာနိုင်ငံ စစ်အာဏာရှင်အုပ်စုကို ပံ့ပိုးကူညီနေသော ဟွန်ဆန်၏လုပ်ရပ်အား ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုံ့ချပြီး နိုင်ငံတကာအနေဖြင့် စစ်အုပ်စု၏အကြမ်းဖက်ရမ်းကားမှုလုပ်ငန်းများကို ချက်ချင်း တားဆီးနိုင်ပြီး အရေးယူတုံ့ပြန်နိုင်ရန် အရေးပေါ် ပူး‌ပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းလိုက်သည်။ မြန်မာစစ်အာဏာရှင်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့တွင် အာဏာသိမ်းရန် ကြိုးပမ်းပြီးချိန်မှစ၍ ပြင်းထန်သော အကြမ်းဖက်မှုများကို အသုံးပြု၍ နိုင်ငံတဝှမ်းပြည်သူများကို ထိတ်လန့် ကြောက်ရွံ့အောင် ဆောင်ရွက်နေသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင်အုပ်စုကို ပြင်းပြင်းထန်ထန် ဆက်လက်တွန်းလှန်နေဆဲဖြစ်ရာ အောင်မြင်လာသည့်အလျောက် စစ်အုပ်စုသည် (၁၁) လ ကြာသည့်တိုင် တိုင်းပြည်ကို ထိထိရောက်ရောက် ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်ကြပါ။ သို့သော် စစ်အုပ်စုသည် […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းမှ စတင်၍ လူပေါင်း ၁၃၉၃ ဦး ကျဆုံးခဲ့ပြီး ၁၁,၂၉၆ ဦးဖမ်းဆီးခံခဲ့ရကာ ၈၀၀၀ ကျော်သည် ယနေ့ထက်တိုင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာတစ်လ တည်းမှာတင် အရပ်သားပြည်သူ ၅ ဒါဇင်ကျော် အသတ်ခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်ကာလအတွင်း အမျိုးသမီး ၁၀၀ နီးပါး အသတ်ခံခဲ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးအလားအလာသည် မကြားသေးခင် ကာလများထက်ပင် ပို၍ ဝေးကွာနေသည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် စစ်အာဏာရှင်သည် လူငယ်တို့၏ မျှော်လင့်ချက်နှင့် […]

,

စစ်ကောင်စီက ကလေးမှ ရွာသား၂၀ ကို သတ်ပြီး ၅၇ အိမ်မီးရှို့ဟု ဒေသခံတို့ ပြော

စစ်ကိုင်းတိုင်း ကလေးမြို့ပြင်ကို လေတပ်နှင့် ကြည်းတပ် ဝင်တိုက်စဉ် တိုက်ပွဲအတွင်း ပိတ်မိသူတို့သေဆုံးသည်ဟု ဒေသခံများက ပြောသည်၊ စစ်ကောင်စီကမူ PDF တို့ သေဆုံးခြင်းဖြစ်သည် ဆိုသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေတပ်နှင့် ကြည်းတပ် လက်ချက်ကြောင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၀ သေဆုံးပြီး အိမ် ၅၇ လုံး မီးလောင်သွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြောသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး စသည့် ရွာများတွင် တိုက်ပွဲပြင်းထန်စဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး စာရင်းပြုစုထားသည်ဟု ပကဖအဖွဲ့က ပြောသည်။ လေကြောင်းမှ တိုက်ခိုက်ခံရသော နတ်ချောင်းရွာမှ သေဆုံးသူ အရပ်သားများထဲတွင် ၆ ဦးကို အမည်၊ အသက် မသိရှိရသေးပေ။​ စာရင်းတွင် ၇၂ နှစ် […]

,

မိုဆိုရွာ သတ်ဖြတ်မှု စစ်တပ်လက်ချက်လို့ NUG အထောက်အထားတွေ ထုတ်ပြန်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို အာဏာသိမ်းစစ်ကောင်စီဘက်က ကျူးလွန်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မျက်မြင်သက်သေ အထောက်အထားတွေနဲ့အတူ ပြောဆိုလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။ အဲ့ဒီနေ့က ဖြစ်ရပ်မှာ သေဆုံးတဲ့ ဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့်၊ NUG အစိုးရက ထုတ်ပြန်လာတဲ့ မျက်မြင်သက်သေတွေကတော့ သေဆုံးသူတွေဟာ သာမန်အရပ်သား ဒေသခံတွေဖြစ်ပြီး၊ စစ်တပ်က အစုအပြုံလိုက် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ပြောကြပါတယ်။ မီးလောင်ကျွမ်းတဲ့ အလောင်းတွေကို စစ်ဆေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ခွဲစိတ်ဆရာဝန်တစ်ဦးက […]