မြိုင်တွင် ပိုက်ဆံမပေးသဖြင့် စစ်တပ်က ရေနံမှော်များကို မီးရှို့
ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည် မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်အတွင်းရှိ လက်ယက်တွင်းရေနံမှော်များကို စစ်တပ်က ယနေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်နှစ်ဦးထံမှ သိရသည်။ မြိုင်နှင့် ပေါက်မြို့နယ်အကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စီးနင်းပြီးနောက် ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မီးရှို့နေခြင်းဖြစ်ကြောင်း မြိုင် PDF ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဗိုလ် Cross ဆိုသူက ပြောသည်။ “အဲဒီနားက ဆီလှောင်တဲ့ခြံတွေ၊ (ရေနံ)ကျင်းတွေရော အကုန်ပတ်ရှို့နေတာ။ […]