မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ
2021 ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ အဓိက တယ်လီကွန်းအော်ပရေတာနှင့် ဒုတိယအကြီးဆုံး တယ်လီကွန်းလုပ်ငန်းတစ်ခုဖြစ်သည့် Telenor Group မှ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှု စတင်ပြီးနောက် ခြောက်လခန့်အကြာတွင် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့်အပြင် ကုမ္ပဏီတစ်ခုလုံးကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုအုပ်စုဖြစ်သည့် M1 Group သို့ ရောင်းချခဲ့သည်။ အဆိုပါရောင်းချမှုကို အာဏာသိမ်းစစ်အာဏာရှင်မှ ပယ်ချခဲ့ပြီး M1 Group နှင့် စစ်တပ်၏ စီးပွားဖက်ဖြစ်သည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီအား ရောင်းချရန် သိုသိုသိပ်သိပ် ခွင့်ပြုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ လွန်ခဲ့သည့်လများအတွင်း တယ်လီနော သုံးစွဲသူ ၁၈ သန်း၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးမြင့်လာခဲ့သည်။ တယ်လီနော၏ ထွက်ခွာမှုသည် ထောင်ပေါင်းများစွာသော […]