Entries by ndb14

,

အသံတိတ်သပိတ်ကို ထိတ်လန့်သဖြင့် ဆိုင်ဖွင့်ရန် စစ်ကောင်စီက ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းနေ

အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ထိတ်လန့်သဖြင့် စစ်ကောင်စီက လမ်းဘေးဈေးသည်မှအစ စတိုးဆိုင်၊ စားသောက်ဆိုင်ကြီးများအထိ ဖွင့်လှစ်ရန် ဖိအားပေး လက်မှတ်ထိုးစေကာ ခြိမ်းခြောက်နေသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပိတ်ခဲ့မည်ဆိုပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည့်အပြင် အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က၊ ၅၀၅ (က) တို့ဖြင့်ပါ အရေးယူခံရနိုင်သည်ဟု ခြိမ်းခြောက်ထားသည်။ “ကျမက ကွမ်းယာဆိုင်နဲ့ ကွမ်းပစ္စည်းဆိုင်လေး ဖွင့်ထားတာပါ၊ အဲဒါကို ၃၀ ရက်နေ့က ၁ ရက်နေ့မှာ ဆိုင်မပိတ်ဖို့နဲ့ ဆိုင်ပိတ်ရင် ဆိုင်ကိုဖျက်မယ်၊ ပြီးရင် ထောင်ချခံရမယ်တို့ ဘာတို့ ပြောပြီး လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်ရတယ်၊ အဲဒီလို လာပြောတာတောင် သေနတ်ကြီးတွေ […]

,

ဒီပဲယင်းအနောက်ခြမ်းတွင် နေအိမ် ၁၂ လုံး မီးရှို့ခံရ၊ ဒေသခံထောင်ချီ ထွက်ပြေးရ

သိုလှောင်ထားသည့် စပါးတင်းရာချီ အပါအဝင် နှစ်ထပ်အိမ်များနှင့် ထွန်စက်၊ စက်ချုပ်ခုံများ မီးရှို့ ဖျက်ဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။​ ဒီပဲယင်းမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဝပါကျေးရွာကို ယမန်နေ့တွင် အင်အား ၈၀ ခန့်ပါ စစ်တပ် ဝင်ရောက်လာပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၃၁) တွင် အနီးရှိ ငဝဲတောကျေးရွာရှိ နေအိမ် ၇ လုံးကို ထပ်မံမီးရှို့သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပ.က.ဖ) အဖွဲ့ဝင် ကိုလင်းယုန်ဆိုသူက ပြောသည်။ “မနေ့က ဝပါမှာ တပ်ဆွဲတယ်၊ […]

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ

အကြမ်းဖက်စစ်အာဏာရှင်တို့၏ အက်ကြောင်းများကို တွေ့မြင်နေရသည်။ အပျက်အစီး အသေအပျောက်များခဲ့ပြီး လူသစ်စုဆောင်းရေးအတွက် ရုန်းကန်နေရသည်။ အကြမ်းဖက်စစ်အာဏာရှင်၏ တရား၀င်မှုအတွက် အဆက်မပြတ်တောင်းဆိုနေမှုကို ရပ်တန့်၍ မရနိုင်သော နွေဦးတော်လှန်ရေးသည် ဖြုတ်ချနိုင်သောကြောင့်  အကြမ်းဖက်စစ်အာဏာရှင်ကို ထောက်ခံမှု ယခင်ထက်နည်းပါးလာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက်တပ်သား ၁၆၀ ကျဆုံးခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် ရာထူးအလတ်တန်းစား စစ်သည်များ၏ ဇနီးများနှင့် အသက် ၁၅ နှစ်အထက် သားသမီးများအား မသင်မနေရ စစ်သင်တန်းတက်ရောက်စေကာ လူသစ်စုဆောင်းရေး နည်းဗျူဟာများကို အတင်းအကြပ် တိုးမြှင့်လုပ်ဆောင်နေချိန်  စစ်ကူများ ထပ်မံစေလွှတ်သောကြောင့် အသေအပျောက်များ ဆက်လက်တိုးလာနေသည်။ တိုက်ပွဲများအတွင်း ကလေးသူငယ် အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ စစ်အာဏာရှင်မှ ဥပဒနှင့်မညီသော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသကဲ့သို့ […]

,

မြိုင်တွင် ပိုက်ဆံမပေးသဖြင့် စစ်တပ်က ရေနံမှော်များကို မီးရှို့

ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည် မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်အတွင်းရှိ လက်ယက်တွင်းရေနံမှော်များကို စစ်တပ်က ယနေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF) ခေါင်းဆောင်နှစ်ဦးထံမှ သိရသည်။ မြိုင်နှင့် ပေါက်မြို့နယ်အကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စီးနင်းပြီးနောက် ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မီးရှို့နေခြင်းဖြစ်ကြောင်း မြိုင် PDF ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဗိုလ် Cross ဆိုသူက ပြောသည်။ “အဲဒီနားက ဆီလှောင်တဲ့ခြံတွေ၊ (ရေနံ)ကျင်းတွေ​ရော အကုန်ပတ်ရှို့နေတာ။ […]

,

မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမပေါ်က ကျေးရွာ၁၀ရွာ စစ်ပြေးနေရ

ချင်းပြည်နယ် မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးမြှင့်လှုပ်ရှားနေတာကြောင့် လမ်းတလျှောက် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ အိုးအိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ တောတောင်ထဲမှာ ခိုလှုံနေကြသူတွေအနေနဲ့ မီးခိုးထွက်မှာစိုးလို့ ထမင်းဟင်း ချက်ပြုတ်စားဖို့တောင် အခက်ဖြစ်နေကြပါတယ်။ ဒီစစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို မဆုမွန်ပြောပြမှာပါ။ ချင်းပြည်နယ်ထဲက မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေသလို အဲဒီဒေသဘက်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးနေတာကြောင့် မတူပီ-မင်းတပ် ပြည်ထောင်စုကားလမ်းမကြီးတလျှောက်မှာရှိနေတဲ့ ရွာတွေ ဒုက္ခရောက်နေကြပါတယ်။ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ဘေးလွတ်နိုင်မယ့်နေရာတွေမှာ ပုန်းခိုနေကြရပါတယ်။ သူတို့အနေနဲ့ မီးခိုးငွေ့ထွက်မှာစိုးလို့ ထမင်းဟင်းတောင် ချက်ပြုတ်စားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခရောက်နေသူတဦးက ဗီအိုအေကို ပြောပါတယ်။ “ပြည်ထောင်စုလက်မပေါ်မှာ သူတို့ရောက်မယ်ဆိုရင် ကျနော်တို့ […]

,

ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ

ကယားပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်နေရသူဦးရေ ၁ သိန်း ၇ သောင်းကျော်ထိရှိ လာကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေး အဖွဲ့၏ ကောက်ယူထားသည့် စာရင်းများ အရ သိရသည်။ ကယား စစ်ဘေးရှောင် ပြည်သူများသည်အနေဖြင့် ကယားပြည်နယ်တွင်းပင် လှည့်လည် တိမ်းရှောင်နေထိုင်မှုမှာ လူဦးရေ တသိန်းနှစ်သောင်းခန့်ရှိပြီး ဒီမောဆိုမြို့နယ်အတွင်းမှာ တိမ်းရှောင်နေထိုင်ကြသူ အများဆုံး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ မောက်မယ် စသည့် မြို့နယ်များသို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃ သောင်းခန့်၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းသို့ စစ်ဘေး ရှောင်သူ ၁ သောင်း ဝန်းကျင်ခန့်နှင့် မန္တလေး၊ ရန်ကုန် […]

,

ပုလောမြို့ ဗုံးကွဲမှုတွင် ကိုယ်ဝန်သည်နှင့် သူ၏ ၆ နှစ်သား သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပေါက်ကွဲမှုတစ်ခုတွင် ကိုယ်ဝန်ဆောင်တစ်ဦးနှင့် ၎င်း၏ ၆ နှစ်အရွယ် သားဖြစ်သူတို့ ၎င်းတို့၏အိမ်အနီး ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားသည်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ဖျားကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၂၃) ညနေပိုင်းက မိုင်းဗုံးပေါက်ကွဲပြီး ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သူ၏ကလေး ၆ နှစ်သား သေဆုံးသွားသည်။ ညနေ ၅ နာရီခွဲခန့် ရွာတောင်ဘက်အစွန်ရှိ နေအိမ်မှ ၁၈ ပေခန့်အကွာတွင် မိုင်းပေါက်ကွဲ၍ မိခင်မှာ ပွဲချင်းပြီးသေဆုံးပြီး သားဖြစ်သူမှာ နာရီဝက်ခန့်အကြာတွင် သေဆုံးသည်ဟု ပဝတ်ဖျားရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။ “ဖြစ်ဖြစ်ချင်း ၅ မိနစ်လောက်ပဲ ရှိသေးတယ် ကျွန်တော်ရောက်သွားတယ်။ ကလေးက မျှော်လင့်ချက်မရှိပေမဲ့ အသက်နည်းနည်းရှူတယ်ဆိုတော့ ပို့လိုက်ရတာ။ ဆေးရုံရောက်ရောက်ချင်းပဲ သေသွားတယ်”ဟု အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသားက ဆက်ပြောသည်။ ထိုရွာအနီးရှိ […]

,

ပေါက်မြို့မှ ရွာများကို စစ်တပ် ဖျက်ဆီး၊ ဒေသခံတို့ ထပ်ထွက်ပြေးရန် ပြင်ဆင်

မကွေးတိုင်း၊ ပေါက်မြို့နယ် ကျေးလက်ဒေသကို စစ်တပ် ၄ ရက်ဆက် ဝင်ရောက်မွှေနှောက်ခဲ့ရာ ဒေသခံ ၃၀,၀၀၀ ခန့် ဘေးလွတ်ရာ ရှောင်နေရပြီး တော်လှန်ရေးသမားတို့လည်း တပ်ဖျောက်ထားရသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ၄ ရက်ဆက် ဝင်ရောက် မွှေနှောက်ပြီး ယနေ့ ဇန်နဝါရီ ၂၄ တွင် ပြန်လည်ဆုတ်ခွာသွားသော်လည်း မြိုင်ဘက်မှ စစ်ကြောင်းများ ဝင်ရောက်လာဖွယ်ရှိသောကြောင့် ထပ်မံရှောင်တိမ်းရန် ပြင်ဆင်နေကြရသည်ဟု ဒေသခံတို့က ပြောသည်။ “သတင်းတွေကတော့ ကြားနေတယ်။ အခုပဲ ရှောင်ဖို့ ပြင်ဆင်ထုပ်ပိုးနေကြပြီ” ဟု ဇီးတောရွာမှ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ မှ ၂၃ အထိ ပေါက်မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ကျေးရွာများကို စစ်သား ၁၀၀ […]

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

မြန်မာ့အကြမ်းဖက်စစ်တပ်သည် ဆယ့်တစ်လတာ ကာလအတွင်း နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ခြင်းမခံရဘဲ ပြည်သူအပေါ် ထိုးစစ်ဆင်စစ်ပွဲများကို ရပ်တန့်မှုမရှိ ဆက်လက်လုပ်ဆောင်နေသည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် အပြစ်မဲ့ပြည်သူများသည် တိုက်ပွဲများကြား ပိတ်မိနေဆဲဖြစ်သည်။  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ကရင်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့တွင် ထိုးစစ်များ ပိုမိုဆိုးရွားလာသောကြောင့် ထွက်ပြေးတိမ်းရှောင်သူများ ထောင်နှင့်ချီရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်လိုအပ်နေသည်။ မြန်မာနိုင်ငံအတွင်း အဓိက အကူအညီပေးရေးလမ်းကြောင်းများကို အကြမ်းဖက်စစ်တပ်မှ ပိတ်ဆို့ထားဆဲဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ပထမဆုံး ခုခံတုံ့ပြန်သူများကို အကြမ်းဖက်စစ်အာဏာရှင်မှ  ပစ်မှတ်ထားခဲ့ပြီး ရိက္ခာပေးပို့မှုများကို ကြားဖြတ်ဟန့်တားကာ ရိက္ခာများကိုပင် မီးရှို့ဖျက်ဆီးခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများသည် မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲ၀ံ့စွာ ဆက်လက် မှတ်တမ်းတင်နေကြသည်။ အကြမ်းဖက်စစ်အာဏာရှင်များ ချိုးဖောက်ခဲ့သော ရာဇ၀တ်မှုများအတွက် စုဆောင်းထားသော အထောက်အထားများသည် […]

,

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းတွင် ဖမ်းခံရသူ ၃ ဦး သတင်းအစအနပျောက်နေ

ဧည့်စာရင်းစစ်စဉ် စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရန်ကုန်မှ အသက် ၂ဝ ဝန်းကျင် လူငယ်များ မည်သည့်နေရာတွင် ထိန်းသိမ်းခံနေရမှန်း မသိရသေးပေ။ ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်တောင်းရိပ်မွန်အိမ်ရာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရသော လူငယ်သုံးဦး သတင်းအစအန လုံးဝပျောက်ဆုံးနေသည်။ ဇန်နဝါရီ ၁၂ ည ၁၁ နာခန့်က စစ်တောင်းရိပ်မွန်အိမ်ရာ၊ ၉၂ ရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက်နံပါတ် ၄၁ ကို စစ်ကောင်စီတပ်သားများ ဝင်စီးစဉ် အသက် ၂ဝ ကျော် ထိုလူငယ်တို့ အဖမ်းခံရခြင်းဖြစ်သည်။ ထိုလူငယ်များမှာ ၂၃ နှစ်အရွယ် ကိုအောင်သူဟိန်း ခေါ် အောင်ကြီး၊ ၎င်း၏ ညီဖြစ်သူ ၂၁ နှစ်အရွယ် ကိုအောင်မင်းမြတ် ခေါ် ဖြူဖွေး၊ ဒဂုံတက္ကသိုလ် မြန်မာမှုပညာဘာသာရပ်နောက်ဆုံးနှစ် ကျောင်းသားလည်းဖြစ် ဒဂုံတက္ကသိုလ်၏ ကာယပညာနည်းပြ စေတနာ့ဝန်ထမ်းလည်းဖြစ်သည့် ၂၂ […]