Entries by ndb14

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ

ဖေဖော်၀ါရီလ ၁ ရက်သည် ဥပဒေမဲ့ အာဏာသိမ်းသည့် ၃၆၅ ရက်နေ့ပြည့်သည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာရှင်သည် တစ်နှစ်ပတ်လုံး ဆန့်ကျင်တော်လှန်လှုပ်ရှားမှုကို ချေမှုန်းရန် ဒါဇင်နှင့်ချီသော အကြမ်ဖက်သည့် နည်းပရိယာယ်များကို အသုံးပြုခဲ့သည်။ အကြမ်းဖက် ဖိနှိပ်မှုများ မည်မျှပင် ပြင်းထန်နေစေကာမူ နွေဦးတော်လှန်ရေးစိတ်ဓါတ်ဖြင့် အာဏာရှင်ကို ဆက်လက်တော်လှန်နေကြသည်။ ငြိမ်းချမ်းစွာနေထိုင်ပိုင်ခွင့်ကို အရှုံးပေးရန် မထိုက်တန်သောကြောင့် ခေတ်အဆက်ဆက်ပြည်သူများသည် ဒီမိုကရေစီကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန် ပုံသဏ္ဌာန် မျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ တပ်သား အင်အားနည်းပါးသည်မှာ နှစ်အတော်ကြာနေခဲ့ပြီဖြစ်သည်။ တရားဥပဒေနှင့်မညီသော အာဏာသိမ်းခဲ့မှုကြောင့် ၎င်တို့အား အယုံအကြည် နည်းပါးလာသည်။ လေ့လာဆန်းစစ်မှုအရ ညဘက်တွင် တစ်ယောက်တည်း လမ်းလျှောက်ခြင်းသည် လုံခြုံမှုမရှိဟူသော အရေအတွက် မြင့်မားမှုနှင့်အတူ မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုသည် ၂၀၂၁ ခုနှစ်တွင် ရမှတ် […]

,

ပူတာအိုမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၆ဝဝဝ နီးပါး ထွက်ပြေးနေရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှန်ယန်ရွာနဲ့ ဆွမ်ပီယန်ရွာတွေအနီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာဒေသခံ ၆ဝဝဝ လောက် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံရှန်ယန်ရွာသားတဦးက RFA ကို ပြောပါတယ်။ အဲဒီမှာ မနေ့ကလည်း တနေကုန်နီးပါး တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လုံရှန်ယန်ရွာဟာ ပူတာအိုမြို့နဲ့ ဆယ်မိုင်လောက်အကွာမှာ ရှိပြီး လူဦးရေ ငါးထောင်လောက် နေထိုင်ကြတာပါ။ အခု အဲဒီရွာကလူ လေးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က KIA နဲ့ PDF တို့ ပူးပေါင်းပြီး […]

,

ပုလဲမြို့နယ်မှာ ဒေသခံတစ်သောင်းခန့် ထပ်မံထွက်ပြေးရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်လင်းမှုတွေကြောင့် မနေ့ကစပြီး မြို့ပေါ်နဲ့ အနီးနားမှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းခန့် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ည ၈ နာရီလောက်က ပုလဲမြို့မရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ “လှော်ကားတို့၊ ကိုင်းကျွန်းတို့က ဒေသခံတွေက သူတို့ရွာနဲ့ အဝေးမှာပဲ ပုန်းနေရတယ်” နောက်နေ့မနက်မှာပဲ မသင်္ကာတဲ့နေရာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ် တာကြောင့် ပုလဲမြို့ပေါ်နဲ့ အနီးနားမှာရှိတဲ့ ညောင်ကုန်း၊ ကန်ကြီး၊ ဖိုကုန်း၊ ညောင်ကန်၊ ရွာသာ၊ လိပ်ကုန်း၊ ရထင်၊ အေးကုန်း၊ မြကုန်း၊ ရိုး စတဲ့ ရွာပေါင်း ၁၀ […]

,

ကလေးတွင် စစ်တပ်၏လက်နက်ကြီးကြောင့် ကလေးလူကြီး ၈ ဦးထက်မနည်း ဒဏ်ရာရ

တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ချိန်တွင် တစ်လုံးမှာ ရွာသားများ ပုန်းခိုနေသော နေရာအနီးရှိ နေအိမ်ပေါ်သို့ ကျခဲ့၍ ဒဏ်ရာရသည်ဟု ဒေသခံအချို့က အတည်ပြုသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၆) နံနက်က လက်နက်ကြီးဖြင့်ပစ်ရာ ကလေးသုံးဦးအပါအဝင် အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရသည်ဟု မိသားစုဝင်အချို့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က အတည်ပြုသည်။ ထိုနေ့ နံနက် ၉ နာရီကျော်တွင် ဒေသခံများ စုဝေးပုန်းခိုနေသည့် နေအိမ်ပေါ်ကို လက်နက်ကြီးကျခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူများမှာ အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် အမျိုးသားငယ်နှစ်ဦး၊ အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ ၂၀ […]

,

စစ်ကြောင်းဝင်သည့် ဝက်လက်တွင် ၆ ဦး သတ်ဖြတ်မီးရှို့ခံရ

တပ်မတော်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှ ရွာသား ၆ ဦးကို သတ်ဖြတ်ပြီးချိန်တွင်ပင် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း လိမ်ညာပြောဆိုခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။  ဇန်နဝါရီ ၃၀ နံနက်တွင် စစ်သားများက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာမှ ၆ ဦးကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့ကြောင်း ဒေသခံများနှင့် PDF အဖွဲ့ဝင်များက Myanmar Now ကို ပြောသည်။ ထိုနေ့နံနက် ၂ နာရီခန့်က ဧရာဝတီမြစ်ကမ်းဘေးရှိထိုရွာသို့  စက်လှေ ၃ စင်းဖြင့် ရောက်လာသည့် စစ်သား တို့က စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်စီးနင်းခဲ့သည်၊  အင်အား ၄၀ ခန့်ရှိသည်ဟု သိရသည်။ ထိုစစ်တပ် ဖေဖော်ဝါရီ ၃ တွင် ရွာမှ ပြန်ထွက်သွားသောကြောင့် […]

,

ပုလဲနယ်တွင် အိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ၊ အသတ်ခံရသူ ၄ ဦးရှိ

ပုလဲ – ဂန့်ဂေါလမ်းမပေါ်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာတို့တွင် စစ်တပ်နှင့် ပျူစောထီးများက ပစ္စည်းများယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ မင်းတိုင်ပင်ရွာတွင် တစ်ညတာ တပ်စွဲခဲ့သည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖေဖော်ဝါရီ ၃ မှ ၅ ရက် အတွင်း စစ်တပ်က ရွာလေးရွာကို ဆက်တိုက်စီး နင်းကာ မီးရှို့ဖျက်ဆီးနေသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ရွာသားလေးဦး လည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံ ၅ ဦးထံမှ သိရသည်။ ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း အနောက်တောင်ဘက်ခြမ်း ပုလဲမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စီးနင်းစဉ် ပျူစောထီးလက်နက်ကိင်များလည်းပါဝင်ပြီး၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရ ခြင်းအပြင် ပစ္စည်းများလည်း လုယက်ခံရသည်ဟု ဒေသခံများက ဆိုသည်။ ပုလဲမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် […]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နေ့စွဲမှတ်တမ်းများ

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-(မြန်မာနိုင်ငံ)မှ စုစည်းတင်ပြသည်။ မြန်မာနိုင်ငံတွင် ကျူးလွန်နေသော ရာဇ၀တ်မှုများအတွက် လက်ရှိအခြေအနေ၏ အရေးပေါ်အခြေအနေနှင့် ကိုက်ညီသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းတုံ့ပြန်မှုအတွက်  နိုင်ငံတကာမှ အရေးယူဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကြာမြင့်စွာ ခံစားခဲ့ရသည့်အတွက်  အကြမ်းဖက်မှုများ ပိုမိုကျူးလွန်ရန် တွန်းအားပေးနေခဲ့သည်။ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ဆို့ရေး နှင့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ​ အလေးပေး တောင်းဆိုလိုက်သည်။

နွေဦးတော်လှန်ရေးတနှစ်ပြည့်မှတ်တမ်း

နွေဦးတော်လှန်ရေးကာလ ဖက်ဆစ်အာဏာလုစစ်တပ်ကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် မဆုတ်မနစ် ဆန့်ကျင်ကန့်ကွက်တော်လှန်ခဲ့ကြသည့် ကျဆုံးသူရဲကောင်းများ၊ ဖမ်းဆီးခံများ၊ CDM ဝန်ထမ်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ စွန့်လွှတ်အနစ်နာခံမှုများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးပြု မှတ်တမ်းတင် တင်ဆက်လိုက်ပါသည်။

ဣတ္ထိယသွေး နွေဦးတေး အစီရင်ခံစာ

၂၀၂၁ နွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံအဝှမ်း အလွှာပေါင်းစုံက အမျိုးသမီးထုရဲ့ တော်လှန်စိတ်ဓာတ်နဲ့ ရဲရင့်ပြောင်မြောက်စွာ ဦးဆောင်မှုတွေဟာ အာဏာလု စစ်အုပ်စုကို သွေးပျက်မတတ် ထိတ်လန့် တုန်လှုပ်စေခဲ့တာပါ။ မြန်မာ့သမိုင်းမှာ ပထမဦးဆုံးအဖြစ် ထမီအလံလွှင့်ထူပြီး ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ ဆိုတဲ့ ဣတ္ထိယ နွေဦးတေးဟာ နိုင်ငံနယ်နမိတ် အပြင်ဘက်ထိ တုန်ဟီးစေခဲ့တယ်။ ပြည်တွင်းသာမက ကမ္ဘာ့တဝှမ်းက ပြည်သူအပေါင်း မြန်မာ့အမျိုးသမီးထုရဲ့ တော်လှန်စိတ်ဓာတ်ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုခဲ့ကြရပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဆန့်ကျင်သူတိုင်းကို လက်နက်အားကိုးပြီး ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခဲ့တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်အောင်ကြိုးစားခဲ့တယ်။ သို့သော်လည်း ပြည်သူလူထုတရပ်လုံးက နောက်မဆုတ်စတမ်း တိုက်ပွဲဝင်လာတာဟာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဆိုရင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပေမယ့် တော်လှန်စိတ်ဓာတ်ဟာ ပြင်းသထက် ပြင်းထန်ပြီး ခိုင်မာသထက် ခိုင်မာလာတာကို […]

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ

အာဏာသိမ်းမှု တစ်နှစ် နီးကပ်လာသည့်တိုင်အောင် “နိုင်ငံတကာ အသိုင်းအဝိုင်းသည် လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် မြင်တွေ့ခဲ့ရသည့် ဆန္ဒပြသူများကို ပစ်မှတ်ထား၍ သေစေလောက်သော အကြမ်းဖက်မှုများ အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား အရေးယူရန် ဆက်လက်နှောင့်နှေးနေပါက၊ လူ့အခွင့်အရေး အကျပ်အတည်းများ ပိုဆိုးလာနိုင်သည်ဟု” အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် အဆိုပါသတိပေးချက်များကို ရက်ပေါင်း ၃၆၅ နီးပါး လျစ်လျူရှုထားသည်။ အသက်အန္တရာယ်ကြားမှ စွန့်စားကာ လူထု၏ လိုအပ်ချက်များကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုကြသော မြေပြင်ရှိ တက်ကြွလှုပ်ရှားသူများနှင့် လူမှုအသိုင်းအဝိုင်းတို့၏ အသံကို ယင်းကဲ့သို့ လျစ်လျူရှုကာ အရေးယူရန်ပျက်ကွက်မှုသည် လက်ခံနိုင်စရာမရှိပါ။ ပြည်သူများသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှုများနှင့် ၎င်းတို့၏ အသက်ကို ကာကွယ်ပေးရန် အချိန်ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့သည်။​ နိုင်ငံတကာမူဝါဒအရ  ရည်ရွယ်ချက်ရှိရှိဖြင့် အရေးယူဆောင်ရွက်မှုများ […]