Entries by ndb14

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဖေဖော်ဝါရီ ၂၁ မှ ၂၇ ထိ ၂၀၂၂

“နှစ်ခြောက်လုံးလူထုအရေးတော်ပုံနေ့ ဆန္ဒပြပွဲကို အကြမ်းဖက်စစ်တပ်မှ ဖြိုခွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အရှိန်အဟုန်ဖြင့် ဆက်လက်လှုပ်ရှားနေသာ ဆန္ဒပြပွဲများနှင့် စည်းရုံးလှုံ့ဆော်မှုများဖြင့် နွေဦးတော်လှန်ရေး၏ စွမ်းအားကို ရှင်းလင်းပြတ်သားစွာ တွေ့ရသည်။ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် ‘နှစ်ငါးလုံး လူထုအရေးတော်ပုံ’ နှစ်ပတ်လည်နေ့အဖြစ် ‘နှစ်ခြောက်လုံး လူထုအရေးတော်ပုံနေ့’ အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန် တောင်းဆိုသည့် ပိုစတာများနှင့် ဆိုင်းဘုတ်များကို စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူများသည် ဂုဏ်ယူစွာ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ပန်းများပန်ဆင်ခြင်းနှင့် ရိုးရာသနပ်ခါးများ လိမ်းခြယ်ကာ လက်သုံးချောင်းထောင်ခြင်းကို ဆန့်ကျင်အံ့တုမှုအဖြစ် ရှုမြင်ကြသည်။ ပြီးခဲ့သည့်နှစ်တွင် မကောင်းဆိုး၀ါးများကို မောင်းထုတ်ရန် အိုးနှင့် သံဗုံးတီးခြင်းသည် ထင်ရှားသော အကြမ်းမဖက်သည့် ဆန္ဒပြမှုဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် […]

,

ဂန့်ဂေါတွင် ရွာမီးရှို့သည့် စစ်တပ်က လူ ၁၁ ဦးသတ်ခဲ့ဟု ဒေသခံတို့ပြော

မကွေးမြောက်ပိုင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီအဖွဲ့ ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ်တွင် သေဆုံးသူအချို့ မီးရှို့သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသခံအချို့က ပြောသည်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ယနေ့ (ဖေဖော်ဝါရီ ၂၈)နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့သည့် ဖြစ်စဉ်တွင် ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဒေသခံ ၄ ဦးက ပြောသည်။ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ထိဆက်နေသည့် ဂန့်ဂေါမြို့နယ် ကံတိုးရွာ(ရေသာရွာ)၊ ရွှေဘိုရွာ၊ သင်တောရွာတို့ကို စစ်ကောင်စီအဖွဲ့က အင်အား ၁၀၀ ခန့်ဖြင့် ဝင်မွှေခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။ ကံတိုးရွာကို နံနက် ၈ နာရီဝန်းကျင်တွင် စတင်ရောက်ရှိလာကာ တစ်မိုင်ခန့်အကွာရှိ ရွှေဘို၊ ထိုမှ […]

,

စစ်တပ်ဝင်သည့် ယင်းမာပင်တွင် ရုပ်အလောင်း ၉ ခု တွေ့၊ ကလေး ၁၀၀ ကျော် ပြန်လွတ်

စစ်တပ် ပြန်သွားသည့် စစ်ကိုင်းတိုင်း ချင်းပုန်းရွာတွင် ရုပ်အလောင်း ၉ ခု ကျန်ခဲ့သည်၊ ကလေးများအပါအဝင် ဒေသခံ ၂၀၀ ခန့်လည်း ၃ ရက်ကြာ ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ၃ ရက်ကြာ တပ်စွဲသွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းကျေးရွာတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် နှိပ်စက်ညှဉ်းပန်းခံထားရသူ ၉ ဦး၏ ရုပ်အလောင်းကို ယနေ့ ( ဖေဖော်ဝါရီ ၂၈) နေ့လယ်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ စစ်တပ်တပ်စွဲခဲ့သည့် ဘုန်းကြီးကျောင်းဘေးတွင် ၆ လောင်း၊ ထိုကျောင်းရှေ့ နေအိမ်ဝင်းတွင် ၁ လောင်း၊ ကျောင်းနောက်ဘက် အုတ်တံတိုင်းအနီးတွင် ၂ လောင်း တွေ့ရှိခဲ့ရသည်ဟု ချင်းပုန်းကျေးရွာ အရှေ့ပိုင်းတွင် နေထိုင်သူ အသက် ၄၀ အရွယ် အမျိုးသားက […]

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ

2021 ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ အဓိက တယ်လီကွန်းအော်ပရေတာနှင့် ဒုတိယအကြီးဆုံး တယ်လီကွန်းလုပ်ငန်းတစ်ခုဖြစ်သည့် Telenor Group မှ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှု စတင်ပြီးနောက် ခြောက်လခန့်အကြာတွင် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့်အပြင် ကုမ္ပဏီတစ်ခုလုံးကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုအုပ်စုဖြစ်သည့် M1 Group သို့ ရောင်းချခဲ့သည်။ အဆိုပါရောင်းချမှုကို အာဏာသိမ်းစစ်အာဏာရှင်မှ ပယ်ချခဲ့ပြီး M1 Group နှင့် စစ်တပ်၏ စီးပွားဖက်ဖြစ်သည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီအား ရောင်းချရန် သိုသိုသိပ်သိပ် ခွင့်ပြုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။ လွန်ခဲ့သည့်လများအတွင်း တယ်လီနော သုံးစွဲသူ ၁၈ သန်း၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ တိုးမြင့်လာခဲ့သည်။ တယ်လီနော၏ ထွက်ခွာမှုသည် ထောင်ပေါင်းများစွာသော […]

တယ်လီနောမြန်မာ ရောင်းချမှုကို စုံစမ်းစစ်ဆေးရန် နော်ဝေရဲတပ်ဖွဲ့ထံ​ အမှုဖွင့်

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်နှင့် ပတ်သက်၍ နော်ဝေဥပဒေကို ချိုးဖောက်နိုင်ဖွယ်ရှိနေပြီး တယ်လီနောအုပ်စု အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌတို့ကိုပါ စုံစမ်းစစ်ဆေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်က တောင်းဆိုသည်။  နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီက ၎င်း၏မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီခွဲကို ရောင်းချမှုနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်မမြောက် စုံစမ်းစစ်ဆေးပေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၁ တွင် နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့် တိုင်ကြားလိုက်သည်။ တယ်လီနောမြန်မာအား စစ်တပ်နှင့် ဆက်နွှယ်နေသော ကုမ္ပဏီထံ ရောင်းချမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် မြန်မာပြည်ရှိ တယ်လီနောသုံးစွဲသူများ၏ ဖုံးခေါ်ဆိုမှုမှတ်တမ်းများကဲ့သို့သော အချက်အလက်လုံခြုံရေး ကျိုးပေါက်နိုင်မှုနှင့် ပတ်သက်၍ တယ်လီနောကုမ္ပဏီ၏အကြီးအကဲများကို စုံစမ်းစစ်ဆေးပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၀ ပါဝင်သည့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နော်ဝေဖိုရမ် (ForUM) က နော်ဝေရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ထံ အမှုဖွင့်တိုင်ကြားလိုက်ခြင်းဖြစ်သည်။ တယ်လီနောအုပ်စု […]

,

တန့်ဆည်ရှိ ရွာလေးရွာတွင် အိမ်ခြေ ၈၀ နီးပါး စစ်တပ်မီးရှို့သွား

ဖေဖော်ဝါရီလဆန်းမှစ၍ အင်အား ၁၅၀ ခန့်ဖြင့် ထိုဒေသသို့ ရောက်လာသည့် စစ်ကြောင်းက နှစ်ပတ်အတွင်း ထိုသို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း ရွာခံနှင့် PDF တို့က အတည်ပြုသည်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် နှစ်ပတ်အတွင်း စစ်တပ်က မီးရှို့သည့် ကျေးရွာလေးရွာအထိ ရှိနေပြီး အိမ်ခြေ ၈၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရွာခံနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အတည်ပြုသည်။ ထိုဒေသအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အင်အား ၁၅၀ နီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းက တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကာ ပုတီးရွာတွင် အိမ် ၂၀ နီးပါး၊ ပေချောင်ရွာတွင် လေးလုံး၊ ခရုတောရွာတွင် ၁၅ လုံးနှင့် ကပေါင်းကျရွာ ၃၉ လုံး မီးရှို့ခံရသည်ဟု တန့်ဆည် PDF […]

ရခိုင်စစ်ဘေးရှောင်တချို့ ထောက်ပံ့မှုမရ‌၍ အခက်အခဲဖြစ်

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တို့ စစ်ဒဏ် အလူးအလဲခံခဲ့ရပြီး စစ်အာဏာသိမ်းမှုဒဏ်ကိုပါ ဆက်လက်ရင်ဆိုင်နေရချိန်တွင် ၎င်းတို့ကို ကူညီထောက်ပံ့မှုများသည်လည်း ကန့်သတ်ခံနေရသည် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် အကူအညီအထောက်အပံ့များ မရတော့သလို ယာယီခိုလှုံနေသည့်တဲအိမ်များမှာ ပျက်စီးယိုယွင်းနေသောကြောင့် ပြုပြင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ယခင်နှစ်များကဲ့သို့ မည်သည့်အဖွဲ့အစည်းမှ လာရောက်လှူဒါန်းခြင်းမရှိတော့ကြောင်း မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “နေအိမ်တွေလည်းပြိုနေပြီ။ စခန်းထဲမှာဆိုလည်း တံတားတွေ ထိုးထားရတယ်ဆိုတော့ အဲဒီတံတားလည်း ပြိုနေပြီ။ စားဝတ်နေရေးလည်း အခက်အခဲဖြစ်တယ်” ဟု  အမည်မဖော်လိုသော ထိုအမျိုးသမီးက ဆိုသည်။ “မနှစ်ကဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့တွေကလာလှူကြတယ်။ အခုဆိုရင် ဘယ်အဖွဲ့မှ မရောက်တော့ဘူး။ ဘာကြောင့်မရောက်တာလဲဆိုတာကို ကျွန်မတို့လည်း အတိအကျမသိဘူး” အသက် ၄၀ အရွယ် […]

စစ်ကောင်စီလွတ်ငြိမ်း နိုင်/ကျဉ်းများမပါဘဲ ပြစ်မှုအကျဉ်သားများသာ လွှတ်ပေး

အာဏာသိမ်း စစ်ကောင်စီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၈၀၀ ကျော်အား လွတ်ငြိမ်းခွင့် ပြုပေးရာတွင် ပြစ်မှုအကျဉ်းသားများသာ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အား ကိုင်စွဲကာ ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးနှင့် အင်း စိန်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၇ ဦးတို့အား “နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသည့် စည်းကမ်းသတ်မှတ် ချက်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင်း ဖမ်းဆီးတရားစွဲဆိုခံရသူများအား ရှေ့နေအဖြစ် လိုက် ပါဆောင်ရွက်ပေးနေသူ တဦးက “သဘောက နိုင်ငံတကာကိုတော့ […]

,

“ကမ္ဘာကြီး သိပါစေ”

မြန်မာစစ်တပ်သည် အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်တလျှောက် ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ဖြိုခွင်းတတ်သည့် အစဉ်အလာရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အရပ်ဖက်အဖွဲ့အစည်းများ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ကာလကြာရှည်စွာ ဆွေးနွေးညှိနှိုင်းနေသော်လည်း စစ်တပ်၏ လွဲမှားစွာ တည်ဆောက်ထားသည့် အတွေးအမြင်မှ ကျော်လွန်ပြီး ဆွေးနွေးဖက်များ၏ အသံကို နားထောင် လေ့မရှိပေ။စစ်အာဏာရှင်တို့သည် အရပ်သားပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်နေကြပြီး နိုင်ငံတကာ ရာဇဝတ်မှုကို မရပ်မနား ချိုးဖောက်နေကြသည်။ လွန်ခဲ့သည့် တနှစ်ခန့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြန်မာစစ်တပ်သည် တိုတောင်းစွာ ရှင်သန်ခဲ့သည့် ဒီမိုကရေစီကာလကို ဖြိုချပစ်ခဲ့သည်။ စစ်တပ်သည် ဒီမိုကရေစီနည်းကျရွေးချယ်ခံရသည့် ခေါင်းဆောင်များကို ဖမ်းဆီးပြီး သက်သေမပြနိုင်သည့် “ရွေးကောက်ပွဲ မသမာမှုရှိသည်”ဟု ဆိုကာအာဏာ သိမ်းခဲ့သည်။  အကြောင်းပြချက်မှာ မခိုင်လုံဘဲ စစ်တပ်အနေဖြင့်အာဏာငန်းငန်းတက်ပြီး […]

ကရင်နီလူ့အခွင့်အရေးအဖွဲ့ နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)တို့ ပူးတွဲထုတ်ပြန် သည့် အစီရင်ခံစာတွင် ကရင်နီ (ကယား) ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံရန် တောင်းဆိုထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် ထုတ်ပြန်ချက် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG), လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့သည် ဒေသခံအမျိုးသမီးအဖွဲ့အစည်းတခုမှ ပေးပို့သည့် သတင်းအချက်အလက်များ ပေါင်းစပ်၍ “ကမ္ဘာကြီး သိပါစေ” ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်သည်။ ကရင်နီ (ကယား) ပြည် နယ်တွင် စစ်အာဏာရှင်တို့မှ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန် ချိုးဖောက်သည့် အထောက်အထားများကို အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရပ်သား ပြည်သူ များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ များပြားလာခြင်းကို ရှုံ့ချပြီး အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုသည်။ ၂၀၂၁ ခုနှစ် မေလမှစပြီး ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်။ မြန်မာ ပြည်ရှိ အသေးငယ်ဆုံး […]