Entries by ndb14

,

စစ်ကိုင်းတိုင်းမှာ လေးရက်အတွင်း လူ ၃ဝ ကျော် အသတ်ခံရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်အတွင်း သံဃာနဲ့ ကိုရင် လေးပါး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲ က ၂၈ ဦးရဲ့ ရုပ်အလောင်းကိုတော့ မီးရှို့ခံထားရတဲ့ အိမ်တွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။ မေလ ၁၀ ရက် မနက်အစောပိုင်းမှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ချိန် ရွာပြင်မှာ ကင်းစောင့်နေတဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မုန်တိုင်ပင်ရွာကို ဆက်လက်စီးနင်း ဝင်ရောက်ခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့မှာ နေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အ လောင်း […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၉ ရက်မှ ၁၅ ရက်နေ့ထိ

#အာဆီယံမှ ကမ်းလှမ်းမှုထက် ပိုမိုသည့် အကူအညီများ #မြန်မာပြည်သူများ ရရှိရန် ထိုက်တန်ပါသည်။ အတွေ့အကြုံရှိသော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် NUG အပါအဝင် လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသူများ၏ အသံများကို အာဆီယံအနေဖြင့် နားထောင်ရမည်ဖြစ်ပြီး စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှုရှိစေမည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုသည်။

ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ပြီး ၁၂ နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်ခရိုင်)၊ ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ရာ ၁၂ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) က အတည်ပြုသည်။ ကူးဆိပ်ရွာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ၊ ခမရ (၄၀၈) တပ်ရင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု အတွင်းရှိ တဒွီးခိုကျေးရွာ အတွင်းသို့ ၆၀ မမ လက်နက်ကြီး လေးချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းတဒွီးခိုကျေးရွာ ဒေသခံ အသက် ၁၆ နှစ်အရွယ် နော်အယ်ဆိ၏ ရင်ဘတ်ကို […]

အာဆီယံအစည်းအဝေးမှာ မြန်မာအရေးဆွေးနွေးတာကို ကုလဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ချန်လှပ်ခံရမှု အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချ

မေ ၁၀ ၊ ၂၀၂၂ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ တိုင်ပင်ခံအစည်းအဝေးမှာ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာ နိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုအပေါ် အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချတဲ့အကြောင်း မေ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မေ ၆ ရက်က ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံအစည်းအဝေးမှာ ဒေါက်တာနိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုက အာဆီယံအနေနဲ့ ကုလသမဂ္ဂကို စော်ကားလိုက်တာဖြစ်တယ်လို့ ရှုတ်ချရေးသားလိုက်တာပါ။ မူလက ဖိတ်ကြားခဲ့ပြီးမှ အစည်းအဝေးတက်ရောက်ခါနီး ကုလအထူးကိုယ် စားလှယ်ကို ဖျက်သိမ်းလိုက်မှုက အာဆီယံရဲ့ ကုလသမဂ္ဂကို စော်ကားမှုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ဒါအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin ကလည်း ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိ

ဒီမိုကရေစီ ရှင်သန်ဆဲနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့်သည် အရေးကြီးပြီး အခြေခံကျသည်။ မြန်မာစစ်တပ်အောက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးထားရုံသာမက သေစေနိုင်လောက်သည့် အကျိုးဆက်များနှင့် ဆိုးရွားစွာ ကျဆင်းနေသည်။

,

ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှ ဒေသခံ ၄၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ

စစ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် စစ်တပ်က ဒေသခံရာနှင့်ချီ ဖမ်းဆီးလိုက်ပြီး လက်နက်ကိုင်ခုခံသူတို့ကို ဆက်လက် ရှာဖွေနေသည်။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကင်းလှည့်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ငှက်အော်စမ်းကျေးရွာမှ ဒေသခံ အမျိုးသား ၄၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ မေလ ၃ ရက် ညနေ ၃ နာရီခန့်တွင် ငှက်အော်စမ်းကျေးရွာအနီး မကျည်းကန်-ကျိုက်ထော်လမ်းမပေါ်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကော့မှူးဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိုနေ့ ညပိုင်းမှာပင် အနီးရှိ ငှက်အော်စမ်းကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်ကာ ဒေသခံတို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ နောက်တစ်နေ့ (မေ ၄) နံနက်တွင် အမျိုးသမီးများကို […]

,

မေ ပထမပတ်တွင် စစ်ကိုင်းနှင့် ချင်းရှိ အိမ် ၁၀၀၀ ကျော် မီးရှို့ခံရ

PDF လှုပ်ရှားနယ်မြေကို လိုက်လံဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က အရာတော်၊ ကလေး၊ တန့်ဆည်၊ ဖလမ်းမြို့ကျေးရွာများကို မီးတိုက်နေသည်ဟု ထိုဒေသတွင် နေထိုင်သူတို့ထံမှ သိရသည်။ စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် မေလပထမပတ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေ ၂ ရက်နေ့က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာရွာ၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတို့ကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး တန့်ဆည်မြို့နယ်၊ ကြောင်ဆင်းအိုင်ကျေးရွာတွင်လည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ တန့်ဆည်မြို့နယ် အနောက်မြောက်ပိုင်းကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဝင်မွှေခဲ့ပြီးနောက် ကြောင်ဆင်းအိုင်ရွာတွင် တပ်စွဲနေသည့် စစ်တပ်သည် ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ရွာကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့မနက် […]

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နဲ့ မြန်မာ့သတင်းလောက

မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂယူနက်စကိုအဖွဲ့က သတ်မှတ်ထားပါတယ်။ ဒီနှစ်မှာတော့ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလောကသားတွေရဲ့ ညီလာခံကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းထောက်တွေရဲ့လုံခြုံရေး၊ လူတွေရဲ့သတင်းသိရှိပိုင်ခွင့်တွေကို ဒီညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာပြန်သိမ်းတဲ့အခါမှာ သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ ဖမ်းဆီးသတ်ဖြတ်ထောင်ချခံရ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာတွေ ဖြစ်နေပါတော့တယ်။ ဒီလိုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက အခုလို ပြောပါတယ်။ “အာဏာမသိမ်းခင်တုန်းကတော့ ကျွန်တော်တို့က ၂၀၁၀ ကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲရဲ့ အကျိုးဆက်ကြောင့်ပေါ့နော်၊ အတိုင်းအတာတခုအထိ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရခဲ့တယ်။ လုပ်ပိုင်ခွင့်ရခဲ့တယ်ဆိုတာ […]

တနင်္သာရီတိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော တရားမဲ့သတ်ဖြတ်မှုများ

ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့် ရုပ်အလောင်း လက်ထိတ်ခတ်ခံထားရသည်။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသူကို တစ်ရက်အကြာတွင် မျက်စိပွင့်လျက်အနေအထားဖြင့် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ်သာ ဥယျာဉ်ခြံတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်။ သတ်ဖြတ်ခံရသူမှာ ဒေါက်တာလင်းမောင် (ခေါ်) ဦးလင်းမောင်ဖြစ်ပြီး ၂၀၂၂ ဧပြီ ၁ ရက်နေ့က တောင်ပျောက်တိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။ “လက်ထိတ်လည်း ခတ်ထားတယ်။ ပြီးရင် ကြိုးနဲ့လည်း ချည်ထားတယ်” ဟု ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲဘော်ကျောက်ခဲက ဆိုသည်။ ဦးလင်းမောင်မှာ ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျောင်းသားတပ်မတော် (ABSDF) ၏ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာ စောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်နေ့ထိ

မအောင်မြင်သော အာဏာသိမ်းမှု၏ အကျိုးသက်ရောက်မှုများကို အမျိုးသမီးများနှင့် ကလေးငယ်များ ခံစားနေရသည်။ ထိခိုက်လွယ်သော အုပ်စုများကို စနစ်တကျ ဖိနှိပ်ခြင်းသည် အမျိုးသမီးများနှင့် ကလေးများ၏ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော ကာလကြာရှည် အားနည်းသည့် ဥပဒေများကို ပို၍ဆိုး၀ါးစေသည်။ ၎င်းတို့အားကာကွယ်ပေးရမည်။