Entries by ndb14

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဧပြီ ၄ မှ ဧပြီ ၁၀ ရက်နေ့ထိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာစစ်တပ်သည် ပြည်သူကိုစစ်ဆင်နွှဲနေသောကြောင့် တရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်အရေးကို အရေးမစိုက်ကြောင်း ထင်ရှား မောက်မာစွာ ပြသခဲ့သည်။  ၎င်းတို့၏ အောင်မြင်မှုမရှိသော အာဏာရရန်ကြိုးပမ်းမှု၏ အကျိုးဆက်ကို ရင်ဆိုင်ရမည်။ နိုင်ငံတကာ၏ အရေးယူ တုံ့ပြန်လုပ်ဆောင်မှုသည် ကြာမြင့်နေပြီဖြစ်သည်။

,

ကလေး ၃ နှစ်ပြည့်မွေးနေ့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်မှ သားအမိ

တစ်ကိုယ်ရေမိခင်ကို ဖမ်းပြီး နာရီပိုင်းအကြာတွင် သူ၏ ၃ နှစ်သားကို မူကြိုကျောင်းတွင် သွားရောက် ဖမ်းဆီးခဲ့သည့် စစ်ကောင်စီက ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။ ဧပြီ ၅ ရက်နေ့သည် မူကြိုကလေး မောင်သန့်ဘုန်းဝေယံ၏ မွေးနေ့ဖြစ်သောကြောင့် အလှူဒါနပြုရမည် မဝေ ဆုံးဖြတ်ခဲ့သည်။ သားကို တစ်ယောက်တည်း ကျွေးမွေးပြုစုရသည့် အသက် ၃၅ နှစ်အရွယ် တစ်ခုလပ်အမျိုးသမီးအတွက် ထိုနံနက်ခင်းက ကြည်နူးဖွယ်ပီတိ အတိဖြစ်ခဲ့လိမ့်မည်။ စစ်တပ်အာဏာသိမ်းမှုကို သူလည်း တစ်နိုင်ငံလုံးနီးပါးနှင့်အတူ ပါဝင်ဆန္ဒပြစဉ်က သားကလေးက ၂ နှစ်ပင် မပြည့်သေး။ ယခု ၃ နှစ်ပြည့်တွင်တော့ တိမ်းရှောင်နေရသည့်ကြားက တစ်ခုခုလုပ်ပေးရန် မဝေက ဆုံးဖြတ်ထားသည်ဟု သူနှင့် ဆွေမျိုးနီးစပ်တော်စပ်သော၊ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ပြောသည်။ “အ​ဖေမရှိဘဲ မွေးလာခဲ့ရတဲ့ သား​လေး၊ ပထမဆုံးမူကြို​ကျောင်းတက်​နေရတဲ့ သား​လေးရဲ့ […]

,

ကျန်းမာရေးလုပ်သားများသည် ပစ်မှတ်များမဟုတ်

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေမှာ ပို၍ မတည်မငြိမ်ဖြစ်လျှက်ရှိသည်။ သိန်းနှင့်ချီသည့် ပြည်သူလူထု မှာ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒဏ်ရာရ ပြည်သူများ၊ ဆန္ဒပြသူများနှင့် PDFs တပ်သားများအား ကြိုးစား ကုသပေးနေသူများမှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများဖြစ်သည်။ ထို့ကြောင့် လက်နက်အားကိုးဖြင့် ဆေးရုံ၊ ဆေးခန်းများအား ဖျက်ဆီး၍ဆေးဝါးများ မတရားသိမ်းဆည်းနေသည့် မြန်မာစစ်အာဏာရှင်တပ် များ၏ ပစ်မှတ်ထားခြင်းခံနေရသည်။ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ထိုသို့လုပ်ဆောင်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ပို၍ဖြစ်ပေါ်စေသည်။  CDM တွင် ပူးပေါင်းပါဝင်သည့် ဆရာဝန်နှင့် သူနာပြုများသည် တိမ်းရှောင်နေကြရသည်။ ဖမ်းဝရမ်းများ အထုတ်ခံထားကြရသော်လည်း ဆရာဝန်နှင့် သူနာပြုများက တိတ်တဆိတ် ကုသ၍ ကျန်းမာရေး စောင့်ရှောက်ပေးကြသည်။ ၎င်းတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို စစ်အာဏာရှင်များမှ ရိုက်ချိုး၍ မရပေ။ အာဏာကို ငန်းငန်းတက် လိုချင်၍ မြန်မာစစ်တပ်မှ […]

,

Channel Mandalay သတင်းထောက်ချုပ်ဟောင်း ထောင် ၅ နှစ် ချခံရ

လွတ်ငြိမ်းသက်သာစာရင်းတွင် ပါဝင်ခဲ့သော သတင်းသမားကို စစ်ကောင်စီက ပြန်မလွှတ်ဘဲ အမှုထပ်ဖွင့်ကာ ထောင် ၅ နှစ် ချလိုက်သည်။ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနမှ သတင်းထောက်ချုပ်ဟောင်း ကိုဝင်းနိုင်ဦး ယနေ့ (ဧပြီ ၅) တွင် အကြမ်းဖက်ပုဒ်မ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသည်ဟု မန္တလေးရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။ အိုးဘိုထောင်တွင်းအထူးတရားရုံးက စီရင်ခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးက ဆိုသည်။ “အကြမ်းဖက်ပုဒ်မနဲ့ ချလိုက်တာ။ ဒီနေ့ နေ့လယ်ပိုင်းက ချလိုက်တာ။ သူ ကျန်းမာရေးတော့ ကောင်းပါတယ်” ဟု ထိုရှေ့နေက ပြောသည်။ သူ၏ အမှုတွဲများဖြစ်သော ကိုမင်းသွေး၊ ကိုကျော်ဦး၊ ကိုဇော်မင်းဦးတို့ကိုလည်း ယင်းပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ကြောင်း ရှေ့နေက ဆက်ပြောသည်။ […]

မိသားစု အသိုက်အမြုံ အလုံးစုံ ဖျက်ဆီးခြင်း

မိသားစု အသိုက်အမြုံ အလုံးစုံ ဖျက်ဆီးခြင်း အာဏာလု စစ်အုပ်စုမှ ပြည်သူ့ ပိုင်ဆိုင်မှုများကို တရားမဲ့ သိမ်းပိုက်ခြင်း ၄-ဧပြီ-၂၀၂၂ အကြမ်းဖက်စစ်အုပ်စုသည် အာဏာကိုမတရားလုယူချိန်ကတည်းက နေ့စဉ်နှင့်အမျှ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်၊ အနိုင်ကျင့်၊ ဖျက်ဆီးမှုများ ပြုလုပ်နေခဲ့ရာ လက်ရှိအချိန်တွင် အကြမ်းဖက် မှုများမှာ ပိုမိုအရှိန်မြှင့် ဆိုးရွားရက်စက်လာလျက်ရှိသည်။ စစ်အုပ်စုအနေဖြင့် နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်ဟု အကြောင်းပြကာ အဆမတန် အင်အားသုံး၍ စစ်ရေးအရှိန် မြှင့်တင်ဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း ပြည်သူများကို အကြောက်တရားလွှမ်းခြုံနေစေရေး အတွက် လူမဆန်သောနည်းလမ်းပေါင်းစုံအသုံးပြုလျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထား သော အချက်အလက်များအရ မတရားအာဏာလုရန်ကြိုးပမ်းချိန်ကတည်းက မတ်လ (၃၁)၊ ၂၀၂၂ အထိ နေအိမ်၊အဆောက်အအုံ စုစုပေါင်း (၅၄၇) […]

အပတ်စဉ်ထုတ်ပြန်ချက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ (မတ်လ ၂၈ မှ ဧပြီ ၃ရက်)ထိ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါ၀င်မှုကြောင့် လူငယ်များသည် အကြမ်းဖက်စစ်ခုံရုံးတွင် တရားမျှတမှုမရှိသော ပြစ်ဒဏ်ချခံနေရမှုများ တိုးလာနေသည်။ နေ့စဥ် ဖမ်းဆီးချုပ်နှောင်ခံထားမှုနှင့် ပျောက်ဆုံးမှုများသည် တိုင်းပြည်တွင်း စိုးရိမ်ပူပန်မှုများကိုသာ ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးအခြေအနေအား အကျဥ်းချုပ်တွင်ရှုပါ။

,

တန့်ဆည်မြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက် အရပ်သား ငါးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရပ်သား ငါးဦး သေဆုံးခဲ့ရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တန့်ဆည်မြို့နယ် စိမ်းစားရွာက ပျူစောထီးတစ်ယောက် အသတ်ခံရပြီးနောက် စိမ်းစားရွာနဲ့ ၉ မိုင်လောက်ဝေးတဲ့ ရေဦးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ စစ်တပ်က တန့်ဆည်ဘက်ကို ချက်ချင်းရောက်လာရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။ “တိုက်ပွဲဖြစ်တဲ့အခါ သူတို့ဘက်က ငါးယောက်ကျတယ်။ တစ်ယောက်အရှင်ဖမ်းမိတယ်။ သေနတ် ငါးလက်နဲ့ လက်နက်ခဲယမ်းတွေလည်း ရတယ်ပေါ့နော်။ မောင်းပြန်သေနတ်တွေ ရတာ။ သူတို့က ကားကြီးနဲ့ လာတာ။ မြေသယ်ကားနဲ့ လာတာ။ အကျများတော့ […]

တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွားပြီး ရွာထဲမှ အမျိုးသမီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ဆယ်ကျော်သက်တစ်ဦး ကျည်ထိသေဆုံးပြီး အဘွားတစ်ဦး မီးရှို့ခံရသည့်အိမ်အတွင်း ပိတ်မိသေဆုံးသွားသည်ဟု သိရသည်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တောင်ဘက် စိမ်းစားရွာတွင် ယနေ့ (မတ် ၁၂) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားစဉ် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးရခြင်းမှာ စစ်ကောင်စီတပ်ကြောင့် ဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။ စစ်ကောင်စီတပ်က ရွာအတွင်း လိုက်လံ​ပစ်ခတ် ၁၅ နှစ်အရွယ် မသဲဦးဖြူ၏ ရင်ဘတ်နှင့် ပေါင်တို့တွင် ကျည်ထိမှန်ခဲ့ကြောင်း၊ စစ်တပ်က နေအိမ်အချို့ကို မီးရှို့စဉ် အသက် ၇၀ အရွယ်အမျိုးသမီး နေအိမ်အတွင်း ရှိနေကြောင်း တန့်ဆည်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက အတည်ပြုသည်။ “(အဘွားအိုက) နေအိမ်မှာမီးလောင်လို့ သေဆုံးတာ။ သူတို့က လမ်းဘေးက အိမ်တွေကိုရှို့တာ။ ပိတ်မိပြီး မပြေးနိုင်တဲ့အချိန်မှာဖြစ်သွားတာ” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ ဝင်ကပြောသည်။ ယနေ့ […]

,

ပုလဲမြို့နယ်တွင် ၂ ရက်အတွင်း အိမ်ခြေ ၃၀၀ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့  နှောရိုးကျေးရွာမှ အိမ် ၂၅၀ ကျော်၊ သပြေကုန်းရွာမှ အိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့ဖျက်ဆီးသည်ဟု ဒေသခံတို့က ပြောသည်။ စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ခြေပေါင်း ၃၀၀ နီးပါး ၂ ရက်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်က   ပုလဲ-ဂန့်ဂေါလမ်းမနှင့် ၂ မိုင်အကွာအဝေးရှိ နှောရိုးကျေးရွာကို မတ် ၁၀ တွင် လည်းကောင်း၊ မတ် ၁၁ တွင် သပြေအေးကျေးရွာကိုလည်းကောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြသည်ဟုဆိုသည်။ ထို့ကြောင့် နှောရိုးကျေးရွာမှ အိမ်ခြေ ၂၅၀ ကျော်၊ […]

နေပြည်တော်ဝင်ပေါက် မိုးဗြဲ-ဒီးမော့ဆို လမ်းကို စစ်ကောင်စီ ထိန်းချုပ်

ထိုလမ်းပိုင်း တစ်လျှောက်တွင် လေကြောင်း၊ လက်နက်ကြီးနှင့် အတွဲလိုက် ဒုံးပါသုံး၍ စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ကြာပြီဖြစ်သည်။ လက်နက်နှင့် ကျည်ဆန် အလှူခံ တိုက်နေရသည့် ကရင်နီကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းကို လေကြောင်းအပါအဝင် လက်နက်ကြီးမျိုးစုံသုံးကာ တစ်လဝန်းကျင် ထိုးစစ် ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်မှာ ဒီးမော့ဆိုမြို့နှင့် လက်တကမ်းအကွာ ရောက်လာသည်။ နေပြည်တော်နှင့် လေးနာရီခွဲဝန်းကျင်သာ ခရီးကွာဝေးသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲတွင် ဖေဖော်ဝါရီ ၁၅ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကရင်နီကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ ဒီးမော့ဆို မြို့ဘက်ကို အင်အားအလုံးအရင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခြင်းဖြစ်သည်။​ လက်နက်အင်အားမမျှ၍ မိုးဗြဲ ဒီးမော့ဆို လမ်းပိုင်းတစ်လျှောက် ခံစစ်နေရာ တစ်ခုပြီးတစ်ခု ဆုတ်ခွာပေးခဲ့ရပြီးနောက် ယမန်နေ့ (မတ်၁၂) နံနက်တွင် […]