Entries by ndb14

,

၅၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအ၀ေး မဟာမင်းကြီးVolker Türk၅၆ ၏ထုပ်ပြန်ချက်

လေးစားအပ်ပါသော နာယကကြီး အဖွဲ့၀င်များနှင့် ဂုဏ်သရေရှိ ကိုယ်စလှယ်တော်ကြီးများခင်ဗျာ ကျနော်တို့လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရေးရာကိစ္စကို ထပ်မံစည်းဝေးဆွေးနွေးနေချိန်မှာတော့ တရားမဝင် စစ်အာဏာရှင်(အစိုးရ) တရပ်ကြောင့် မွန်းကြပ်နေရတဲ့ တိုင်းပြည်တစ်ခုကို မျက်၀ါးထင်ထင် တွေ့မြင်သက်သက်ခံနေကြပါတယ်။

ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာဒုက္ခသည်တွေရဲ့ ပြောစကား

ဆူဒန်ကနေ ယူကရိန်း၊ အရှေ့အလယ်ပိုင်းကနေ မြန်မာနဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွေသာမက တခြားဒေသတွေမှာပါ ပဋိပက္ခ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လူဦးရေအများအပြား စံချိန်တင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ကြီးမားတဲ့ လူသားဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၁၂၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မြန်မာနိုင်ငံမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းကျော် ရှိနေပါတယ်။ ကချင်ပြည်နယ်မှာ လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တစ်ဦး (ဝိုင်းမော်မြို့နယ်)။ ။ “အခုစစ်ရှောင်လာတာဆိုလို့ ကျွန်မတို့က ဆယ်စုနှစ်လောက်တော့ ရှိလာပြီပေါ့နော်။ ၂၀၁၁ ခုနှစ်ကစတာ အခုက ၂၀၂၄ […]

စစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော်ရှိလာကြောင်း KNU ထုတ်ပြန်

၂ဝ၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ဆယ်သိန်းကျော်ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီစစ်ဘေးဒုက္ခသည် ဆယ်သိန်းကျော် (၁,ဝ၇၈,၅၀၅ ဦး) ထဲက ခြောက်သိန်းကျော်ကိုသာ အကူအညီပေးနိုင်ပြီး ကျန်တဲ့စစ်ဘေးဒုက္ခသည်တွေ အားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရအောင်လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ဘေးဒုက္ခသည်တွေထဲမှာ ညောင်လေးပင်ခရိုင်က ငါးသိန်းနီးပါးနဲ့ အများဆုံးဖြစ်ပြီး ဒူးပလာယာခရိုင်မှာ တစ်သိန်းခွဲကျော်၊ သထုံခရိုင်မှာ တစ်သိန်းခွဲနီးပါး၊ ဘိတ်-ထားဝယ်ခရိုင်မှာ တစ်သိန်းကျော်၊ တောင်ငူခရိုင်မှာ ရှစ်သောင်းကျော်၊ ဖာပွန်ခရိုင်မှာ ရှစ်သောင်းနီးပါးနဲ့ ဘားအံခရိုင်မှာ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ဝ၂၃ […]

,

ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက် – အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များအား အဆုံးသတ်ရန်

ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များအား အဆုံးသတ်ရန် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် လူထုအသိုင်းအဝိုင်းများအတွက် အကာအကွယ်နှင့် ဒေသခံများ ဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်အကူအညီများ ရရှိစေရေး သေချာစေရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့ ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အောက်ပါလက်မှတ်ရေးထိုးထားသည့် မိမိတို့ အဖွဲ့အစည်း ၁၂၈ ဖွဲ့တို့သည် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများအသင်းကြီး (အာဆီယံ)၊​ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်း တို့အနေဖြင့် မြန်မာနိုင်ငံတွင် ယခင်က တစ်ခါမျှမဖြစ်ခဲ့ဖူးသည့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ၎င်း၏ ရိုက်ခတ်မှုများကို ဒေသတွင်းအထိ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းခံဖြစ်သော မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင် ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇွန်လ(၈)ရက်မှ (၁၄) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ လူငယ်(၁)ဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်က Cyber Security Law ကို အတည်ပြုထားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်သားများက ၎င်းတို့ ထိန်းချုပ်စိုးမိုးထားသော နေရာများတွင် Mobile Phone များကို စစ်ဆေးခဲ့ပြီး VPN အသုံးပြုသူများကို ဖမ်းဆီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ […]

သာယာဝတီထောင်မှာ အကျဥ်းသားတချို့ ရိုက်နှက်ခံရပြီး နိုင်ငံရေးအကျဥ်းသားသုံးဦး တိုက်ပိတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ ဇွန်လ ၁၇ ရက်နေ့က အကျဉ်းသားတချို့ရိုက်နှက်ခဲ့ရပြီး နိုင်ငံရေး အကျဥ်းသားသုံးဦး ခြေချင်းခတ်တိုက်ပိတ်ခံရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ အဆောင် (၆) က ကိုထူးအောင်၊ စောချစ်ဝင်းထွန်းနဲ့ အဆောင် (၅) က ကိုသက်ပိုင်တို့ကတော့ ရိုက်နှက်ခံရတဲ့အပြင် ခြေချင်းခတ်ခံရပြီး တိုက်ပါ အပိတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ အကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက ကိုဗစ်ဆေးထိုးရာမှာ တချို့တွေမူးလဲတာနဲ့ ဖျားနာတာတွေရှိတာကြောင့် ရောဂါအခံရှိသူတချို့က ဆေးမထိုးဖို့ ငြင်းဆိုရာကနေ အခုလို ရိုက်နှက်တိုက်ပိတ်ခံရတာလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကတော့ သာယာဝတီထောင်မှာ အကျဥ်းသားတွေ ရိုက်နှက်ခံရတာ ကြားသိရပေမဲ့ ဆက်လက်စုံစမ်းနေဆဲလို့ RFA ကို ပြောပါတယ်။ “ဟုတ်ကဲ့ ဒီသတင်းကို […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇွန်လ(၁)ရက်မှ (၇) ရက်နေ့ထိ)

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်လ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခံရသူများက တိမ်းရှောင်နေသဖြင့် ၎င်းလူငယ်များ၏ မိသားစုဝင် (၂၀)ကျော် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခြင်းများ ရှိခဲ့ပြီး ဖမ်းဆီးခံရသူများအထဲတွင် အမျိုးသမီးများ ပါဝင်လာခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၆၀)ကျော် သေဆုံးခဲ့ပြီး […]

နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းသုံးခုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဇွန်လ ၈ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာငါးရွာထက်မနည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။ နွားထိုးကြီးမြို့နယ်ထဲက မကျီးကန်၊ ဆူးဖြူကုန်း၊ ဖောင်ကျင်း (ဖောင်းချဉ်)(မြောက်)၊ ဖောင်ကျင်း (ဖောင်းချဉ်)(တောင်)၊ နဘူးတော၊ ဘုတ်ကုန်း စတဲ့ရွာတွေက နေအိမ်တွေ မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ အခု မီးရှို့ခံရတဲ့ ရွာတွေဟာ အိမ်ခြေငါးရာကနေ ခုနစ်ရာဝန်းကျင်ရှိတဲ့ ရွာကြီးတွေဖြစ်ပြီး စစ်ကြောင်းတွေ ဒီနေ့အထိ ရှိနေတာကြောင့် မီးလောင်သွားတဲ့ နေအိမ်အရေအတွက် အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဘုတ်ကုန်းရွာကို မီးရှို့နေတယ်လို့ လုံခြုံရေးအရ […]

သံတွဲ ဆင်ခေါင်းရွာ ဗုံးကြဲခံရမှု အရပ်သား ၁၄ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရကြောင်း AA ပြော

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၀ ရက် ညနေမှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်နဲ့ ၃ လအရွယ်ရှိတဲ့ ကလေးတစ်ဦးလည်း ပါဝင်ပြီး ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးနဲ့ အမျိုးသမီးလေးဦးလည်းပါဝင်ပါတယ်။ အဲဒီလို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လူနေအိမ် ခြောက်ဆယ်လည်း လုံးဝပျက်စီးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ သံတွဲမြို့နယ် ဂေါ့ရွာအနီးမှာ ဇွန်လ ၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲ ပြင်းထန်ပြီးနောက် […]

စစ်တွေမြို့နယ်က ရွာငါးရွာကိုရွှေ့ပြောင်းဖို့ စစ်ကောင်စီတပ် အမိန့်ပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က မေယုမြစ်ကမ်းအနီးမှာရှိတဲ့ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စတဲ့ကျေးရွာတွေမှာ နေထိုင်သူတွေကို ဇွန်လ ၉ ရက်ကနေ ၁၄ ရက်အတွင်း စစ်တွေမြို့ပေါ်ကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။ “သူတို့သတ်မှတ်ထားတဲ့နေ့ မပြောင်းရင် ဗျိုင်းဖြူရွာလို အဖြစ်ဆိုးတွေဖြစ်မယ်လို့ ခြိမ်းခြောက်သွားတယ်“ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၈ ရက်နေ့က စစ်ကားတွေနဲ့ ရွာထဲကိုလာပြီး ပြောင်းရွှေ့ခိုင်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင် စတဲ့ရွာတွေကို စစ်တပ်က စစ်တွေမြို့ထဲကို ရွှေ့ဖို့ပြောပါတယ်။ သူတို့က အဲဒီနေရာတွေမှာ နေလို့မရတော့ဘူး။ မြို့ထဲကို ပြောင်းကြဆိုပြီး ခိုင်းတာပါ” […]