Entries by ndb14

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နဲ့ မြန်မာ့သတင်းလောက

မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂယူနက်စကိုအဖွဲ့က သတ်မှတ်ထားပါတယ်။ ဒီနှစ်မှာတော့ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလောကသားတွေရဲ့ ညီလာခံကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းထောက်တွေရဲ့လုံခြုံရေး၊ လူတွေရဲ့သတင်းသိရှိပိုင်ခွင့်တွေကို ဒီညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာပြန်သိမ်းတဲ့အခါမှာ သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ ဖမ်းဆီးသတ်ဖြတ်ထောင်ချခံရ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာတွေ ဖြစ်နေပါတော့တယ်။ ဒီလိုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက အခုလို ပြောပါတယ်။ “အာဏာမသိမ်းခင်တုန်းကတော့ ကျွန်တော်တို့က ၂၀၁၀ ကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲရဲ့ အကျိုးဆက်ကြောင့်ပေါ့နော်၊ အတိုင်းအတာတခုအထိ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရခဲ့တယ်။ လုပ်ပိုင်ခွင့်ရခဲ့တယ်ဆိုတာ […]

တနင်္သာရီတိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေသော တရားမဲ့သတ်ဖြတ်မှုများ

ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ထားမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့် ရုပ်အလောင်း လက်ထိတ်ခတ်ခံထားရသည်။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသူကို တစ်ရက်အကြာတွင် မျက်စိပွင့်လျက်အနေအထားဖြင့် အသက်မရှိတော့သော ရုပ်အလောင်းအဖြစ်သာ ဥယျာဉ်ခြံတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်။ သတ်ဖြတ်ခံရသူမှာ ဒေါက်တာလင်းမောင် (ခေါ်) ဦးလင်းမောင်ဖြစ်ပြီး ၂၀၂၂ ဧပြီ ၁ ရက်နေ့က တောင်ပျောက်တိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြောသည်။ “လက်ထိတ်လည်း ခတ်ထားတယ်။ ပြီးရင် ကြိုးနဲ့လည်း ချည်ထားတယ်” ဟု ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲဘော်ကျောက်ခဲက ဆိုသည်။ ဦးလင်းမောင်မှာ ၁၉၈၈ လူထုအုံကြွမှုကာလကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကျောင်းသားတပ်မတော် (ABSDF) ၏ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဖမ်းတာက ၄၀၅ တပ်ရင်းက တံတားမှာ စောင့်နေတဲ့ အဖွဲ့တွေပဲ၊ မီးရှို့တာက အပေါ်က ဆင်းလာတဲ့ တပ်ရင်းလို့ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်နေ့ထိ

မအောင်မြင်သော အာဏာသိမ်းမှု၏ အကျိုးသက်ရောက်မှုများကို အမျိုးသမီးများနှင့် ကလေးငယ်များ ခံစားနေရသည်။ ထိခိုက်လွယ်သော အုပ်စုများကို စနစ်တကျ ဖိနှိပ်ခြင်းသည် အမျိုးသမီးများနှင့် ကလေးများ၏ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော ကာလကြာရှည် အားနည်းသည့် ဥပဒေများကို ပို၍ဆိုး၀ါးစေသည်။ ၎င်းတို့အားကာကွယ်ပေးရမည်။

,

စစ်အတွင်း မုဒိမ်းမှုကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေ

ဒီနေ့ကမ္ဘာပေါ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ စစ်ရေးဆိုင်ရာ အကျပ်အတည်းတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေပြီး၊ တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာနဲ့အမျှ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ တိုးပွားလာနေတယ်လို့ ပဋိပက္ခကာလအတွင်း လိင်ပိုင်းအကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Pramilla Patten က ဧပြီလ ၂၅ရက်နေ့ မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဂျော့ချ်တောင်းတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အမျိုးသမီးများဆိုင်ရာ အင်စတီကျုက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆူဒန်၊ မာလီနဲ့ မြန်မာနိုင်ငံတွေမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီး နောက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကပ်ရောဂါအလား တိုးလာတာ တွေ့ရတယ်လို့ ကုလအထူးကိုယ်စားလှယ် Pramilla Patten က ပြောသွားပါတယ်။ “မြန်မာနိုင်ငံမှာဆိုရင် မနှစ်က ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အမျိုးသမီး ဆန္ဒပြသူတွေ၊ […]

အပတ်စဉ်ထုတ်ပြန်ချက် ဧပြီလ ၁၈ မှ ၂၄ ရက်နေ့အထိ ၂၀၂၂ ခုနှစ်

ရှုပ်ထွေးလှသော မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် ၎င်းတို့၏ ဒီမိုကရေစီအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဥပဒေမဲ့ မတရား ဖမ်းဆီးခြင်းခံခဲ့ရသည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ လူပေါင်း ၁၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံရေးအကျဥ်းသားများအားလုံးကို ပြန်လွှတ်ပေးရမည်။

,

ဘီးလင်းမှာ KNU နဲ့ စစ်ကောင်စီ တိုက်ပွဲတွေကြောင့် ဒေသခံ ၇ဝဝဝ နီးပါး ထွက်ပြေးနေရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNDO/KNLA တပ်ဖွဲ့တွေနဲ့၊ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည် ခုနစ်ထောင်လောက်ရှိလာနေတယ်လို့ KNU ဘက်က ဧပြီလ ၂၅ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ BGF နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး၊ ဒေသခံတွေနေတဲ့ ရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေတာကြောင့်၊ ဘီးလင်းမြို့နယ် KNU ထိန်းချုပ်နယ်မြေထဲက ဝင်းတာပန်၊ မြစ်ကျိုးစတဲ့ ရွာကိုးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ ဒေါဇံကြီးရွာက ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် အဘွားအိုတစ်ဦး စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သလို နေအိမ်တွေလည်း […]

,

ထန်တလန်မြို့တွင် စစ်တပ် မီးရှို့သည့် အိမ်ခြေ ၁၆၀၀ ကျော် ရှိလာ

စစ်ကောင်စီတပ်သာ ကျန်တော့သည့် ထန်တလန်တွင် ရှစ်လအတွင်း ၂၇ ကြိမ် မီးရှို့ခံရရာ မြို့ရှိ နေအိမ် သုံးပုံ၊ နှစ်ပုံ ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၃၂ လုံးပါဝင်သည်။ ဒေသခံများ မြို့လုံးကျွတ်ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်သာ အခြေစိုက်နေရာယူထားသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ရှစ်လဝန်းကျင်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၁၆၀၀ ကျော်ရှိလာသည်ဟု သိရသည်။ ၂၀၂၁ စက်တင်ဘာမှ ယနေ့ (ဧပြီ ၂၅) အတွင်း ဒရုန်းဖြင့် ရိုက်ကူးထားသော မှတ်တမ်းများအရ နေအိမ် ၂၃၀၀ ကျော်ရှိ မြို့တွင် သုံးပုံနှစ်ပုံကျော် ပျက်စီးသွားခြင်းဖြစ်ကြောင်း ထန်တလန်မြို့ ပြန်လည်နေရာချထားရေး ဒေသခံကော်မတီဖြစ်သော Thantlang Placement Affairs Committee (TPAC) မှ တာဝန်ရှိသူ ဆလိုင်းလျှန်က ပြောသည်။ ထိုကာလအတွင်း စစ်တပ်က […]

နှမ်းခါးရွာမှာ အလောင်းတစ်လောင်းတွေ့၊ သုံးဦး ပျောက်ဆုံးနေ

ကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ် သားတွေ ဝင်ရောက်လာပြီးနောက် ရွာထဲမှာ လက်ပြန်ကြိုးတုပ် ပစ်သတ်ခံထားရတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင် နှမ်းခါးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တို့ ဝင်ရောက်ခဲ့ပြီး တူမီးတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံလေးဦးကို သတ်သွားတယ်လို့လည်း ဂန့်ဂေါဒေသခံတစ်ဦးက ပြောပြပါတယ်။ “တူမီးတွေနဲ့ တွေ့လို့ လေးယောက်သတ်ထားခဲ့တယ် ပြောပါတယ်။ ဦးဆန်းဝင်းဆိုတဲ့ အသက် ၆၀ ကျော်လူကြီးကို ပုဆိုးစနဲ့ လက်ပြန်ကြိုးချည်၊ သုသာန်အထိခေါ်ပြီး နဖူးတေ့ပြီးမှ ပစ်သတ်ခံရတဲ့ အလောင်းတစ်လောင်း တွေ့ခဲ့ရပါပြီဗျ အခုအချိန်အထိကတော့” သေဆုံးသွားတယ်ဆိုတဲ့ အခြားသုံးဦးကိုလည်း […]

,

စစ်တပ်က တစ်လကြာတပ်စွဲပြီးနောက် ရွာကို မီးရှို့ကာ ပြန်လည်ထွက်ခွာ

ကျွန်းလှမြို့မှ ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာကို စစ်တပ်က မတ်လကတည်းက တပ်စွဲထားခြင်းဖြစ်ကာ ပြန်ထွက်ချိန်တွင် မီးရှို့ခဲ့သော်လည်း ဒေသခံများ ဝင်ရောက်မီးငြှိမ်းသတ်နိုင်သောကြောင့် နေအိမ် ၁၀ လုံးခန့်သာ လောင်ကျွမ်းသည်ဟု သိရသည်။​ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တစ်လကြာတပ်စွဲပြီးနောက် ယနေ့ (ဧပြီ ၁၈) ပြန်လည်ထွက်ခွာချိန်တွင် မီးတင်ရှို့ထားခဲ့သည်ဟု ဒေသခံသုံးဦးထံမှ သိရသည်။ ကျွန်းလှမြို့မှ ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာကို စစ်တပ်က မတ်လကတည်းက တပ်စွဲထားခြင်းဖြစ်ကာ ယနေ့ နံနက် ၆ နာရီတွင် ရွာကို မီးရှို့ကာ အင်အား ၂၀၀ နီးပါးရှိ စစ်သားများ ထွက်ခွာသွားသည်ဟု ဆိုသည်။ စစ်တပ်ပြန်ထွက်သွားစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများ […]

အပတ်စဉ်ထုတ်ပြန်ချက် ဧပြီလ ၁၁ မှ ၁၇ အထိ ၂၀၂၂

စစ်အာဏာရှင်စနစ်ကို မီးရှို့သင်္ဂြိုလ်ရမည့်အချိန်ဖြစ်သည်။ မြန်မာစစ်တပ်သည် ပြည်သူတို့အား ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်၍ မီးရှို့ခြင်း၊ မြေလှန်အမြစ်ပြုတ်ချေမှုန်းရေးတို့ကို စနစ်တကျ ကျူးလွန်နေသည်။ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင် စခန်းများအပါအဝင် အိမ်ခြေထောင်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လောင်ကျွမ်းသွားသော မိမိတို့၏ နေအိမ်များအား ရွာသားများသည် ထိတ်လန့်စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။