Entries by ndb14

,

ရန်ကုန်မှ NLD ထောက်ခံသည့်မိသားစု ပစ်ခတ်ခံရပြီး ကျောင်းသူတစ်ဦး သေဆုံး

သေနတ်သမားများက သာကေတမြို့နယ်မှ အထည်ဆိုင်တစ်ခုသို့ ဝင်ပြီး ပစ်ခတ်ရာ ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ သေဆုံးပြီး မိသားစုဝင်တချို့လည်း ထိခိုက်ခဲ့သည်။  ယမန်နေ့ (မေ ၁၉) တွင် ရန်ကုန်၊ သာကေတမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသည့် မိသားစုဝင် ၃ ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသူ သေဆုံးသွားသည်ဟု ထိုမိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သာကေတမြို့နယ်၊ ၇ ရပ်ကွက်၊ အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်ရှိ အထည်ဆိုင်ရှေ့သို့ ကားနှင့် ရောက်လာသည့် လက်နက်ကိုင်နှစ်ဦးက ဆိုင်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသက် ၂၂ နှစ်အရွယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးသည် နားထင်ကို ၂ ချက် တေ့ပစ်ခတ်ခံရသည်၊ […]

ပင်းတယ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သားအမိ အဖမ်းခံရ

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနဲ့ သားဖြစ်သူကို မေလ ၁၄ ရက်နေ့ ညပိုင်း စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ပင်းတယဒေသခံက RFA ကို ပြောပါတယ်။ ဒေါ်မမလေးနဲ့ သားဖြစ်သူ ကိုနေမျိုးထက်ဟာ သူတို့နေအိမ်ဖြစ်တဲ့ ပင်းတယမြို့ ဖော့တော အနောက်ရပ်ကွက်နေအိမ်မှာ ရှိနေချိန် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ အိမ်စီးကား ငါးစီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ပြောပါတယ်။ ဒေါ်မမလေးဟာ ပင်းတယမြို့ NLD ပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရထားသူဖြစ်ပြီး အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေပါ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရ တာကြောင့် ရှောင်တိမ်းနေရသူလို့ ဒေသခံက […]

,

ရေစကြို ရေလယ်ကျွန်းဒေသ ရွာလေးရွာက နေအိမ် ၇၀ ကျော် မီးရှို့ခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ရွာလေးရွာကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့တာကြောင့် လေးရွာပေါင်း နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၅ ရက် မနေ့ကတည်းက အင်အား ၁၀၀ ခန့် မိုးကွဲရွာမှာ စခန်းချ ညအိပ်ပြီး ဒီနေ့မနက် ပြန်အထွက်မှာ ရွာတွေကို မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက် မိုးကွဲရွာ မီးရှို့တယ်။ အဲဒီကနေတစ်ဆင့် ကံဦးရွာကို မီးရှို့တယ်။ ပြီးရင် တောင်ကုန်း ရောက်တော့လည်း မီးထပ်ရှို့တယ်။ သူတို့သွားတုန်းက ဝင်ခဲ့တဲ့ မဲကုန်းရွာကိုလည်း နောက် တစ်ခါ ဝင်ပြီး မီးရှို့တယ်ဗျ။ […]

,

စစ်ကိုင်းတိုင်းမှာ လေးရက်အတွင်း လူ ၃ဝ ကျော် အသတ်ခံရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်အတွင်း သံဃာနဲ့ ကိုရင် လေးပါး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲ က ၂၈ ဦးရဲ့ ရုပ်အလောင်းကိုတော့ မီးရှို့ခံထားရတဲ့ အိမ်တွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။ မေလ ၁၀ ရက် မနက်အစောပိုင်းမှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ချိန် ရွာပြင်မှာ ကင်းစောင့်နေတဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မုန်တိုင်ပင်ရွာကို ဆက်လက်စီးနင်း ဝင်ရောက်ခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့မှာ နေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အ လောင်း […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၉ ရက်မှ ၁၅ ရက်နေ့ထိ

#အာဆီယံမှ ကမ်းလှမ်းမှုထက် ပိုမိုသည့် အကူအညီများ #မြန်မာပြည်သူများ ရရှိရန် ထိုက်တန်ပါသည်။ အတွေ့အကြုံရှိသော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် NUG အပါအဝင် လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသူများ၏ အသံများကို အာဆီယံအနေဖြင့် နားထောင်ရမည်ဖြစ်ပြီး စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှုရှိစေမည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုသည်။

ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ပြီး ၁၂ နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်ခရိုင်)၊ ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ရာ ၁၂ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) က အတည်ပြုသည်။ ကူးဆိပ်ရွာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ၊ ခမရ (၄၀၈) တပ်ရင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု အတွင်းရှိ တဒွီးခိုကျေးရွာ အတွင်းသို့ ၆၀ မမ လက်နက်ကြီး လေးချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းတဒွီးခိုကျေးရွာ ဒေသခံ အသက် ၁၆ နှစ်အရွယ် နော်အယ်ဆိ၏ ရင်ဘတ်ကို […]

အာဆီယံအစည်းအဝေးမှာ မြန်မာအရေးဆွေးနွေးတာကို ကုလဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ချန်လှပ်ခံရမှု အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချ

မေ ၁၀ ၊ ၂၀၂၂ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ တိုင်ပင်ခံအစည်းအဝေးမှာ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာ နိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုအပေါ် အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချတဲ့အကြောင်း မေ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မေ ၆ ရက်က ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံအစည်းအဝေးမှာ ဒေါက်တာနိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုက အာဆီယံအနေနဲ့ ကုလသမဂ္ဂကို စော်ကားလိုက်တာဖြစ်တယ်လို့ ရှုတ်ချရေးသားလိုက်တာပါ။ မူလက ဖိတ်ကြားခဲ့ပြီးမှ အစည်းအဝေးတက်ရောက်ခါနီး ကုလအထူးကိုယ် စားလှယ်ကို ဖျက်သိမ်းလိုက်မှုက အာဆီယံရဲ့ ကုလသမဂ္ဂကို စော်ကားမှုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ဒါအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin ကလည်း ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိ

ဒီမိုကရေစီ ရှင်သန်ဆဲနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့်သည် အရေးကြီးပြီး အခြေခံကျသည်။ မြန်မာစစ်တပ်အောက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးထားရုံသာမက သေစေနိုင်လောက်သည့် အကျိုးဆက်များနှင့် ဆိုးရွားစွာ ကျဆင်းနေသည်။

,

ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှ ဒေသခံ ၄၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ

စစ်ယာဉ်တန်းတိုက်ခိုက်ခံရသည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် စစ်တပ်က ဒေသခံရာနှင့်ချီ ဖမ်းဆီးလိုက်ပြီး လက်နက်ကိုင်ခုခံသူတို့ကို ဆက်လက် ရှာဖွေနေသည်။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ကင်းလှည့်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ငှက်အော်စမ်းကျေးရွာမှ ဒေသခံ အမျိုးသား ၄၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ မေလ ၃ ရက် ညနေ ၃ နာရီခန့်တွင် ငှက်အော်စမ်းကျေးရွာအနီး မကျည်းကန်-ကျိုက်ထော်လမ်းမပေါ်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကော့မှူးဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိုနေ့ ညပိုင်းမှာပင် အနီးရှိ ငှက်အော်စမ်းကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်ကာ ဒေသခံတို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ နောက်တစ်နေ့ (မေ ၄) နံနက်တွင် အမျိုးသမီးများကို […]

,

မေ ပထမပတ်တွင် စစ်ကိုင်းနှင့် ချင်းရှိ အိမ် ၁၀၀၀ ကျော် မီးရှို့ခံရ

PDF လှုပ်ရှားနယ်မြေကို လိုက်လံဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က အရာတော်၊ ကလေး၊ တန့်ဆည်၊ ဖလမ်းမြို့ကျေးရွာများကို မီးတိုက်နေသည်ဟု ထိုဒေသတွင် နေထိုင်သူတို့ထံမှ သိရသည်။ စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် မေလပထမပတ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေ ၂ ရက်နေ့က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာရွာ၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတို့ကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး တန့်ဆည်မြို့နယ်၊ ကြောင်ဆင်းအိုင်ကျေးရွာတွင်လည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ တန့်ဆည်မြို့နယ် အနောက်မြောက်ပိုင်းကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဝင်မွှေခဲ့ပြီးနောက် ကြောင်ဆင်းအိုင်ရွာတွင် တပ်စွဲနေသည့် စစ်တပ်သည် ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ရွာကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့မနက် […]