Entries by ndb14

,

သေဒဏ်ကျသူကို ကွပ်မျက်မည်ဟူသော ပြောဆိုချက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား ၂ ဦးကို စစ်ကောင်စီ ကွပ်မျက်မည်ဆိုပါက အကန့်အသတ်မဲ့ ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဟု နယ်ပယ်အသီးသီးမှ တုံ့ပြန်နေကြသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့အပါအဝင် သေဒဏ်စီရင်ချက် ချခံထားရသူများကို ကွပ်မျက်ပါက စစ်ကောင်စီအနေဖြင့် အကန့်အသတ်မဲ့ဆိုးကျိုး၊ ပိုမိုပြင်းထန်သည့် ခုခံတော်လှန်မှုများနှင့် ကြုံရမည်ဟု နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက တုံ့ပြန်ပြောဆိုလိုက်သည်။ အသက်မပြည့်သေးသူ ၂ ဦးအပါအဝင် သေဒဏ်ချခံထားရသူ ၁၁၄ ဦးရှိသည်ဟု စစ်ကောင်စီဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး စာရင်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။ သေဒဏ်စီရင်ခံထားရသူများအနက် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ အယူခံကို ပလပ်လိုက်ပြီး သေဒဏ်အမိန့်ကို အထမြောက်အောင် ဆက်လက်အကောင်အထည်ဖော်နေကြောင်း၊ အမှန်တကယ်သေဒဏ်ချမည့်အကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၂ […]

,

ကန့်ဘလူတိုက်ပွဲတွင် ၈ နှစ်သား၊ မိခင်နှင့် အဖိုးဖြစ်သူတို့ သေဆုံး

ကိုးတောင်ဘို့ ရွာပြင်တွင် စခန်းချ၍ တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ကို ရွာအတွင်းမှနေ၍ တိုက်ခိုက်စဉ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခဲ့သည်ဟု PDF ဘက်က ပြောသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကိုးတောင်ဘို့ရွာတွင် လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျ၍ ၈ နှစ်အရွယ် မောင်ဇင်ဘုန်းနှင့် ၎င်း၏ မိခင်၊ အဖိုးဖြစ်သူတို့ ပွဲချင်းပြီးသေဆုံးသွားသည်။  ထိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထဲမှ အင်အား ၅၀ ကျော်မှာ ဇွန် ၁ရက်နေ့က မြောက်ဘက် ၇ မိုင်ခန့်အကွာ ကောလင်းမြို့သို့ ပြန်ထွက်သွားပြီးနောက် ကျန်ရှိအဖွဲ့ကို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်စဉ် စစ်တပ်က ထိုသို့ ပစ်ခတ်ကြောင်း ကိုးတောင်ဘို့တော်လှန်ရေးအဖွဲ့ (KTBR) ခေါင်းဆောင် ကိုချစ်က ပြောသည်။ “သူတို့က အိမ်ထဲတင် နေကြတာ။ ဟိုဘက်က ပစ်လိုက်တော့ […]

, ,

နိုင်ငံပျောက်သူ ရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုသူ ၁ သန်း ကျော်ပြီဖြစ်

မေလ ၃၀ ရက် နွေဦးတော်လှန်ရေး ရန်ပုံငွေရရန် ရည်ရွယ်၍ ဒါရိုက်တာ ဏကြီး ဖန်တီးပုံဖော်ထားသော “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်လမ်းတိုသည် ထုတ်လွှင့်ပြီး ၁၂ နာရီအတွင်း ကြည့်ရှုသူ တစ်သန်းကျော် အထိ ရှိလာသည်။ နိုင်ငံပျောက်သူ ရုပ်ရှင်ဇာတ်လမ်းတိုကို ယနေ့ မေလ ၃၀ ရက် နံနက် ၈ နာရီမှ စတင်၍ ပဒေသာပင် ယူကျု့ချန်နယ် https://www.youtube.com/c/PaDayTharPin တွင် ကြည့်ရှုနိုင်ပြီး ည ၈ နာရီ အထိ ကြည့်ရှုသူ တစ်သန်းကျော် ရှိသည်။ အဆိုပါ ဇာတ်လမ်းတိုတွင်ပါဝင်သော တစ်ဦးချင်းစီနှင့် ကြည့်ရှုသူများကို ကျေးဇူးတင်ကြောင်း ဒါရိုက်တာဏကြီး၊ ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က ပြောကြားထားသည်။ ထို့အတူ တော်လှန်ရေးအတွက် ရန်ပုံငွေရရန် ရည်ရွယ်ထားခြင်းကြောင့် ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတိုကို ပဒေသာ ပင်ယူကျု့ချန်နယ်တွင်သာ […]

, ,

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းသင်တန်း သင်တန်းနည်းပြလက်စွဲ (အခြေခံအဆင့်) ထုတ်ဝေခြင်း

၂၀၂၂ ခုနှစ် မေလ ၃၁ ရက် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma အနေဖြင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အ ရေးချိုးဖောက်မှုများ မှတ်တမ်းတင်သည့်လုပ်ငန်းကို ကွန်ရက်စတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ ကွန်ရက်အဖွဲ့ဝင်များ အခြေစိုက်ရာဒေသများသည် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများဖြစ်ပြီး တိုက်ပွဲများနှင့် နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသကဲ့သို့ တချို့ ကွန်ရက်အဖွဲ့ဝင်များမှာ အကြောင်းအရာကို အခြေခံ၍ မှတ်တမ်းတင်နေသည့် အဖွဲ့များရှိသည်။ မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်တလျှောက် တိုင်းရင်းသားဒေသများရှိ ပြည်သူလူ ထုသည် စစ်ပွဲများ၏ အနိဌာရုံနှင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို နှစ်ပေါင်းများစွာ ခံစားကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ပြည်သူလူထုအားလုံးမှာ စစ်အာဏာရှင်တို့၏ အပြင်းအထန် ဖိနှိပ်မှုနှင့် […]

,

ရန်ကုန်သပိတ် အသက် မပြည့်သေးသည့် ကျောင်းသား ၅ ဦး ဖမ်းခံရ

မေလ ၃၀ ရက် ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား သပိတ်အပြီးတွင် အသက် မပြည့်သေးသည့် ကျောင်းသား ငါးဦး စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခံရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟို အမှုဆောင် တစ်ဦးက မဇ္စျိမကို ပြောသည်။ “ဒီကနေ လှုပ်ရှားမှုက သင်္ဃန်းကျွန်းမြိုနယ်မှာ ဗကသများအဖွဲ့ချုပ်က မဟာမိတ်တွေနဲ့ ပေါင်းပြီး လုပ်တာပါ။ လှုပ်ရှားမှု ပြီးချိန်မှာ ဖမ်းဆီး ခံခဲ့ရတာပါ။ ဦးခေါင်း၊ နောက်ကျော၊ လက်၊ ခြေထောက် စတာတွေမှာ ပွန်းပဲ့ ထိခိုက်ပြီး ဒဏ်ရာရသူတွေ ရှိပါတယ်။ ဖမ်းဆီး ခံရသူတွေကိုလည်း သေနတ် ဒင်တွေနဲ့ ထုရိုက် နှိပ်စက်တာတွေ ရှိပါတယ်။ ဖမ်းခံရတဲ့ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၃ မှ ၂၉ မေလ ၂၀၂၂ ခုနှစ်

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နေ့စဉ်နှင့်အမျှ ဆိုးရွားလာနေသည်။ မုတ်သုံမိုး စတင်လာသည်နှင့်အမျှ ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေရသည့် ပြည်သူတို့၏ အတိဒုက္ခမှာ ပိုများလာပြီး ပို၍ အန္တရာယ်များလာနေသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအား တုံ့ပြန်ရာတွင် ရန်ပုံငွေအား NUG အပါအ၀င်  နယ်စပ်ဖြတ်ကျော် အကူအညီပေးနေသည့် အဖွဲ့များမှတစ်ဆင့် ကူညီပံ့ပိုးပေးရမည်။

,

စစ်ကိုင်းဒေသခံတွေ ထွက်ပြေးရတဲ့ ရုပ်သံတွေထွက်ပေါ်

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ်အားလုံးနီးပါးမှာ ဆန့်ကျင်တော်လှန်မှုတွေ အနည်းနဲ့အများ တောက်လျှောက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း တုံ့ပြန်ချေမှုန်းနေပါတယ်။ အဲဒီလိုအင်အားသုံးချေမှုန်းခံရတဲ့အထဲမှာ အခုလပိုင်းတွေအတွင်း အဆိုးဆုံးခံနေရတာက စစ်ကိုင်းတိုင်း ဖြစ်နေတာ တွေ့ရပါတယ်။ စစ်ကိုင်းက ပြည်သူတွေရဲ့အခြေအနေတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။ RFA News

အရပ်သားများကို လေကြောင်းမှတိုက်ခိုက်ရာတွင် ဂျပန်စစ်ပညာသင် ဗိုလ်မှူးကြီးပါဝင်

ဂျပန်နိုင်ငံသည် ၂၀၁၅ မှစ၍ မြန်မာစစ်တပ်မှ ဗိုလ်လောင်းများနှင့် အရာရှိများကို စစ်သင်တန်းပေးခဲ့ရာ အာဏာသိမ်းပြီးနောက်တွင်လည်း ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦး ထပ်မံလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ အရပ်သားများအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် ဂျပန်နိုင်ငံ၌ စစ်ပညာသင်ယူခဲ့သော ဒုတိယဗိုလ်မှူးကြီးတစ်ဦး ပါဝင်နေကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ယနေ့ (မေ ၂၃) ထုတ်ဖော်ပြောဆိုသည်။ မကွေးလေတပ်စခန်းဌာနချုပ်တွင် ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးသည် ဂျပန်နိုင်ငံရှိ လေတပ်ဌာနချုပ်နှင့် စစ်ဦးစီးကောလိပ်တို့တွင် ၂၀၁၆ ဩဂုတ်လမှ ၂၀၁၇ မတ်လအထိ သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း Human Right Watch နှင့် Justice For Myanmar အဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုး မည်သို့မည်ပုံပါဝင်သည်ကို ဖော်ပြမထားသော်လည်း […]

ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၁၇ ဦး သေဆုံးမှု တုန်လှုပ်မိကြောင်း UNHCR ပြော

ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကိုလာရင်း ပင်လယ်မှာစက်လှေမှောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ၁၇ ဦး သေဆုံးခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး အံ့သြတုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောလိုက်ပါတယ်။ တိမ်းမှောက်သွားတဲ့စက်လှေဟာ ရခိုင်ပြည်နယ် စစ်တွေကနေ ကြာသပတေးနေ့က ထွက်ခွာလာတာဖြစ်ပြီး၊ စနေနေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေအနီးမှာ မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ အနည်းဆုံး ၁၇ ဦးသေဆုံးပြီး၊ ဒီအထဲမှာ ကလေးတချို့ပါဝင်တယ်လို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။ ရုပ်အလောင်းတွေကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။ “နောက်ဆုံးဖြစ်ခဲ့တဲ့ ဒီအဖြစ်ဆိုးက မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဆင်းရဲအားငယ်မှုကို နောက်တစ်ကြိမ် ပြလိုက်တာပဲ” – လို့ UNHCR ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ပြောလိုက်ပါတယ်။ “ဒီလိုအန္တရာယ်များလှပြီး၊ နောက်ဆုံးမှာ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၁၆ မှ ၂၂ ရက်နေ့ထိ

အပြစ်မဲ့အရပ်သားများအပေါ် ထိတ်လန့်ဖွယ်ကောင်းသော ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် နိုင်ငံတကာအသိုက်အဝန်းမှ တာဝန်ခံမှုကို တောင်းဆိုနေသည်။ စစ်အာဏာရှင်များသည် ပစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထကို ကာလကြာရှည် ကျင့်သုံး ခံစားနေသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုရရှိရန် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများ လိုအပ်သည်။