Entries by ndb14

,

ရွှေဘိုမြို့နယ်မှာ ရွာငါးရွာက အိမ်ပေါင်း ၂၇၀ ကျော် ငါးရက်အတွင်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက မူးကမ်းကြီးရွာ အပါအဝင် ရွာငါးရွာက အိမ်ပေါင်း ၂၇၀ ကျော် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က​နေ ၁၅ ရက်အထိ ငါးရက်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မ ၈၈ တံဆိပ်ပါ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကစလို့ ရွှေဘို မြို့နယ်၊ ရွာဆိုးကျေးရွာအုပ်စုက ပေါက်ချိုင်ရွာကို ဝင်ရောက်လာပြီး အဲဒီနေ့ကစပြီး ရွာတွေ မီးရှို့ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ” ၁၁ ရက်နေ့က ပေါက်ချိုင်ရွာ၊ ၁၄ နဲ့ ၁၅ ရက်က မူးကမ်းကြီး၊ ရေကြည်ဝရွာရယ်၊ ထည်ပင်ရယ်ပေါ့။ ပထမ ပေါက်ချိုင်ထဲ […]

တစ်ပတ်အတွင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု၊ မိုင်းမတော်တဆပေါက်ကွဲမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ သေဆုံးနေသည်ဟု ဆိုသည်။ ရန်ကုန်တွင် စစ်ကောင်စီထောက်တိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်မှု၊ မိုင်း မတော်တဆပေါက်ကွဲမှုနှင့် စစ်ကြောရေးတွင် နှိပ်စက်ခံရမှုများကြောင့် ယခုရက်သတ္တပတ်အတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ ဇွန် ၁၇ ရက်က ရန်ကုန်မြို့အထွက် ထန်းတပင်မြို့နယ်ရှိ ပန်းတိုင်ဂိတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။  “ဒီပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ အရပ်သားတွေလည်း ပါနေတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ တော်တော်များများ ကျဆုံးနေပြီးတော့ သတင်းတွေ ပျောက်နေတယ်။ ဒါက မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက […]

,

မြန်မာနိုင်ငံ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကုလသမဂ္ဂသတိပေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF အကြား တိုက်ပွဲတွေဖြစ်ပွားနေချိန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုင်ကြားချက်တွေဟာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ – ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး၊ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြထားတာပါ။ ဆန္ဒပြမှုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေနဲ့ စာနယ်ဇင်းသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် အင်အား အလွန်အကျွံ သုံးခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။ လှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ကျန်းမာရေးပညာရှင်တွေ၊ ဆရာမတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားခဲ့ပြီး၊ ဆေးရုံအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဋ္ဌာနတွေကို စစ်တပ်က […]

,

“လူနှစ်ဆယ့်ခြောက်ယောက် သတ်ခဲ့တယ်”

လူသတ်ကြောင်းကိုယ်တိုင်ပြောနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံနဲ့ဓာတ်ပုံများ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း တပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိသာပေါ်လွင်စေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA က ရရှိထားပါတယ်။ ရရှိထားတဲ့ဓာတ်ပုံပေါင်း ၁၄၄ ပုံဖြစ်ပါတယ်။ အဲဒီပုံတွေထဲမှာ အရပ်သား ၃ဝ လောက်ကို လက်ပြန်ကြိုးတုပ်ဖမ်းထားပြီး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းအောက်မှာ စုပြီးထိုင်ခိုင်းထားပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေကို ပုဆိုးစနဲ့စည်း၊ လက်ပြန်ကြိုးတုပ်၊ နောက်စေ့ကနေ ပစ်သတ်ခံထားပြီး သွေးအိုင်ထဲမှာလဲနေတဲ့ အရပ်ဝတ်နဲ့လူငါးယောက် အလောင်းနံဘေးမှာ ရုပ်သံဖိုင်ထဲက စစ်သားနှစ်ယောက်က ရပ်ကြည့်နေတဲ့ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ ဒီဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဗီဒီယိုထဲမှာ စုဝေး‌ပြောဆိုနေကြတဲ့ စစ်သားသုံးယောက်အနက် လက်ယာဘက်အစွန်လူရဲ့ တယ်လီဖုန်းထဲက ရရှိတာ ဖြစ်ပါတယ်။ အဲဒီစစ်သားကျကျန်ခဲ့တဲ့ တယ်လီဖုန်းကို အရာတော်မြို့ နယ်မှာ ဒေသခံတစ်ဦး ကောက်ယူရရှိခဲ့ရာကနေ အဲဒီတယ်လီဖုန်းထဲက ပုံတွေနဲ့ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ

သေဒဏ်ပေးခံရသူများအား လက်တွေ့ကွပ်မျက်ရန် စစ်အာဏာရှင်တို့၏ ဆုံးဖြတ်ချက်သည် လူမဆန်သကဲ့သို့ ဥပဒေနှင့်လည်းမညီပါ။ #မြန်မာနိုင်ငံတွင် တရားမျှတမှုသည် နှောင့်နှေးပြီး ငြင်းပယ်ခံနေရသည်။ နိုင်ငံတကာအသိုက်အဝန်းမှ အရေးပေါ် တုန့်ပြန်ရန် ပို၍လိုအပ်နေသည်။

,

စစ်ကြောရေးတွင် သေပြီသတင်းထွက်သော ဆရာဝန် အိုးဘိုထောင်ရောက်နေ

မန္တလေးမြို့ နေအိမ်တွင် ရိုက်နှက်ဖမ်းဆီးခံရပြီးနောက် တစ်လကျော်ကြာ သတင်းပျောက်နေသည့် ဒေါက်တာအောင်အောင်ထွန်းမှာ ထောင်တစ်သက်ချနိုင်သည့် ပုဒ်မဖြင့် ရင်ဆိုင်နေရသည်။ ဧပြီလကုန်ပိုင်းတွင် မန္တလေးမြို့ နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် သေပြီဟု သတင်းထွက်နေသော သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာအောင်အောင်ထွန်း အိုးဘိုအကျဉ်းထောင်ရောက်နေသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်များကို လက်ခံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဧပြီ ၂၆ ရက်က အသက် ၂၈ နှစ်အရွယ် ဒေါက်တာအောင်အောင်ထွန်းနှင့် မိသားစုဝင်သုံးဦးကို စစ်ကောင်စီက ဖမ်းသွားခြင်းဖြစ်ကာ ၎င်းပိုင်သည့် ဆေးခန်းသုံးခုနှင့် နေအိမ်ကိုပါ စစ်ကောင်စီက ချိပ်ပိတ်ထားသည်။ ထို့နောက် တစ်လကျော်ကြာ သတင်းပျောက်နေပြီးနောက် ဖခင်နှင့် အခြားမိသားစုဝင်တစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း၊ အမဖြစ်သူနှင့်အတူ ဆက်လက် ဖမ်းဆီးခံထားရသည့် ဒေါက်တာအောင်အောင်ထွန်းကို […]

,

ဘားအံထောင်ဆူပူမှု နိုင်ကျဉ်း ၂ ဦး ကျည်ထိမှန်၊ ၆၀ ကျော် ဒဏ်ရာရ

ထောင်အာဏာပိုင်များက မီးအမှောင်ချကာ လေးခွဖြင့် ပစ်ခတ်သည့်ပြင် လူ ၄၀ ခန့်သာ ဆန့်သော အဆောင်တွင် လူ ၈၀ ကျော်ကို ထောင်ပုံစံဖြင့် အိပ်စက်စေကာ မလိုက်နာသူများကို ဝါးချွန်ဖြင့် ထိုးခြင်း၊ ဝါးတုတ်ဖြင့် ရိုက်ခြင်းများရှိသည်ဟု ဆိုသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့ (တောင်ကလေး) အကျဉ်းထောင်တွင် ဇွန် ၆ က အကျဉ်းထောင် ဆူပူမှုဖြစ်ခဲ့ရာ ထောင်အာဏာပိုင်များ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ကျည်ထိမှန်ထားပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိထားကြောင်း ဘားအံအကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။  ထိုနေ့တွင် ဘားအံထောင်သို့ နေပြည်တော်အကျဉ်းဦးစီးမှ ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသားများကို မူလထားရှိသည့် ကြိုးကြာဆောင်မှ ထောင်မကြီးရှိ အဆောင် ၄ သို့ အဓမ္မပြောင်းရွှေ့ခိုင်းရာမှ ပစ်ခတ်ရိုက်နှက်မှု […]

,

သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၂၀၉ ဦးရှိကြောင်း ISP ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၂၀၀ ကျော်ထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ် ခံထားရသူပေါင်း ၂၀၉ ဦးထိ ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဇွန်လ ၆ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။ လူပေါင်း ၂၀၉ ဦးမှာ ရန်ကုန်တိုင်းက ၂၀၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျန် ခုနစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီအထဲမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၁၂ ဦး ရှိနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံး မြို့နယ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ […]

သေဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးအား သေဒဏ်စီရင်ရေး အတည်ပြုခြင်းနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ ၄ ဦးအား အကြမ်းဖက်စစ်အုပ်စု၏ စစ်ခုံရုံးက ချမှတ်ခဲ့သည့် သေဒဏ်ကို အတည်ပြုလိုက်ပြီး ကွပ်မျက်ရန် ဆောင်ရွက်နေပြီဟု စစ်အုပ်စုမှ ဇွန်လ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။သို့သော်လည်း ထိုသူများကို မည်သည့် စစ်ခုံရုံး၊ မည်သည့်နေရာတွင် အမှုကို ကြားနာခဲ့ကြောင်းနှင့် အမိန့်ချမှတ်ခဲ့ကြောင်းကို သက်ဆိုင်ရာ မိသားစုများထံသို့ပင် အသိပေးခြင်း မရှိပါ။ စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ယန္တရားတခုလုံးအား အလုံးစုံ ဖျက်ဆီးနေပေသည်။ အကြမ်းဖက်စစ်အုပ်စုသည် အာဏာသိမ်းယူပြီးသည်မှစ၍ ၎င်းတို့အား ဆန့်ကျင်သူများကို နေ့စဉ်နှင်အမျှ သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ နေအိမ် […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက်နေ့ထိ

မြန်မာနိုင်ငံအရှေ့ခြမ်းမှ # လူ့အခွင့်အရေးချိုးဖောက်မှု များသည် အရပ်သားတို့၏ လူသားဘ၀ကို ဆုံးရှုံးစေသည်။ ယခင်အပတ်တွင် @amnesty @HURFOM နှင့် @khrg တို့၏ အစီရင်ခံစာများတွင် ထုတ်ပြန်ခဲ့သည့်အတိုင်း အပြစ်မဲ့ပြည်သူများအပေါ် စစ်အာဏာရှင်တို့ ချိုးဖောက်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ရမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုအကူအညီကို ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများမှတဆင့် ခွင့်ပြုရမည်။