Entries by ndb14

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ မှ ဇူလိုင်လ ၃ ရက်နေ့ထိ

ခုခံတော်လှန်ရေးအားကောင်းသော်လည်း အကူအညီအထောက်အပံ့များ ပိုလိုအပ်နေသည်။ စစ်အုပ်စု လိုလားသော ပြည်သူ့စစ်များ ပေါ်ပေါက်လာပါက အရေးတကြီး ဆောင်ရွက်ရမည့် အရပ်သားတို့၏ ဘေးကင်းလုံခြုံရေးကို ပို၍  ခြိမ်းခြောက်လာမည် ဖြစ်သည်။ ၎င်းတို့၏ ရပ်ရွာ အသိုင်းအဝိုင်းအား ကာကွယ်စောင့်ရှောက်နေပြီး မတရား အာဏာရယူထားသည့် စစ်အာဏာရှင်တို့အား တွန်းလှန်နေသည့် PDFs နှင့် EROs များအား အပြည့်အစုံ တပ်ဆင်ပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အားပံ့ပိုးပေးရမည်ဖြစ်သည်။

,

ဖလမ်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းဝင်စဉ် မသန်စွမ်းနှစ်ဦး အသတ်ခံရ

ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက ချင်းပြည်နယ်မြောက် ပိုင်းရောက်ရှိစဉ် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ကို ဝင်ရောက်နေသော စစ်ကောင်စီစစ်ကြောင်းက မသန်စွမ်းနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ တစ်ဦးမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန် ၂၉ ရက်တွင် ကလေးမြို့မှ ချီတက်လာသော အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ဖလမ်းမြို့မြောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ ဗားလုံရွာ (Valung) ကို ရောက်ရှိစဉ် ဇွန် ၃၀ ရက်က အသက် ၆၀ ကျော်အရွယ် ဆွံ့အနားမကြားဖြစ်နေသူ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခြင်းဖြစ်သည်။ ဦးခေါင်းကို ပစ်သတ်ခံထားရသည့် […]

,

တိုက်ပွဲပြင်းထန်နေသော ကျောက်ကြီးတွင် ဒေသခံလေးသောင်းနီးပါး ထွက်ပြေးနေရ

စခန်းငယ် ၅ ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သည့်ပြင် လေကြောင်းမှပါ တိုက်ခိုက်နေပြီး ရွာပေါင်း ၂၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။  ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ကင်းစခန်းငါးခု တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူ လေးသောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးအသားအစည်းအရုံး (KNU) က ယနေ့ (ဇူလိုင် ၄) ထုတ်ပြန်သည်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ကြောင်ပြာ၊ အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်၊ ကော့ပြင်နှင့် ကျောင်းစု စသည့် စစ်တပ်ကင်းစခန်းငါးခုကို KNU လက်အောက်ခံတပ်များက ဇူလိုင် ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  ထိုစခန်းများမှာ ကျောက်ကြီးမြို့မှ မိုင် ၂၀ ကျော်အကွာတွင်ရှိပြီး ကြောင်ပြာစခန်းတစ်ခုသာ အင်အားအသင့်အတင့်ရှိ ခြေကုပ်စခန်းဖြစ်ကာ ကျန်စခန်းများမှာ […]

,

CDM ကျောင်းဆရာရဲ့ မီးကျွမ်းနေတဲ့မျက်မှန်ဘူး

အသိပေးချက် – ဒီသတင်းဆောင်းပါးမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအကြောင်းကို ရေးသားဖော်ပြထားရတာမို့ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာတွေ ပါ၀င်တယ် ဆိုတာကို ကြိုသတိပေးပါရစေ။ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ မကွေးတိုင်းထဲက ရေစကြို၊ မြိုင်၊ ပေါက်နဲ့ ဂန့်ဂေါဒေသတွေဟာ မြေပြန့်ဒေသတွေထဲမှာတော့ စစ်ကိုင်းတိုင်းပြီးရင် စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက် နှိမ်နင်းမှု အခံရဆုံးဒေသတွေ ဖြစ်ပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့မြောက်ပိုင်း၊ မြိုင်မြို့ထဲမှာရှိတဲ့ ဒါန်းပင်ကန်ရွာကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်က စစ်ကောင်စီတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနေ့က ဒါန်းပင်ကန်ဒေသခံ ၁၄ ယောက်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးတာခံရပါတယ်။ အဲဒီထဲက ရွာခံအမျိုးသား ၉ ယောက်ကတော့ စစ်ကောင်စီတပ်ရဲ့ပစ္စည်းတွေကို သယ်ပေးဖို့အတွက် အဖမ်းခံခဲ့ရတာပါ။ ဒါပေမဲ့ ကျန်တဲ့ ၅ ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ကို ထောက်ခံအားပေးတဲ့ ဒေသအခေါ် […]

,

ရွှေဘိုမှာ အမျိုးသမီးငယ်တွေအပါအဝင် PDF ကိုးဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာအနီးမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့က PDF တပ်ဖွဲ့ဝင် ကိုးဦးကို စစ်ကောင်စီ တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force (Wetlet) အဖွဲ့နဲ့ မိသားစုဝင်တွေက ဇွန်လ ၃၀ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောဆိုပါတယ်။ ဇွန်လ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်နေ ရွှေဘိုမြို့နယ်ကို ဖြတ်သန်းပြီး အရာတော်မြို့နယ်ထဲကို ဆေးသင်တန်း သွားတက်ဖို့အသွားမှာ စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ GZ Special Task Force (Wetlet) အဖွဲ့တာဝန်ရှိသူ ဗိုလ် GZ က […]

ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့ နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုလိုက်ပါတယ်။ နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းရွှေ့တဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့အပြင် မူလနေအိမ်မှာပဲထားဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ စာပေးပို့တောင်းဆိုထားတာလို့ ဇွန်လ ၂၇ ရက် ဒီကနေ့ ကမ္ဘော ဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်ဆောင်ကို ယခု ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံ မူလအခြေအနေပြန်ရောက်ဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်အတွင်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်တဲ့သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက မှတ်ယူထားတယ်လို့လည်း ဦးဝဏ္ဏမောင်လွင်ကို ပေးပို့ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ စာမှာ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ

#အာဆီယံသည် #မြန်မာပြည်သူများအတွက်  တစ်ဖန်ပျက်ကွက်ပြန်သည်။ အာဆီယံသည် မြန်မာနိုင်ငံတွင် အကျပ်အတည်းမျိုးစုံကို တုံ့ပြန်ရာတွင် သမာဓိနှင့် စည်းကမ်းရှိစွာ ဦးဆောင်ရန် အခွင့်အလမ်းများစွာရှိသည်။ ယင်းအစား၊ ၎င်းတို့သည် ဒီမိုကရေစီ၏ အခြေခံမူများကို ကျောခိုင်းပြီး တိုင်းပြည်ငြိမ်းချမ်းရေး အလားအလာကို ယိုယွင်းစေသော အာဏာရှင်များအတွက် ဆင်ခြေ ပေးခဲ့သည်။

,

တနင်္သာရီတိုင်းမှ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

လောင်းလုံးမြို့ ကျေးလက်ဒေသ နေအိမ်များကို ဝင်စီးသည့် စစ်ကောင်စီတပ်က ဇွန် ၂၆ တစ်ညတည်းတွင် ပြည်သူ ၃ ဦးကို ပစ်သတ်ကာ ပစ္စည်းလုယူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ပြည်သူ ၃ ဦးကို ယမန်နေ့ (ဇွန် ၂၆) ညတွင် စစ်ကောင်စီတပ်သားတို့က အနီးကပ်ပစ်သတ်သွားသည်ဟု ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ လောင်းလုံးမြို့နယ်နှင့် ၆ မိုင်ခန့် ဝေးသော ကဒက်ကြီးကျေးရွာသို့ ထိုနေ့ည ၁၁ နာရီခွဲခန့်တွင် စစ်သား ၁၅ ဦးခန့် ကား ၂ စီးဖြင့် ရောက်လာပြီး နေအိမ် ၅လုံးကို ဝင်ရောက်စီးနင်းသည်ဟု ၎င်းက ပြောသည်။ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို ကူညီဖူးသည့် အသက် ၆၀ […]

, ,

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့

ဒီစကားဝိုင်းအစီအစဉ်ကို…… ရက်စွဲ – ဇွန်လ ၂၆ ရက်နေ့၊ ၂၀၂၂ အချိန် – ညနေ ၅ နာရီခွဲ တို့တွင် ကျင်းပသွားမှာဖြစ်ပြီး ပါဝင်ဆွေးနွေးပေးမဲ့သူများကတော့…… Panelist အဖြစ် – ဟိန်းကို (ရှင်သန်လွတ်မြောက်သူ) – ကိုပီတာ (တတ်ကြွလှုပ်ရှားသူ) – မိုင်း (ရှင်သန်လွတ်မြောက်သူ) – စောဟန်နွေဦး (စာရေးဆရာမ) – လင်းလက်ဆူး (GENERATION WAVE) ဦးဆောင်ဆွေးနွေးမဲ့သူကတော့…….. – နာင်းမို့မို့ (အမျိုးသမီးများအဖွဲ့ချုပ်၊မြန်မာနိုင်ငံ) တို့မှ ဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီစကားဝိုင်းကိုတော့ Mizzima TV Facebook page, Mizzima News In Burmesse Facebook page, Mizzima Youtube Channel နှင့် Mizzima […]

,

မုန်တိုင်ပင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဘယ်လိုဖြစ်ခဲ့သလဲ

“သုံးနာရီခွဲလောက်။ အဲဒီကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့… အချိန်ကျပြီ၊ တုတ်လိုက်တော့လို့ ခိုင်းတော့တာခင်ဗျ။ တုတ်လိုက်တော့ဆိုတော့ သူတို့က မျက်နှာစည်းတဲ့လူက စည်းပေါ့ခင်ဗျာ” ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ စစ်ကောင်စီ တပ်သားတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ ရွာသားတစ်ယောက်က ပြန်ပြောပြနေတာပါ။ စစ်ကောင်စီတပ်သားတွေက စစ်ကိုင်းတိုင်းမှာ လူတွေသတ်ထားတဲ့အကြောင်း​ ဝိုင်းဖွဲ့ပြောဆိုနေကြတဲ့​ ဗီဒီယိုဖိုင်တစ်ခုနဲ့ သူတို့ကိုယ်တိုင်ရိုက်ထားတဲ့ဓာတ်ပုံတွေကို RFA ဝါရှင်တန်ရုံးချုပ်က ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်ဆက်လက်စုံစမ်းတဲ့အခါ၊ လူ ၃၀ ကျော်ကိုလက်နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားတဲ့နေရာဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာဘုန်းကြီးကျောင်းဝင်းထဲက ဇရပ် ဖြစ်တယ်ဆိုတာကို အတိအကျသိခဲ့ရသလို၊ အသတ်ခံရသူတွေရဲ့ အမည်စာရင်းတွေကိုပါ ရရှိခဲ့ပြီး၊ အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ မုန်တိုင်ပင်ရွာသား တချို့နဲ့လည်း […]