Entries by ndb14

,

အာဏာသိမ်းမှုအား ခုခံခြင်း

ယခုအစီရင်ခံသည့် ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လတလျှောက် မြန်မာစစ်တပ်သည် ဒီမိုကရေ စီ စံချိန်စံညွှန်းများနှင့် အခြေခံမူများအပေါ် မထီမဲ့မြင်ပြုနေသည်ကို ND-Burma အဖွဲ့ဝင်များက မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ စစ်အာဏာရှင်တို့ အရိုးစွဲအောင် ကျင့်သုံးနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဓ လေ့နှင့် အကြမ်းဖက် ကျူးလွန်မှုကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းကိုဖြစ်ပေါ်စေပြီး လူဦးရေ တသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ နိုင်ငံရေးအခြေအနေမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ထို့အတူ တခုပြိုလဲသွားပြီးနောက် ဆင့်ကဲ ရိုက်ခတ်မှုဖြစ်စဥ်အရ စစ်အာဏာရှင်တို့၏ တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖွဲ့စည်းခဲ့သည့် အတိုက်အခံအင်အားစုများအ ပေါ် ရိုက်ခတ်မှုရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရပြီး […]

,

မိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကြောင့် ဒေသခံတွေ ဒဏ်ရာရ

ကယားပြည်နယ် မိုးဗြဲမြို့ပေါ်က သန့်ရှင်းသောမယ်တော် ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ပိုင်း ဒေသခံ အနည်းဆုံး တစ်ဦး ဒဏ်ရာရရှိထားတယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ (Mobye Rescue Team) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ဟာ ဇူလိုင်လ ၁၈ ရက် ဒီနေ့ မနက်အစော ၂ နာရီဝန်းကျင်က ဘုရားကျောင်းကို ရောက်လာခဲ့ပြီး အဲဒီမှာတပ်စွဲကာ လက်နက်ကြီး ပစ်နေ တာလို့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ခရစ်ယာန်ဘုန်းကြီးနဲ့ တွေ့တော့ မနက်အစောကြီး ပြန်ထွက်မယ်ဆိုပြီးတော့ ပြောတယ်။ ညတုန်းက သူတို့ဝင်လာတော့ PDF တွေက တွေ့တယ်။ ပစ်ဖို့လုပ်နေချိန် ဘုန်းကြီးက တားလိုက်တယ်။ ဘုရားကျောင်း […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်နေ့ထိ

စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတွင် အပြစ်ရှိသော အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာရှင် ၂ နိုင်ငံကြားဆက်ဆံရေးမြှင့်တင်ရန်  ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်၏ မော်စကို ခရီးစဉ်အပြီးတွင် ရုရှားမှ မြန်မာနှင့် ၎င်းတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထိထိရောက်ရောက် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရုရှားသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကိုယ်တိုင်ပြဿနာရှိနေသောကြောင့် ဤထုတ်ပြန်ကြေငြာချက်သည် အလွန်စိုးရိမ်စရာကောင်းသည်။

,

Kaung for You ကျောင်းက ဆရာ၊ ဆရာမ ၁၅ ဦး အဖမ်းခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖက်ဒရယ်ကျောင်းအဖြစ် လူအများသတ်မှတ်ထား တဲ့ Kaung for You ကျောင်းက CDM ဆရာ၊ ဆရာမ ၁၅ ဦး ရက်ပိုင်းအတွင်း ဖမ်းဆီးခံ လိုက်ရတယ်လို့ မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဇူလိုင် ၁၈ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။ အဖမ်းခံရသူတွေဟာ ရန်ကုန်တိုင်း ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်က နှစ်ဦး၊ တနင်္သာရီ တိုင်း မြိတ်မြို့နယ်က ငါးဦး၊ ရှမ်းပြည်နယ် ကလောနဲ့ တောင်ကြီးမြို့နယ်တွေက ငါးဦး၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က နှစ်ဦးနဲ့ စုံစမ်းနေဆဲ အခြားတစ်ဦးတို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ ကြားတာက ၁၅ […]

အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်နေ့ထိ

ကျန်းမာရေး လုပ်သားများသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ကျန်းမာရေးသည် လူ့အခွင့်အရေးတစ်ခုဖြစ်ပြီး အသက်ရှင်နေထိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပါအဝင် လူ့အခွင့်အရေးစာချုပ်များတွင် ပြဌာန်းထားသော အခြေခံမူတစ်ခုဖြစ်သည်။ သို့သော်  စစ်အာဏာရှင်သည် လူထု၏ အသက်ကို တန်ဖိုးမထားဘဲ လျစ်လျူရှုကာ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးပြီး ဒဏ်ရာရ ဆန္ဒပြသူများအား သို့မဟုတ် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံသူများကို ကုသပေးနေသည့် ကျန်းမာရေး လုပ်သားများအား အကြမ်းဖက် ချေမှုန်းရန်အထိ ကြိုးပမ်းခဲ့သည်။

,

ကျောက်ကြီးမြို့မှာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါးရှိ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လအထိ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါး ရှိနေတယ်လို့ ကျောက်ကြီးမြို့မှာ ပရဟိတ လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ပူးပေါင်းတပ်တွေ မေလ ကစပြီး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နရွဲပင်ရွာ၊ ညောင်တန်းရွာ၊ ကြို့ကုန်းရွာအပါအဝင် ရွာပေါင်း ၂၆ ရွာက လူဦးရေ လေးသောင်းလောက် ထွက်ပြေး နေရတာလို့ ပရဟိတလုပ်ကိုင်နေသူက ပြောပါတယ်။ “မြို့ကိုပြေးတဲ့လူရှိတယ်။ တောဘက်ကိုပြေးတဲ့သူရှိတယ်။ တချို့ကျတော့လည်း သူတို့ရဲ့ တောနဲ့ လယ်တွေထဲပဲ လျှောက်ပြေးနေတဲ့သူရှိတယ်။ ပြန့်ကျဲနေတဲ့ သဘောမျိုးပေါ့။ လက်နက်ကြီးပစ်တာဆိုတော့ လူတွေကလည်း မထိန်းချုပ်နိုင်ဘူးဗျ။ စိတ်ချရတဲ့နေရာဆိုတာ မရှိဘူး” နှစ်ဖက်တိုက်ပွဲတွေအပြင် ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတာကြောင့်လည်း ထွက်ပြေးနေကြရတာလို့ […]

,

ICJ မှာ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက် ဇူလိုင် ၂၂ ရက်နေ့တွင် ဆုံးဖြတ်မည်

ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့ ဒီအမှုကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ထားပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေ ကန့်ကွက်ထားတာနဲ့ ပတ်သက်လို့ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်မယ်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇူလိုင် ၁၁ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က Peace Palace လို့ခေါ်တဲ့ ICJ တရားရုံးမှာ ဇူလိုင်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီမှာ စတင်မယ်လို့ ဆိုပါတယ်။ တရားသူကြီး Joan Donoghue […]

,

မန္တလေးတွင် ရှေ့နေနှစ်ဦး ထပ်မံဖမ်းဆီးခံရ

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မန္တလေးတွင် နိုင်ငံရေးအမှုလိုက်ပါဆောင်ရွက်သည့် ရှေ့နေ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။ နိုင်ငံရေးပုဒ်မနှင့် တရားစွဲဆိုခံထားရသူများဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေများ ဆက်တိုက် ဖမ်းဆီးခံနေရသည့် မန္တလေးတွင် ဇူလိုင် ၉ ရက်က ရှေ့နေနှစ်ဦး ထပ်အဖမ်းခံရကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ထိုနေ့က ဖမ်းဆီးခံရသည့် ရှေ့နေနှစ်ဦးမှာ အသက် ၂၅ နှစ်အရွယ် မအေးမြတ်ရူပါနှင့် ၄၀ နှစ်ဝန်းကျင်ရှိ ကိုထွန်းထွန်းဇော်တို့ဖြစ်ပြီး မဟာအောင်မြေမြို့နယ် (၆၄) လမ်းနှင့် (၃၄) လမ်းထောင့်ရှိ ရုံးခန်းတွင် ရှိနေစဉ် စစ်ကောင်စီက အင်အားအများအပြားဖြင့် လာဖမ်းသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။ “ဘာ့ကြောင့်ဖမ်းခံရလဲတော့ မသိရသေးဘူး။ သူတို့က နိုင်ငံရေးအမှုတွေလည်း လိုက်တယ်။ အခြားအမှုတွေလည်း […]

,

ဘားအံထောင်မှ နိုင်ကျဉ်း ၁၀၀ကို သာယာဝတီထောင်သို့ရွှေ့

Myanmar Now က ရရှိထားသည့် ထောင်ပြောင်းရွှေ့ခံရသူ အများစု စာရင်းတွင် နိုင်ကျဉ်း ၁၀၀ ပါဝင်ပြီး ဘားအံမြို့ခံများနှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ အများစုဖြစ်ကြောင်း တွေ့ရသည်။  ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို ဇူလိုင် ၉ နံနက် ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများ၊ အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။ ဝေးလံသည့် နေရာသို့ ရွှေ့လိုက်သဖြင့် ထောင်ဝင်စာပို့ရန် အခက်အခဲများစွာ ကြုံနေရသည်ဟု ဘားအံမြို့ခံ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။ “ကိုယ့်သား၊သမီးတွေနဲ့က အဆက်အသွယ်မရဘူး။ သာယဝတီထောင်ကို လိုက်သွားဖို့ လုပ်နေတာ။ ခုက သာယာဝတီထောင်မှာလည်း ထောင်ဝင်စာပိတ်ထားတယ်လို့ ကြားနေတယ်” ဟု ၎င်းက ပြောသည်။  ထောင်တွင်းသတင်းများ မကြာခဏပေါက်ကြားနေသည်ဆိုသော […]

အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ

နိုင်ငံတကာဥပဒေ၏ အခြေခံနှုန်းစံများအားဖေါက်ဖျက်သည့်ရာဇဝတ်မှုများအတွက် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်များ၏ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းကို တားဆီးရပ်တန့်ရန် ဤအစီရင်ခံစာက ရည်ရွယ်ပါသည်။ ပြည်သူလူထုကို တရားဝင်ကိုယ်စားပြုသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် လက်ရှိတွင် ပြည်တွင်းတရားရုံးများကို လွတ်လပ်စွာ လုပ်ငန်းလည်ပတ်စေနိုင်သည့် အခြေအနေ မရှိသေးရာ၊ ရောမစာချုပ်၏ ပုဒ်မ ၁၂(၃) အရ နိုင်ငံတကာရာဇဝတ်ခုံရုံး တရားခွင်တွင် ICC ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက်၊ ၂၀၀၂ ခုနှစ်မှ နောက်ပိုင်းကျူးလွန်ခဲ့သော ဖိနှိပ်ရက်စက်၊ သတ်ဖြတ် မှုများအတွက် ကျူးလွန်သူများအား တရားစွဲအပြစ်ပေးရန် ခုံရုံးက စီရင်ပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။ ရောမစာချုပ်အရ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဖြစ်စေ (ပုဒ်မ […]