မန္တလေးတွင် အမျိုးသား ၃ ဦး၏ အလောင်းများ လမ်းပေါ်တွင် စွန့်ပစ်ထား
လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသူတို့မှာ အသက် ၃၀ အရွယ်များဖြစ်ပြီး အလောင်းများတွင် စစ်ကောင်စီ လက်ကိုင်တုတ်အဖွဲ့၏ သွေးသောက်တံဆိပ်ကို တွေ့ရသည်။ မန္တလေး ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်း ဧရာဝတီမြစ်တာရိုး၊ တံတားဖြူရေထိန်းတံတားအနီး ကားလမ်းဘေးတွင် စက်တင်ဘာ ၁၁၊ နံနက် ၆ နာရီခန့်က အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ သေဆုံးနေသူတို့မှာ အသက် ၃၀ ဝန်းကျင် လူငယ်များဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သားတို့ သုံးလေ့ရှိသည့် သွေးသောက်ဆိုသည့် စာသားပါ ကတ်ပြားများ ရုပ်အလောင်းများတွင် တွေ့ရကြောင်း မျက်မြင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ “လည်လှီးသတ်ခံထားရတာ။ သတ်ပြီးမှ လာစွန့်ပစ်တာလို့ ထင်တယ်။ ဘယ်သူမှတော့ မမြင်လိုက်ဘူး။ ဒီနေရာက မနက် လေးနာရီ […]