Entries by ndb14

,

ကန့်ဘလူမြို့နယ်တွင် အထိနာနေသည့်စစ်တပ် နေအိမ် ရာနှင့်ချီ မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် မိုင်းကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်က ရွာများကို မီးရှို့နေသည်။ ဒေသခံတို့က သတင်းကြိုရလျှင် တိမ်းရှောင်ကြသည်ဟု သိရသည်။ စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ အိမ်ခြေထောင်နှင့်ချီရှိသည့် အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သားတို့ ဝင်ရောက်လာပြီး မီးရှို့ခြင်းကြောင့် အိမ်ခြေ ရာနှင့်ချီ မီးလောင်နေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွာခံများက ပြောသည်။ လမ်းတွင် မိုင်းထိသည့် စစ်ကောင်စီတပ်သားတို့က အင်းလယ်ကြီးရွာကို အောက်တိုဘာ ၂၄ တွင် ဝင်ရောက်စဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြသည်၊ စစ်သားများနှင့်အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ပြီး စုစုပေါင်း အင်အား ၁၂၀ ခန့် ရှိသည်ဟု သိရသည်။ ရွာထဲတွင် တပ်စွဲခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၂၅) ရက်တွင် ၄ နေရာခွဲကာ ရွာကို မီးရှို့နေသည်ဟု ရွာခံအမျိုးသားတစ်ဦးက […]

,

ဗိုလ်ချုပ်မွေးရပ် နတ်မောက်တွင် စစ်တပ်က လူ ၁၀၀ကျော်ကို ဖမ်းဆီးနှိပ်စက်နေ

ဓားဖြင့် ခုခံသည့် PDF ကြောင့် ရဲလေးဦးသေ၊ သေနတ်နှစ်လက် ဆုံးရှုံးသွားသည့် စစ်ကောင်စီက ထိုဒေသတွင် ၁၀ ရက်ကြာတပ်စွဲကာ အိမ်မီးရှို့နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ဆိုသည်။ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်း စစ်တပ်က အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်နေသည်မှာ ၁၀ ရက် ကြာပြီဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ နတ်မောက်မြို့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ ဖက်တောရေရွာအနီးတွင် အောက်တိုဘာ ၁၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တိုက်ခိုက်၍ ရဲလေးဦး သေကာ သေနတ် ၂ လက် ဆုံးရှုံးပြီးနောက် ထိုရွာသို့ စစ်ကောင်စီတပ် ချက်ချင်း ရောက်လာခြင်းဖြစ်သည်။ စစ်တပ်ရောက်လျှင်ရောက်ချင်း ရွာအတွင်းရှိသည့် ဆိုင်ကယ်နှင့် ဖုန်းများကို စစ်ကောင်စီက သိမ်းဆည်းကာ လူ […]

,

“ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ” –  ဖားကန့်ဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံရသူ

ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက ဗုံးကြဲသည့် ဖြစ်စဉ်အတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူကို မေးမြန်းထားသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အကြိုနေ့ အောက်တိုဘာ ၂၃ ရက်ည ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲသည်။ ထိုဖြစ်စဉ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ မှ ထိပ်တန်းအရာရှိ ၄ ဦး အပါအဝင် ၆၂ ဦး သေဆုံးသည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ဒဏ်ရာရသူ ရာဂဏန်းရှိပြီး ဖားကန့်၊ မြစ်ကြီးနားသို့ ပို့ဆောင်ကုသရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီတပ်က ခွင့်မပြုသဖြင့် သေဆုံးသူ ဦးရေ တိုးနေသည်ဟု ကူညီကယ်ဆယ်ရေးသမားတို့ထံမှ […]

,

KIA လေကြောင်းတိုက်ခိုက်ခံရမှု မှတ်တမ်းတွေ သက်သေအဖြစ် ပေးပို့ဖို့ NUG တောင်းဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ သာမာန်လူ့အခွင့်အရေးချိုးဖောက်မှုသာမဟုတ်ဘဲ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်လို့ အရေးယူမှုနဲ့တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်အောင် တိကျတဲ့သက်သေတွေပေးပို့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ အသိမိတ်ဆွေတွေထံကတစ်ဆင့်ဖြစ်စေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်မက်ဆင်ဂျာဖြစ်တဲ့ Facebook Page Messenger : https://m.me/mohrmyanmarနဲ့ E-mail : report@mohr.nugmyanmar.org တို့ကိုပေးပို့ဖို့ NUG က တောင်းဆိုလိုက်တာပါ။ NUG အနေနဲ့ သက်သေတွေကို ဆိုရှယ်မီဒီယာတွေကနေ ထပ်ဆင့်ဖြန့်ဝေတာတွေလုပ်ဆောင်မှာမဟုတ်ဘဲ စစ်ကောင်စီကို အရေးယူနိုင်ရေး ကိစ္စတွေမှာသာ အသုံးပြုသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။ NUGက ကျဆုံးခဲ့သူတွေအတွက် တရားမျှတမှုပြန်ရဖို့၊ ပြည်တွင်းနဲ့နိုင်ငံတကာ တရားဥပဒေများနဲ့အညီ အစွမ်းကုန်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ စစ်ကောင်စီရဲ့ […]

ဖားကန့်မြို့ အနန့်ပါ​ကျေးရွာတွင် စကစမှ တိုက်​လေယာဉ်များ အသုံးပြုပြီးအရပ်သားများအား ဗုံးကြဲတိုက်ခိုက်ခြင်း အ​​ပေါ် TCSO ၏သ​ဘောထား ထုတ်ပြန်ချက်

,

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် အာဆီယံ၏ ချဥ်းကပ်မှုနှင့် ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း

သို့ အာဆီယံခေါင်းဆောင်များ H.E. Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah, Prime Minister of BruneiH.E Hun Sen, Prime Minister of CambodiaH.E Joko Widodo, President of IndonesiaH.E Thongloun Sisoulith, Prime Minister of LaosH.E Dato’ Sri Ismail Sabri bin Yaakob, Prime Minister of MalaysiaH.E Ferdinand Romualdez Marcos Jr., President of the PhilippinesH.E Lee Hsien Loong, Prime Minister of SingaporeH.E […]

စစ်တပ်က ဘူးသီးတောင် စာသင်ကျောင်းကို ဒရုန်းနဲ့တိုက်၊ ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီး 

ရခိုင်ဒေသ ဘူးသီးတောင်မြို့တွင် လက်နက်တပ်ဆင်ထားသည့်ဒရုန်းက စာသင်ကျောင်းကို တိုက်ခိုက်ရာ ၃ ဦး ဒဏ်ရာရသွားသည်၊ စျေးတွင်ရှိနေသူ အများအပြားကိုလည်း စစ်တပ်က ဖမ်းသွားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၃) က ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရသည့်အပြင် စာသင်ကျောင်းတစ်ခုလည်း လက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည်ဟု သိရသည်။ ယမန်နေ့ မွန်းလွဲပိုင်းတွင် အင်အား ၃၀ ခန့်ရှိ စစ်သားများက ကား ၄ စီးဖြင့် ဘူးသီးတောင်ဈေးကို ရောက်လာကာ ကုန်တင်ကုန်ချအလုပ်သမား၊ ဈေးကောက်၊ သုံးဘီးသမား၊ လှေသမား စသည့် ဒေသခံများကို ဖမ်းဆီးသွားကြောင်း မြို့ခံတို့က ဆိုသည်။ “ဘာကြောင့် ဘယ်ကိုဖမ်းသွားတယ်ဆိုတာကိုလည်း မသိရဘူး။ နယ်ခြားစောင့်စခန်းကို ယူသွားလား၊ စစ်တပ်ကို ယူသွားလားဆိုတာကို မသိရဘူး။ ဖမ်းသွားတဲ့ လူအရေအတွက်ကိုလည်း […]

,

KIA အထိမ်းအမှတ်ပွဲ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူတွေ ဆေးကုသဖို့ခက်ခဲနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဖားကန့်မြို့ပေါ်ကို ဆေးသွားရောက်ကုသခွင့်မရအောင် စစ်ကောင်စီက ဂင်စီကျေးရွာအထွက်ဂိတ်မှာ ပိတ်ဆို့ထားတယ်လို့ ရာနဲ့ချီတဲ့ဒဏ်ရာရသူတွေ အခက်အခဲကြုံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။ ကချင်အမျိုးသမီးအစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ဆေးကုသခွင့်မရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်နေတယ်လို့ ပြောပါတယ်။ “ အင်တာနက်လိုင်းတွေ ဖြတ်ထားတော့ အဆက်အသွယ်ရဖို့အတော်ခက်တယ်။ နောက်ဆုံး သိရတဲ့ အနေအထားကတော့ လမ်းတွေပိတ်လိုက်လို့ ဆေးကုသဖို့လိုအပ်တဲ့သူတွေက ပိတ်မိနေတယ်။ အခြေအနေ ဆိုးတဲ့သူလည်းပါတယ်။ မနေ့ညက ဖြစ်ဖြစ်ခြင်း ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေ ဆေးကုဖို့သွားတော့ သွားခွင့်မပေးလို့ ဆုံးသွားတဲ့သူတွေရှိတယ်။ အခုလည်း ဒဏ်ရာပြင်းတဲ့သူတွေ ကျန်နေသေးတယ်ပေါ့။” အနန့်ပါကျေးရွာဟာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့စပြီး အင်တာနက်နဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းအရ […]

,

ဖားကန့် ဗုံးကြဲမှု KIA အရာရှိ၊ အနုပညာရှင်နှင့် ပြည်သူ ဒါဇင်နှင့်ချီ သေဆုံး

တေးဂီတဖျော်ဖြေပွဲကျင်းပရာ နေရာသို့ ညဘက်တွင် တိတိကျကျ ဗုံးကြဲနိုင်သည့် ရုရှားထုတ် Yak-130 သုံးသည်ဟု လေတပ်အရာရှိဟောင်းအချို့က ပြောသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒါဇင်နှင့်ချီ သေဆုံးသွားသည်။ KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေဖြစ်သည့် ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာတွင် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ည ၉ နာရီဝန်းကျင်တွင် တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံးထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။​ ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဗုံးကြဲတိုက်ခိုက်ရသဖြင့် KIA အရာရှိအချို့အပြင် ကချင်အနုပညာရှင်နှင့် အရပ်သားအချို့ သေဆုံးသည်ဟု […]

,

ကချင်လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေပြော

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ နှစ်ပတ်လည်တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီ တိုက်လေယာဉ်တွေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သား ပြည်သူ အမြောက်အများ သေကြေဒဏ်ရာရခဲ့တဲ့အပြင် စစ်ကောင်စီအာဏာပိုင်တွေက လမ်းတွေကို ပိတ်ထားတဲ့အတွက် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ NUG၊ နိုင်ငံတကာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်တွေထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောကြားထားပါတယ်။ စစ်ရေးလှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်းလည်း လူ့အခွင့်အရေးနဲ့ မြန်မာ့အရေးကျွမ်းကျင်သူအချို့က ပြောပါတယ်။  “ဒါက စစ်ရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေရဲ့ ဖျော်ဖြေပွဲဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူတို့ကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ” အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာ […]