မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဦးဆောင်မှုအားနည်းကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေ ဝေဖန်
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အကြိမ် ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင် ထိထိရောက်ရောက် ဖိအားပေးဆောင်ရွက်ဖို့ ကြိုးစားအားထုတ်မှု အနည်းအကျဉ်းပဲ ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက သုံးသပ်ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ကို အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံအစည်းအဝေးတွေမှာ နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပြုဖို့ ပိတ်ပင်ထားခဲ့တာပါ။ ဆက်လက်ပြီး ထိပ်သီးအစည်းအဝေးမဟုတ်တဲ့ ကျန်အစည်းအဝေးတွေမှာပါ တက်ရောက်ခွင့်မပြုဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်က ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူလိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဒီလိုပိတ်ပင်ဖို့ အဆိုပြုတင်ပြခဲ့တာဖြစ်ပါတယ်။ “အခုအပတ်မှာတင်ပဲ အာဆီယံရဲ့လေတပ်ဆိုင်ရာညှိနှိုင်းအစည်းအဝေးတစ်ခုကို မြန်မာလေတပ်က […]