Entries by ndb14

,

KIA အထိမ်းအမှတ်ပွဲ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူတွေ ဆေးကုသဖို့ခက်ခဲနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဖားကန့်မြို့ပေါ်ကို ဆေးသွားရောက်ကုသခွင့်မရအောင် စစ်ကောင်စီက ဂင်စီကျေးရွာအထွက်ဂိတ်မှာ ပိတ်ဆို့ထားတယ်လို့ ရာနဲ့ချီတဲ့ဒဏ်ရာရသူတွေ အခက်အခဲကြုံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။ ကချင်အမျိုးသမီးအစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ဆေးကုသခွင့်မရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေပါဝင်နေတယ်လို့ ပြောပါတယ်။ “ အင်တာနက်လိုင်းတွေ ဖြတ်ထားတော့ အဆက်အသွယ်ရဖို့အတော်ခက်တယ်။ နောက်ဆုံး သိရတဲ့ အနေအထားကတော့ လမ်းတွေပိတ်လိုက်လို့ ဆေးကုသဖို့လိုအပ်တဲ့သူတွေက ပိတ်မိနေတယ်။ အခြေအနေ ဆိုးတဲ့သူလည်းပါတယ်။ မနေ့ညက ဖြစ်ဖြစ်ခြင်း ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေ ဆေးကုဖို့သွားတော့ သွားခွင့်မပေးလို့ ဆုံးသွားတဲ့သူတွေရှိတယ်။ အခုလည်း ဒဏ်ရာပြင်းတဲ့သူတွေ ကျန်နေသေးတယ်ပေါ့။” အနန့်ပါကျေးရွာဟာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့စပြီး အင်တာနက်နဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းအရ […]

,

ဖားကန့် ဗုံးကြဲမှု KIA အရာရှိ၊ အနုပညာရှင်နှင့် ပြည်သူ ဒါဇင်နှင့်ချီ သေဆုံး

တေးဂီတဖျော်ဖြေပွဲကျင်းပရာ နေရာသို့ ညဘက်တွင် တိတိကျကျ ဗုံးကြဲနိုင်သည့် ရုရှားထုတ် Yak-130 သုံးသည်ဟု လေတပ်အရာရှိဟောင်းအချို့က ပြောသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ဒါဇင်နှင့်ချီ သေဆုံးသွားသည်။ KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေဖြစ်သည့် ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာတွင် ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် ည ၉ နာရီဝန်းကျင်တွင် တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံးထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။​ ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဗုံးကြဲတိုက်ခိုက်ရသဖြင့် KIA အရာရှိအချို့အပြင် ကချင်အနုပညာရှင်နှင့် အရပ်သားအချို့ သေဆုံးသည်ဟု […]

,

ကချင်လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတွေပြော

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ နှစ်ပတ်လည်တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီ တိုက်လေယာဉ်တွေ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သား ပြည်သူ အမြောက်အများ သေကြေဒဏ်ရာရခဲ့တဲ့အပြင် စစ်ကောင်စီအာဏာပိုင်တွေက လမ်းတွေကို ပိတ်ထားတဲ့အတွက် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ NUG၊ နိုင်ငံတကာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်တွေထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောကြားထားပါတယ်။ စစ်ရေးလှုပ်ရှားမှုနဲ့ မဆိုင်တဲ့ အရပ်သားပစ်မှတ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်းလည်း လူ့အခွင့်အရေးနဲ့ မြန်မာ့အရေးကျွမ်းကျင်သူအချို့က ပြောပါတယ်။  “ဒါက စစ်ရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေရဲ့ ဖျော်ဖြေပွဲဖြစ်ပါတယ်။ မြန်မာစစ်တပ်က သူတို့ကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ” အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာ […]

,

အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် တစ်သန်းကျော်တိုးလာ

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၁၇,၀၀၀ ဦး) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာ ၁ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လကုန်အထိ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ကိုးသိန်းခုနစ်သောင်းကျော် (၉၇၄,၄၀၀ ဦး) ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ဘေးဒုက္ခသည် လေးသောင်း နှစ်ထောင်ကျော် (၄၂,၆၀၀ ဦး) တိုးလာတဲ့အတွက် အခုဆိုရင် ဒုက္ခသည်ဦးရေဟာ တစ်သန်းကျော်သွားပါပြီ။ သာမန် အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေပါ ဖျက်ဆီးခံရလို့ ပြန်လည် ထူထောင်ဖို့ […]

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အလားအလာ

မြန်မာစစ်တပ်သည် သမိုင်းကြောင်းအရ ခြိမ်းချောက်အန္တရယ်ပေးခဲ့မှုများနှင့် အလားအလာကောင်းများကို ဖျက်ဆီးခဲ့မှုများရှိခဲ့သောကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးပန်းတိုင်သည် ရှည်လျားပြီး စိတ်ပျက်ဖွယ် ဖြစ်နေသည်။ ကာလကြာရှည် အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခြင်းနှင့် လက်နက်မဲ့ပြည်သူများအပေါ် အသက်အန္တရယ်ကျရောက်စေသော တိုက်ခိုက်မှုများသည် သက်သေပင်ဖြစ်သည်။ မတူညီသည့် ခေတ်ကာလအဆက်ဆက် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ခဲ့ သော အကြမ်းဖက်လုပ်ရပ်များကြောင့် သိန်းပေါင်းများစွာသော တိုင်းရင်းသားလူမျိုးစုများသည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်အချိန်ကတည်းမှ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများသည် အလိုအလျှောက် အဆုံးသတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စတင်ကြိုးစားအားထုတ်လာခဲ့သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် “ငြိမ်းချမ်းရေးသည် ပြည်တွင်းစစ်မှလွတ်မြောက်ပြီး၊ […]

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

“အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာသို့ မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် “ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက် နေ့လည် (၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ရှိသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI 35 ရဟတ်ယာဉ်က ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈က မြေပြင်မှ နေ၍ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဥ်တွင် စုစုပေါင်း ကလေး သူငယ် ၆ ဦး သေဆုံးခဲ့ပြီး ကလေးများ၏ ရုပ်အလောင်းများကို မိဘများအား မပေးအပ်ဘဲ အကြမ်းဖက်စစ်တပ်က ပီနံအိတ်များအတွင်းထည့်ကာ သယ်ဆောင်သွားခဲ့သည်။ […]

ရခိုင်မှာ လေးရက်အတွင်း လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရ

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ဒီနေ့အထိ လေးရက်အတွင်း စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်တော်မြို့နယ် နဂရာရွာမှာ စက်တင်ဘာလ ၂၅ ရက်ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အသက် ခုနှစ်နှစ်အရွယ် မောင်ကြီး (ခေါ်) မောင်ကိုနိုင်သေဆုံးခဲ့ပြီး ဒေသခံဦးကျော်စိန် ဒဏ်ရာရသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ည ၁၁ နာရီ လောက်မှာ ကျောက်တော်မြို့ အနားမှာရှိတဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်က ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။ “ဖြစ်တာက […]

ဆိုးဝါးတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမာပျက်သလို ဆိုးဝါးတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေတွေဆီကို ပြန်ရောက်အောင် လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေကို ထောက်ပြပြီး မနေ့ကလူ့အခွင့်အရေးညီလာခံမှာ ပြောသွားတာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်ဟာ သူတို့ ပစ်မှတ်ထားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေတင်မကဘဲ ဒီအင်အားစုတွေကို ထောက်ခံတယ်လို့ သူတို့ယူဆတဲ့ အရပ်သားလူ့အဖွဲ့အစည်းတွေကိုပါ ရက်ရက်စက်စက်တိုက်ခိုက်ဖြိုခွင်းတာတွေ လုပ်နေတဲ့အကြောင်း၊ အခုမိုးရာသီကာလအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးရပြီး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ စုစုပေါင်း အရပ်သား နေအိမ် ၃၀၀၀ […]

ပြည်သူကို ဘယ်သူကူညီနေသလဲ?

နိုင်ငံတကာအကူအညီက ရန်ကုန်ရှိ အဖွဲ့ကြီးများထံ သွားနေချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အံတုလုပ်ကိုင်နေသည့် ဒေသအခြေစိုက်အဖွဲ့ငယ်များက လူထုကို အားကိုးပြီး စွန့်စားလုပ်ကိုင်နေကြသည်။ သိပ်မကြာသေးခင်က ကုလသမဂ္ဂအေဂျင်စီတွေဟာ အုပ်စုလိုက်ကို မြန်မာစစ်ကောင်စီနဲ့ နားလည်မှု စာချွန်လွှာတွေ ဒရောသောပါး လက်မှတ်ထိုးကြတာကြောင့် အရေးတကြီး မေးစရာတွေ ရှိလာပါတယ်။    မြန်မာပြည်မှာ ကူညီထောက်ပံ့ရေး ဝန်ထုတ်ဝန်ပိုးကို အမှန်တကယ် ထမ်းထားရတာ ဘယ်သူတွေလဲ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေလား၊ ပြည်တွင်းက ပြည်သူဒုက္ခကို ကူညီရင်း ခုခံဆန့်ကျင်ရေးမှာ ရပ်တည်ပါဝင်တဲ့ အဖွဲ့တွေ (humanitarian resistance organization) လား။  နိုင်ငံတကာ ကူညီထောက်ပံ့ရေးဘတ်ဂျက်တွေကိုကျ ဘယ်သူတွေက လက်လှမ်းမီနေကြသလဲ။   လက်ရှိအခြေအနေကို ပုံဖော်ဖို့၊ နားလည်စေဖို့ ရှင်းပြရာမှာ အတော့်ကို အထောက်အကူပြုနိုင်မဲ့ ဟူးဂိုးဆလင်း (Hugo Slim) ရဲ့ ဆီလျော်ကောင်းမွန်လှတဲ့ စာတမ်းတစ်စောင်ရှိပါတယ်။ စာတမ်းနာမည်က […]

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန် အရပ်ဖက်လူထုအဖွဲ့အစည်း ၅၆၇ ဖွဲ့မှ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ် အကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်နေသည့် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုသည် မှာ ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေး အကြပ်အတည်းမှ ထွက်ပေါက်ရှာ ရန်အတွက် ကြားခံအသုံးချသည့် အတုအယောင် ဆွေးနွေးပွဲမျှသာဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် တက်ရောက်ပါဝင်ခြင်း မပြုကြပါရန် အောက်တွင်လက်မှတ်ထိုးဖော်ပြထားသော အရပ်ဖက်လူထုအဖွဲ့အစည်းများမှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။ နိုင်ငံတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခစစ်ပွဲများသည် မင်းအောင်လှိုင် ဦးဆောင် သော အကြမ်းဖက်စစ်အုပ်စုနှင့် ပြည်သူများအကြားဖြစ်သော စစ်ပွဲဖြစ်သည်။ မင်းအောင် လှိုင်ဦးဆောင်သည့် ဤအကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မတရားဖမ်း ဆီးထိန်းသိမ်းကာ တရားမဝင် အာဏာသိမ်းယူရန် စတင်ကြိုးစားခဲ့သည်။ […]