လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံး
စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် ဒီနှစ်ရက်အတွင်း ရှမ်းပြည်နယ်ထဲက နမ့်ခမ်းမြို့ပေါ်နဲ့ ဖယ်ခုံမြို့နယ်က လအိ စစ်ဘေးဒုက္ခသည်စခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးခဲ့သလို မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကိုလည်း ဗုံးကြဲချခဲ့တာကြောင့် အရပ်သား ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ဒီနှစ်ရက်အတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဆယ်နီးပါး သေဆုံးခဲ့တာပါ။ လက်ယက်မရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့တာလို့ အဲဒီရွာမှာ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၇ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအေကေက ပြောပါတယ်။ “ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ စာသင်ကျောင်းနားမှာနေတာလည်း မရှိဘူး၊ ရပ်ရွာတွေထဲမှာလည်း နေတာမရှိဘူး၊ ဘာသတင်းရပြီး ပစ်သွားတယ်မသိဘူးဗျ၊ အကြောင်းမဲ့သက်သက်ကို လာပစ်သွားတာ၊ ပေါင် ငါးရာဗုံးနဲ့ […]