ဗုံးခွဲမှုသံသယဖြင့် အဖမ်းခံရသည့်လူငယ် နေပြည်တော်စစ်ကြောရေးတွင် သေဆုံး
စစ်ကောင်စီတပ်က အရပ်သား ၂,၅၆၁ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်၊ စစ်ကြောရေးတွင် သေဆုံးရသူများမှာ ရောဂါအခံကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ဆင်ခြေပေးလေ့ရှိသည်။ နေပြည်တော်၊ လယ်ဝေးမြို့မှ လူငယ်တစ်ဦး မြို့လယ်ခေါင် ဗုံးဖောက်ခွဲရန် ကြံစည်သည်ဟု စွပ်စွဲဖမ်းဆီးခံရပြီး ၃၆ နာရီအတွင်း သေဆုံးသွားသည်ဟု မိတ်ဆွေများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ သေဆုံးသွားသူမှာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ကိုဖုန်းမြတ်ကိုဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ၎င်းအလုပ်လုပ်သည့် ထမင်းကြော်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက လယ်ဝေးမြို့လယ်၊ ဗိုလ်ချုပ်ကြေးရုပ် ရဲဂိတ်အနီး ဗုံးပေါက်ကွဲမှု သံသယဖြင့် ထိုလူငယ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း လယ်ဝေးမြို့ခံများနှင့် မိသားစုနှင့် နီးစပ်သူများက […]