လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၁ မှ ၇) ရက်နေ့ထိ
2023 Jan 1 to 7 (MM)Infogram
This author has yet to write their bio.Meanwhile lets just say that we are proud ndb14 contributed a whooping 1293 entries.
2023 Jan 1 to 7 (MM)Infogram
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။ အဓိကရုဏ်းကို ထောင်အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့သလို အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက် (ခ) မဲကြီး ပျောက်ဆုံးနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီအပြင် နိုင်ငံရေးအကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ကိုးဦးက အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်အတွက် ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေ […]
ရက်စွဲ။ ။ ဇန်နဝါရီ ၈၊ ၂၀၂၃။ ပုသိမ်အကျဉ်းထောင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်း များကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါကျူးလွန်လိုက်သည့်လုပ်ရပ် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ ထုတ်ပြန်လိုက်သည်။ ၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေ စိုးမိုးရေးပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ […]
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တစ်နှစ်လုံးမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း လေးသောင်းတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ထုတ်ပြန်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံကောက်ယူထားတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေက ဒီထက်မက ပိုများနိုင်တယ်လို့ NUG အစိုးရရဲ့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက ရုပ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ တစ်ချိန်လုံး ငြင်းဆိုထားပါတယ်။ နိုင်ငံရေးလေ့လာသူတွေက စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီး […]
ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လုံခြုံရေးအစောင့်အရှောက် များစွာနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး အကျဉ်းသား ခုနစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေ တက်ရောက်ပြီး စစ်ရေးပြအခမ်းအနားနဲ့ ဆုတံဆိပ်ချီးမြှင့်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ “သူကိုယ်တိုင် အာဏာသိမ်းထားပြီးတော့ လွတ်လပ်ရေးနေ့ကို ပွဲလမ်းသဘင်ပုံစံနဲ့ ကျင်းပတာက ဂုဏ်သိက္ခာမဲ့စွာ ပြုမူနေတယ်လို့ မြင်ရတယ်“ ရန်ကုန်မြို့မှာတော့ ရွှေတိဂုံစေတီ ပြည်သူ့ရင်ပြင်နဲ့ မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဈေးပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ခံတချို့ကတော့ […]
အေးမြသည့်ဆောင်းရာသီ ခရစ္စမတ်အချိန်အခါတွင် တစ်ကမ္ဘာလုံးရှိ ပြည်သူများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ခေတ္တရပ်နားကာ မိသားစုဝင်များနှင့် အေးချမ်းစွာအတူနေထိုင်ချိန်၊ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေချိန် မိမိတို့မြန်မာနိုင်ငံတွင်အကြမ်းဖက် စစ်အာဏာသိမ်းခေါင်း ဆောင် မင်းအောင်လှိုင်၏ အာဏာတပ်မက်မှုကြောင့် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့သည် တောတောင် လျှိုမြှောင်များတွင် အသက်ဘေးမှလွတ်မြောက်နိုင်ရန် အခက်အခဲပေါင်းစုံကို ခံစားလျှက် စစ်ဘေးရှောင်နေကြရသည်။အကြမ်းဖက်စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှစတင်ပြီး ယခုနှစ် ၂၀၂၂ ဒီဇင်ဘာလတိုင်၂ နှစ်နီးပါး အချိန်အတွင်းတွင် တိုင်းရင်းသား ပြည်သူများအပေါ်နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ယုတ်မာသည့် စစ်ရာဇဝတ်မှုများ၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ စသည့် ဒုစရိုက်မှုမှန်သမျှကို မြန်မာနိုင်ငံဒေသအားလုံးနီးပါး၌ စနစ်တကျ စီမံကျုးလွန်လျက်ရှိသည်။ အထူးသဖြင့် ယခုနှစ် ၂၀၂၂ ဒီဇင်ဘာလတွင် ကချင်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ […]
Dec19 to Dec 25 (MM)Infogram
ကရင်နီပြည်မှ စစ်ဘေးရှောင် ပြည်သူများအား အာဏာရှင်စစ်တပ်မှ အစုအပြုံလိုက်အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း နှစ်ပတ်လည်နေ့ ဒီဇင်ဘာ ၂၄ ရက်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ် ပြန်လည်အသက်သွင်းရန် ၂၀၂၀ ခုနှစ် “ရွေးကောက်ပွဲရလဒ် မဲမသမာမှုရှိသည်”ဟုသက်သေအထောက်အထား အခိုင်အလုံမရှိ၊ အကြောင်းမရှိအပြစ်ရှာကာပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့အစိုးရထံမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မတရားအာဏာသိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် မီဒီယာဆိုသည့် မဏ္ဍိုင်ကြီးလေးရပ်သည်အကြမ်းဖက်စစ်တပ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ထို့အပြင် နိုင်ငံအဝန်းတွင်လည်းတရား ဥပဒေ စိုးမိုးမှုမရှိ တော့ပေ။ သို့သော် ယခုလက်ရှိ အခြေအနေအရ အကြမ်း ဖက်စစ်တပ်၏ မတရား အာဏာသိမ်းယူမှုကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ […]
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းမှ အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များ အပါအ၀င် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဥ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်မှ တစ်နှစ်ပြည့်ခဲ့ပြီသော်လည်း ထိုဖြစ်စဉ်အတွင်းသတ်ဖြတ်ခံခဲ့ရသူများ၏ တရားမျှတမှုမှာ အလှမ်း၀ေးနေသေးသည့်အပြင် မိသားစု၀င်များသည် စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေရသည်။ […]
ထောင်နှစ်နှစ်စေ့ရောက်ရန် လပိုင်းအလိုတွင် ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက နောက်ထပ်ပုဒ်မတစ်ခုဖြင့် ထောင်ငါးနှစ် ထပ်ချသည်။ လွန်ခဲ့သည့် ၂ နှစ် အာဏာသိမ်းစကတည်းက ဖမ်းဆီးခံရကာ ထောင်၂ နှစ်ချခံထားရသည့် ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက ထောင်ဒဏ် ငါးနှစ် ထပ်တိုးလိုက်သည်။ ဦးဟံသာညိန်းကို စစ်ကောင်စီက ၂၀၂၁ မတ် ၉ရက်တွင် ရန်ကုန်မြို့၌ ဖမ်းသွားပြီး စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။ ဖမ်းဆီးခံရပြီး တစ်နှစ်အကြာ ၂၀၂၂ မတ်လတွင် ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် ၎င်းကို စစ်ကောင်စီက အင်းစိန်ထောင်တွင်း တရားရုံးဖြင့် ထောင် ၂ နှစ်ချထားသည်။ ထိုထောင်ဒဏ် ၂ နှစ် စေ့ရောက်ရန် သုံးလဝန်းကျင်အလို ယနေ့ […]
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..