Entries by ndb14

,

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို စစ်ခုံရုံးက သေဒဏ်ချ

ထောင်တွင်းစစ်ခုံရုံးက သေဒဏ်ချထားသူ ၁၃၄ ဦး ရှိလာသည်၊ စစ်တပ်က ပြည်သူများကို သတ်ဖြတ်ရန် တရားရုံးကို အသုံးပြုနေခြင်း ဖြစ်သည်ဟု ကျောင်းသားသမဂ္ဂက ဝေဖန်လိုက်သည်။ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ အသက်၂၀ ကျော်အရွယ် ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက နိုဝင်ဘာ ၃၀ တွင် သေဒဏ်အမိန့်ချသည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။ ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့သည် ကြိုတင်ကြံစဉ်ကာ လူသတ်မှုကျူးလွန်သည်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂က/၃၄ ကျူးလွန်သည်ဟု စစ်ကောင်စီတရားရုံး စီရင်ချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။ ဧပြီ ၁၈ နံနက်တွင် တောင်ဒဂုံမြို့နယ် ဘဏ်ခွဲ့သို့ လာသည့် မန်နေဂျာဦးစောမိုးဝင်း ဘဏ်ရှေ့အရောက် ကားပေါ်မှ ဆင်းစဉ် အခြားကားတစ်စီးပေါ်မှ မြို့ပြပြောက်ကျားလူငယ်များက […]

,

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို ထောင်နှစ် ၂၀ထပ်ချ

ဦးနှောက်သွေးကြောပိတ်ရောဂါရှိသူ၊ လေနှစ်ကြိမ်ဖြတ်ဖူးသူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက လားရှိုးထောင်တွင်ထားကာ ထောင် ၂၄နှစ်အထိသတ်မှတ်ပြီးဖြစ်သည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ဖြင့် စွပ်စွဲခံရသူ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို အာဏာသိမ်း စစ်ကောင်စီက ထောင်နှစ် ၂၀ သတ်မှတ်လိုက်သည်။ သေဒဏ်ထိုက်နိုင်သည့် ထိုစွပ်စွဲချက်ဖြင့် ၎င်းကို လားရှိုးထောင်တွင်း အထူးတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ကြောင်း၊ ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတစ်ခုဖြင့် အမှုဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။ အသေးစိတ်ကိုမူ မသိရပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်း ဟိန်ကို ၂၀၂၁ ဒီဇင်ဘာလတွင် ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ (ခ) ပုဒ်မနှစ်ခုဖြင့် ထောင် လေးနှစ်ချပြီးဖြစ်ရာ စုစုပေါင်း ထောင်ဒဏ် ၂၄ […]

,

ကျွန်းလှနဲ့ ကန့်ဘလူက စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး ဆေးဝါးနဲ့ရိက္ခာ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်က ရွာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက် နေ့ကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီး နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံ ငါးသောင်းနီးပါးအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူတစ်မြို့နယ်လုံးမှာတင် စစ်ဘေးဒုက္ခသည် အရေအတွက် လေးသောင်းနီးပါးအထိ ရှိလာပြီး စားနပ်ရိက္ခာအပြင် ဆေးဝါးအကူအညီတွေပါ လိုအပ်နေတယ်လို့ ကန့်ဘလူမြို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ “စစ်ဘေးရှောင်ရတာလည်း အတည်တကျ မရှိဘူး။ ဟိုပြေးဒီပြေးနဲ့ တောတွေထဲ ရှောင်နေရတာ။ နေမကောင်း၊ ဖျားနာလို့ရှိရင် ရွာတွေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူငယ်လေးတွေက ကူညီပေးတယ်။ ဆေးဝါးကျတော့ ရဖို့ခက်ခဲတယ်။ ရှိတဲ့ဆေးနဲ့ပဲ ကူညီပေးနေရတာပေါ့။ သက်ကြီးပိုင်းတွေဆို ဖျားနာလာတာတွေ ရှိလာပြီ။ အခုက […]

,

မြန်မာပြည်အလယ်ပိုင်း နိုင်ကျဉ်းတချို့ ရာစုနှစ်ချီထောင်ဒဏ်များ ချမှတ်ခံရ

စစ်ကောင်စီ၏ တရားသူကြီးများက နှစ်ရှည်ထောင်ဒဏ် စီရင်နေသည့်အထဲတွင် ၂၂၅ နှစ် ချခံရသည့် မန္တလေးတိုင်းမှလူငယ်၊ ၁၇၃ နှစ် ချခံရသည့် လွှတ်တော်အမတ်တို့ ပါဝင်သည်။ စစ်ကောင်စီကို တော်လှန်ပုန်ကန်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အမျိုးသားအချို့ကို စစ်ကောင်စီက ရာစုနှစ်ချီ ထောင်ဒဏ်များချမှတ်ထားကြောင်း သိရှိရသည်။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းဒေသကြီး လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်လှိုင်နှင့် စစ်ကောင်စီကို လက်နက်ကိုင်ကာ တော်လှန်သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုအောင်ခန့်ဦးတို့ကို စစ်ကောင်စီ တရားရုံးများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများနှင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၃၀ တွင် မကွေးခရိုင် တရားရုံးက ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် […]

,

နိုင်ငံတကာအမြင်ကြည်အောင် အကျဉ်းသားတွေထောင်ချီလွှတ်တာလို့ နိုင်ငံရေးသမားတွေသုံးသပ်

၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဟာ နိုင်ငံတကာနဲ့ နိုင်ငံတွင်းအခြေအနေတွေ၊ ဖိအားတွေကို သက်သာဖို့လုပ်ဆောင်တာဖြစ်ပြီး အမှန်တကယ် စေတနာရှိတာမဟုတ်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။ ဂျုံတစ်ခင်းလုံးသိမ်းသွားပြီးမှ ​ပေါင်မုန့်တစ်ချပ်ပြန်လာပေးတယ်ဆိုတဲ့ ပုံစံမျိုးလိုပေါ့။ အယုတ်မာအညစ်ပတ်ဆုံးလုပ်ပြီးမှ တစ်ခါတစ်ရံ လူထုကျေနပ်ရုံလေး ရေတစ်ပေါက်ချပေးတာမျိုးလောက်ပါပဲ။ အရေးအခင်းတစ်ခုလုံးနဲ့ ချီပြီး ပြောရမယ်ဆိုရင်တော့ ဘာမှကျေနပ်စရာမရှိပါဘူး။ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ မနေ့ကကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အနေနဲ့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်၊ အကျဉ်းသူ ၉၄ ဦးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသားအကျဉ်းသူ ၅၇၇၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တားနဲလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင် […]

,

ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုကြောင့် ရွာသား ၁၀ ဦးသေ၊ ၂၃ ဦး ဒဏ်ရာရ

မောင်တော၊ ကျောက်တော်မှ စစ်ကောင်စီတပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနှင့် ပစ်နေသဖြင့်  ကျေးရွာ ၂ ရွာမှ ဒေသခံ အများအပြား ထိခိုက် သေဆုံးသွားသည်။ ယနေ့ (နိုဝင်ဘာ ၁၆) တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ၁၃ ဦးခန့် သေဆုံးပြီး ၂၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းတည့်ချိန်မှ စတင်၍ မောင်တောမြို့နယ်၊ ကျောက်တော်မြို့နယ်တို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်ခြင်း ဖြစ်သည်။  ထိုသို့ ပစ်ခတ်ချိန် ရက္ခိုင့်တပ်တော် (AA) တပ်သားများ ထိုရွာများတွင် ရှိမရှိ မသိရသေးပေ။ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း – ဂုပ္ပီကျော်လမ်းပေါ်ရှိ ဂြစ်ချောင်း (မြို) ကျေးရွာအတွင်း ပေါက်ကွဲမှုမှာ ထိုရွာမှ တစ်မိုင်ခွဲခန့်အကွာရှိ […]

,

ဒီးမော့ဆို မူကြိုကျောင်း လက်နက်ကြီးထိ၊ ၅ နှစ်သမီး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ကယားပြည်နယ်ရှိ မူကြိုကျောင်း၊ ဘုရားရှိခိုးကျောင်းတို့ကို စစ်တပ်က ပစ်ခတ်သဖြင့် ခိုလှုံနေသူများ သေဆုံးဒဏ်ရာရနေသည်၊ ထိုနေရာတွင် မနေစေလိုသဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ယူဆနေကြသည်။ ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် မူကြိုကျောင်းပေါ်တည့်တည့် ကျရောက်ပေါက်ကွဲပြီး ငါးနှစ်သမီးတစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရကြောင်း သိရသည်။ နိုဝင်ဘာ ၁၅ ရက်၊  ညနေ ငါးနာရီခွဲတွင် မူကြိုကျောင်းအနီးတစ်ဝိုက် လက်နက်ကြီး သုံးလုံး ကျရောက်ခဲ့ရာ ဒုတိယမြောက်အလုံးမှာ ကျောင်းပေါ်တည့်တည့်ကျကြောင်း၊ ပေါင်တွင် လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့် ကလေးမှာ အချိန်မီ ဆေးမကုသနိုင်သဖြင့် သေဆုံးကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ “အော်ကြ ငိုကြတာပေါ့ ရွာသားသိပ်မရှိဘူး။ ရွာသားထက် လူနာပိုများသွားတယ်။ လူနာက ၉ ယောက်၊ ကယ်ဆယ်ရေးက လေးငါးခြောက်ယောက်ပဲ […]

,

စစ်ကောင်စီလွှတ်သည့် အကျဉ်းသား ၆၀၀၀ နီးပါး နိုင်ကျဉ်းအနည်းငယ်သာပါ

ဖိအားကြုံနေသည့် စစ်ကောင်စီက အကျဉ်းသား ၆၀၀၀ နီးပါး လွှတ်သည်ဆိုသော်လည်း သံဃာတော်၊ နိုင်ငံရေးသမား၊ ထင်ရှားကျော်ကြားသူနှင့် သတင်းထောက်ပါဝင်မှုနည်းပါးသည်။ အာဏာသိမ်း စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၇) တွင် နိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ ၆၀၀၀ နီးပါး လွှတ်ပေးသည်ဆိုရာတွင် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အနည်းစုသာ ပါဝင်သည်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှ လွတ်မြောက်လာသူများထဲတွင် နာမည်ကျော် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးမျိုးညွန့်၊ ဦးကျော်ဟိုးနှင့် ရုံးအဖွဲ့မှူး ဦးသိန်းဦးတို့ ပါဝင်သည်။ ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနယ်နှင့် ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် သူ၏ ခင်ပွန်း ပန်းချီကိုထိန်လင်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တာရိုကူဘိုတာတို့ ပါဝင်သည်။Maung_thar_cho.jpeg ရန်ကုန်မြို့ အင်းစိန်ထောင်မှ နိုဝင်ဘာ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာသည့် […]

,

ဘုရားသုံးဆူအနီးသတ္တုမိုင်းဗုံးကြဲခံရပြီး ၃ ဦးသေဆုံး

စစ်ကောင်စီတပ်က ကရင်ပြည်နယ် သတ္တုတွင်းကို တိုက်ခိုက်ရာ အလုပ်သမား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်၊ ဒဏ်ရာရသူများထဲတွင် ၁ ဦး ပါဝင်သည်ဟု KNU က ပြောသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်း ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကို စစ်ကောင်စီတပ် လေယာဉ် ၂ စီးက နိုဝင်ဘာ ၁၆ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ မိုင်းလုပ်သား ၃ ဦး သေဆုံးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ၎င်းတို့၏ထိန်းချုပ်နယ်မြေဖြစ်သော ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် သပြုကျေးရွာ ခဲသတ္တုမိုင်းလုပ်ကွက် ဖြစ်သည်ဟု ဆိုသည်။ “အဲ့လုပ်ကွက်မှာ လုပ်သားပေါင်း ၂၁ ယောက် […]

အကြမ်းဖက်စစ်ကောင်စီ၏ “A Nang Pa (အနန့်ပါ)ဒေသ စစ်ရာဇဝတ်မှုအား နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်အဖြေရှာကြခြင်း

၂၀၂၂ ခုနှစ် နို၀င်ဘာလ(  ၁၅ )ရက် ယနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အကြမ်းဖက်စစ်ကောင်စီ၏ “A Nang Pa (အနန့်ပါ)ဒေသ စစ်ရာဇဝတ်မှုအား နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်အဖြေရှာကြခြင်း” စာတမ်းတိုကို ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် တိုင်းရင်းသားဒေသများနှင့် ပြည်မများတွင်ပါမကျန် ပြည်သူလူထုအပေါ် နည်းလမ်းမျိုးစုံဖြင့် ၎င်းတို့အားဆန့်ကျင်သူများကို ရန်သူသဖွယ်ပစ်မှတ်ထားပြီး လူသားချင်းမစာမနာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းသည် လျော့နည်းမသွားပဲ၊ တနေ့တခြား ပို၍ဆိုးရွားလာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်တွင် code of conduct ဆိုသည့် စစ်တပ်မှ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်း လုံးဝမရှိတော့သည်ကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သော ဖားကန့်ဖြစ်စဉ်သည် အထင်အရှား သက်သေပြနေသည်။ ၂၀၂၂ […]