Entries by ndb14

,

အကြမ်းဖက်ဖြိုခွင်းခံရပြီး ပုသိမ်ထောင်မှာ ထောင်ဝင်စာတစ်လပိတ်ခံရ

ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးရတဲ့ ထောင်ဆူပူမှုမှာ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ထောင်ဝင်စာပစ္စည်း ပို့ခွင့်ကို တစ်လပိတ်လိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတစ်ဦးဆီက လက်ကိုင်ဖုန်းတွေ့တဲ့အတွက် ထောင်အာဏာပိုင်တွေ က ရိုက်နှက်စစ်ဆေးခဲ့တာကို ဇန်နဝါရီ ၆ ရက်မှာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြတာကနေ ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။ “ပို့ထားတဲ့မုန့်ပဲ သရေစာတွေ ဘာတွေတောင်မှ သိမ်းသွားတယ်ဆိုပြီး ပြောသံကြားတယ်”  ဒီဖြစ်စဉ်ပြီးနောက်ရက် ဇန်နဝါရီလ ၇ ရက်ကစပြီး ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပို့ခွင့် ပိတ်လိုက်တယ်လို့ အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။ “တစ်လ ပိတ်ထားတယ်။ ရှေ့လငါးရက်နေ့မှာ ပြန်ဖွင့်မယ်လို့ပြောတယ်။ လောလောဆယ် အဲဒီတစ်လလုံးကတော့ ထောင်ဝင်စာမပို့ရဘူးပေါ့။ အစားအသောက် အခက်အခဲဖြစ်မှာပေါ့နော်။ နဂိုဆိုရင်တော့ ထောင်ဝင်စာပိတ်တယ်ဆိုရင်တောင် အထဲသက်သာဆိုင်ကနေပြီးတော့ မှာစားလို့ရတယ်။ […]

,

ဧရာဝတီမြစ်ဘေးရွာများကို စစ်တပ် ဝင်ပစ်၊ ဝက်လက်ဒေသခံများ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရေလယ်ကျွန်းရွာများတွင် တပ်စွဲသည့် စစ်ကောင်စီတပ်က မြစ်ကမ်းဘေး ရွာများကို လိုက်ပစ်နေ၍ ၁၃ ရွာမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများကို ဇန်နဝါရီ ၁၁ တွင် စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်နေ၍ အနည်းဆုံး ကျေးရွာ ၁၃ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ မတ္တရာမြို့နယ်ဘက်မှ လာသော စစ်ကောင်စီတပ်များက မြစ်အတိုင်း ဆန်တက်လာခဲ့ပြီး မြစ်လယ်ကျွန်းရွာများအား ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သလို စက်လှေများဖြင့် မြစ်ကြောင်းအတိုင်း ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ ဇန်နဝါရီ ၁၁ ညနေကတည်းက စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းရွာများဖြစ်သည့် မြစိမ်း၊ ရွာသာယာ၊ လက်ပံ ကုန်း၊ ပေါက်ကုန်း၊ ဆင်ကျွန်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ […]

ပုသိမ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု NUG ဝေဖန်

ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။ အဓိကရုဏ်းကို ထောင်အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့သလို အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက် (ခ) မဲကြီး ပျောက်ဆုံးနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီအပြင် နိုင်ငံရေးအကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ကိုးဦးက အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်အတွက် ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေ […]

ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇန်နဝါရီ ၈၊ ၂၀၂၃။ ပုသိမ်အကျဉ်းထောင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်း များကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါကျူးလွန်လိုက်သည့်လုပ်ရပ် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)မှ ထုတ်ပြန်လိုက်သည်။ ၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေ စိုးမိုးရေးပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ […]

၂ဝ၂၂ ခုနှစ်အတွင်း အိမ်အလုံးပေါင်း လေးသောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် တစ်နှစ်လုံးမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း လေးသောင်းတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ထုတ်ပြန်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်တွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံကောက်ယူထားတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေက ဒီထက်မက ပိုများနိုင်တယ်လို့ NUG အစိုးရရဲ့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ်တွေ မီးရှို့ခံရတာတွေနဲ့ ပတ်သက်လို့ ဒေသခံတွေက ရုပ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ တစ်ချိန်လုံး ငြင်းဆိုထားပါတယ်။ နိုင်ငံရေးလေ့လာသူတွေက စစ်ကောင်စီဟာ ရန်သူစိုးမိုးတဲ့နယ်မြေမှာ နေအိမ်တွေ အဆောက်အအုံတွေကို ဖျက်ဆီး […]

,

လွတ်လပ်ရေးနေ့အခမ်းအနား လုံခြုံရေးတင်းကျပ်ပြီး အကျဉ်းသား ၇၀၀၀ ကျော် ပြန်လွှတ်

ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လုံခြုံရေးအစောင့်အရှောက် များစွာနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး အကျဉ်းသား ခုနစ်ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေ တက်ရောက်ပြီး စစ်ရေးပြအခမ်းအနားနဲ့ ဆုတံဆိပ်ချီးမြှင့်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ “သူကိုယ်တိုင် အာဏာသိမ်းထားပြီးတော့ လွတ်လပ်ရေးနေ့ကို ပွဲလမ်းသဘင်ပုံစံနဲ့ ကျင်းပတာက ဂုဏ်သိက္ခာမဲ့စွာ ပြုမူနေတယ်လို့ မြင်ရတယ်“ ရန်ကုန်မြို့မှာတော့ ရွှေတိဂုံစေတီ ပြည်သူ့ရင်ပြင်နဲ့ မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဈေးပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ခံတချို့ကတော့ […]

အကြမ်းဖက် စစ်အာဏာရှင်ကြောင့် မအေးချမ်းနိုင်သေးသည့် မြန်မာပြည်သူများ၏ဘဝ

အေးမြသည့်ဆောင်းရာသီ ခရစ္စမတ်အချိန်အခါတွင် တစ်ကမ္ဘာလုံးရှိ ပြည်သူများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ခေတ္တရပ်နားကာ မိသားစုဝင်များနှင့် အေးချမ်းစွာအတူနေထိုင်ချိန်၊ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေချိန် မိမိတို့မြန်မာနိုင်ငံတွင်အကြမ်းဖက် စစ်အာဏာသိမ်းခေါင်း ဆောင် မင်းအောင်လှိုင်၏ အာဏာတပ်မက်မှုကြောင့် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့သည်  တောတောင် လျှိုမြှောင်များတွင် အသက်ဘေးမှလွတ်မြောက်နိုင်ရန် အခက်အခဲပေါင်းစုံကို ခံစားလျှက် စစ်ဘေးရှောင်နေကြရသည်။အကြမ်းဖက်စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှစတင်ပြီး ယခုနှစ် ၂၀၂၂ ဒီဇင်ဘာလတိုင်၂ နှစ်နီးပါး အချိန်အတွင်းတွင်  တိုင်းရင်းသား ပြည်သူများအပေါ်နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရက်စက်ယုတ်မာသည့်  စစ်ရာဇဝတ်မှုများ၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ စသည့် ဒုစရိုက်မှုမှန်သမျှကို မြန်မာနိုင်ငံဒေသအားလုံးနီးပါး၌  စနစ်တကျ စီမံကျုးလွန်လျက်ရှိသည်။  အထူးသဖြင့် ယခုနှစ် ၂၀၂၂ ဒီဇင်ဘာလတွင် ကချင်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ […]