Entries by ndb14

,

အကြမ်းဖက်စစ်အုပ်စု၏ ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအပေါ်အကျဉ်းချုပ်သုံးသပ်ချက် အစီရင်ခံစာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက် အောက်ခံတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများကို ကျူးလွန်ပြီး နိုင်ငံတကာ ရာဇဝတ်မှုဖြစ်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို မြန်မာနိုင်ငံ နေရာအနှံအပြား၌ ကျူးလွန်ခဲ့ကြပါသည်။ ထိုကဲ့သို့ အကြမ်းဖက်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အကျဉ်းချုပ်သုံးသပ်ချက်များအား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ND Burma ၊ ညီမျှခြင်းမြန်မာ၊ Spring Archive တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

,

အိုင်စီစီကိုလွှဲပေးဖို့ လုံခြုံရေးကောင်စီကို AI အဖွဲ့ တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံအနှံ့လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးယူဖို့ လိုအပ်နေပြီလို့ AI အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးကတည်းက လူသုံးထောင်နီးပါး အသတ်ခံရပြီး တစ်သောင်းသုံးထောင်ကျော် အဖမ်းခံထားရသလို၊ လူတစ်သန်းခွဲလောက် ထွက်ပြေးနေရတယ်လို့ AI အဖွဲ့က ပြောပါတယ်။ အဲဒီထဲမှာ လူလေးယောက်ကို ကြိုးပေးကွပ်မျက်ထားသလို၊ အနည်းဆုံး လူ ၁၀၀ လောက်ကို သေဒဏ်အမိန့်ချထားတယ်လို့ ဆိုပါတယ်။ ကလေး ခုနစ်သန်းခွဲကျော်လည်း ကျောင်းပြင်ပမှာရောက်နေရတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်းမှာ ပြည်သူတွေကို ထင်သလိုဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းညီညီညွတ်ညွတ်လက်တွဲပြီး တိုးမြှင့်အရေးယူဖို့ […]

,

မြန်မာ့အကျပ်အတည်း ကြေညာချက်ထုတ်ရုံနဲ့မအောင်မြင်နိုင်ကြောင်း အင်ဒိုနီးရှား ပြော

အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့အကျပ်အတည်း ပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိုင်သလို မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းတင်ရေးမှာလည်း ကြေညာချက်တွေ၊ တိုက်တွန်းချက်တွေ ထုတ်ပြန်နေရုံနဲ့ မအောင်မြင်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ (Retno Marsudi) က တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်ကောင်စီကို အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဆွေးနွေးမှုတစ်ရပ် ဖော်ဆောင်ဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိရှိကြောင်း ဒါကြောင့် ဒီနှစ်အတွင်း အရာရာကို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်းလည်း လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးရေးတစ်ရပ်ကို […]

မတူပီမြို့မှာ ဆန်ပြတ်လပ်ပြီး ဒေသခံတွေ အခက်အခဲဖြစ်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က ဆန်ဝယ်ယူစုဆောင်းနေတာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ဒေသခံတွေ ဆန်ဝယ်လို့မရတော့ဘဲ စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဈေးဆိုင်တွေမှာ ဆန်တစ်အိတ်ကို ငွေကျပ်တစ်သိန်းအထိ ပေးဝယ်တာတောင် ရောင်းမယ့်သူမရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတူပီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “ဟုတ်ပါတယ်။ တစ်မြို့လုံး ဆန်ကိုမရှိတော့တာ။ မင်းတပ်-မတူပီ လမ်းကလည်း ပိတ်ထားတော့ ပိုခက်ခဲတာပေါ့။ အရင်ကတော့ တောင်ယာဆန်တွေ စိုက်ပျိုး စားသောက်ကြပေမယ့် စစ်ပြေးနေရတော့ မစိုက်နိုင်တော့ဘဲ ဝယ်စားနေရတာ” မတူပီမှာ စစ်ကောင်စီတပ်နဲ့ မတူပီကာကွယ်ရေးတပ် (CDF-Matupi) အကြား မကြာခဏတိုက်ပွဲဖြစ်နေသလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ သူကဆိုပါတယ်။ ဆန်ပြတ်လပ်တာဟာ စစ်ကောင်စီတပ်က ဝယ်ယူစုဆောင်းနေတာကြောင့်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ […]

မြန်မာဗိုလ်ချုပ်ကြီးတွေကို Fortify Rights လူ့အခွင့်အရေးအဖွဲ့ ဂျာမဏီမှာ တရားစွဲ

မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေနဲ့ တရားစွဲဆိုလိုက်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ထုတ်ဖော်ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်ကြီးတွေကို လူသားဖြစ်တည်မှုဆိုင်ရာပြစ်မှုတွေကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က မြန်မာနိုင်ငံသား ၁၆ ဦးနဲ့အတူ ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ တရားစွဲဆိုလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အခုလိုတရားစွဲဆိုတဲ့ အမှုကိုတင်ပြရာမှာ သက်သေအထောက်အထား စာမျက်နှာ ၁ဝဝဝ ကျော်ပါဝင်တယ်လို့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဒီနေ့မနက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith- မက်သရူးစမစ်က အခုတရားစွဲဆိုမှုမှာ မြန်မာနိုင်ငံသား ၁၆ ဦးလည်း တရားလိုတွေအဖြစ်ပါဝင်ကြောင်း […]

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးနေ

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ရှာဖွေဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်ကစပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အားလုံး နီးပါးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ ရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။ CDM တွေကို လက်ခံထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ စာသင်ကျောင်းတွေကိုလည်း ချိပ်ပိတ်အရေးယူဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ရန်ကုန်မြို့က အမည်မဖော် လိုတဲ့ CDM ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။ “အဓိက ကတော့ CDM တွေကိုဖမ်းပြီး ငွေညှစ်ချင်တာပေါ့။ CDM ဝင်ထားတယ် ဆိုပေ မယ့် နားလည်မှုနဲ့ ဆေးခန်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ […]

,

လေတပ်က မင်းတပ်မြို့ ဘုန်းကြီးကျောင်းကို ဗုံးကြဲ၊ စစ်ရှောင် ၅ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တွင် စစ်ရှောင်တချို့ခိုလှုံနေသော ဘုန်းကြီးကျောင်း ဗုံး ၄ လုံးကြဲခံရခြင်း၊ စက်သေနတ်ဖြင့် ပစ်ခံရခြင်းကြောင့် ထိခိုက်သူများထဲတွင် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။  ယမန်နေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ၂ ဦး ဒဏ်ရာပြင်းထန်သည်၊ ပျက်စီးသည့် အဆောက်အအုံများထဲတွင် ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ပါဝင်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က Myanmar Now ကို ပြောသည်။ “ဗုံး ၄ လုံး ကြဲတယ်။ လေယာဉ်ကနေလည်း ပစ်ခတ်သွားတယ်။ IDP (စစ်ရှောင်) တွေကို ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ ဝေဖို့၊ သူ့တို့ဟာသူတို့ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၁၅ မှ ၂၁) ရက်နေ့ထိ

ဇန်နဝါရီလ ၁၅ရက်မှ ၂၁ရက်နေ့အတွင်း စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ် တို့တွင် လေကြောင်းပစ်ခတ် ဗုံးကြဲမှု စုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှု အတွင်း ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချရာ ပြည်သူများ မီးလောင်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်များ မီးလောင် ပျက်စီးခဲ့သည်။ ရန်ကုန် အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ၃ ဦး အပါအဝင် အကျဉ်းသား ၇၀၀ ခန့်ကို‌ ထောင်ပြောင်းရွေ့မှု ပြုလုပ်ခဲ့သည်။ 2023 Jan 15 to 21 (MM)Infogram

,

ကျွန်းလှနဲ့ ကန့်ဘလူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ငါးထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဇန်နဝါရီလ ၁၄ ရက်က စစ်ကောင်စီတပ်က ကျေးရွာ ၁၄ ရွာကို စစ်ကြောင်းထိုးလို့ အရပ်သား ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှမြို့နယ် တောင်ယာဆိပ်၊ မြင်သာဦး၊ သံပရာပင်စု၊ မြဘုံသာ၊ တကုန်း၊ ကုက္ကိုကုန်းနဲ့ ကန့်ဘလူမြို့နယ် ညောင်ကုန်း၊ ပလူသာ၊ သရက်တော၊ မကျီးကုန်း၊ တည်ပင်၊ ချောင်းကြား ရွာတွေ အပါအဝင် ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို ဇန်နဝါရီလ ၁၄ ရက်ညနေပိုင်းမှာ စစ်ကောင်စီ တပ်တွေက မီးရှို့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့ညနေက ညောင်ကုန်းရွာကို မီးဝင်ရှို့တယ်။ ကန့်ဘလူ ချပ်ကြီးရွာဘက်နေ ညောင်ကုန်းရွာဘက်ကို […]