Entries by ndb14

စစ်ရေးပဋိပက္ခကြောင့် KNU နယ်မြေမှာ တစ်လအတွင်းအရပ်သား ၁၆ ဦးသေ၊ ၄၇ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား စစ်ရေးပဋိပက္ခတွေ ကြောင့် KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အရပ်သား ၁၆ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၅) နဲ့ တပ်မဟာ (၆) တွေအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဗုံး ၂၀၈ လုံးအထိ ကြဲချခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီအပြင် လက်နက်ကြီးနဲ့ ၉၅ ကြိမ်အထိ ပစ်ခတ်ခဲ့ပြီး […]

,

ချင်းပြည်နယ်ကို စစ်ကောင်စီ ပိတ်ဆို့၊ ဒေသခံတို့ ရိက္ခာလိုအပ်ချက်များနေ

ချင်းပြည်နယ်မြို့များသို့ သွားရောက်နိုင်သည့် အဓိကလမ်းမများကို ခြေကုပ်စခန်းများချထားခြင်း၊ စစ်ဆေးရေးဂိတ်များ ရှိနေခြင်းကြောင့် ရိက္ခာသယ်ယူရန် ခက်ခဲနေသည်။ ချင်းပြည်နယ်သို့ သွားရာလမ်းကြောင်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် ထန်တလန်မြို့ခံ စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် များပြားလာနေသည်ဟု သိရသည်။ ချင်းပြည်နယ်မြောက်ပိုင်းရှိ ဟားခါး – ထန်တလန်လမ်းမကြီးနှင့် ဖလမ်း၊ ကလေးမြို့များရှိ အဓိကလမ်းမများကို ပိတ်ဆို့ထားသလို စစ်တပ်က ခြေကုပ်စခန်းများချကာ စစ်ဆေးရေးဂိတ်များ ဖွင့်ထားသည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF  တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဟားခါး-ထန်တလန် လမ်းမကြီးဆိုရင် စစ်ကောင်စီရဲ့ ထန်တလန်မြို့မ​ရဲစခန်းဖြစ်တဲ့ တပ်ကုန်းဆိုတဲ့ ခြေကုပ်စခန်းရှိနေလို့ သုံးလို့မရဘူး၊ ပိတ်နေတာ ကြာပြီ။ ပြည်သူတွေကပဲ အခြားတောင်ကြောတွေကနေ လမ်းကြောင်းအသစ်တွေ ဖောက်ပြီး ရိက္ခာတွေ သယ်နေရတယ်။ လမ်းဖောက်တာတောင် တော်တော်ကြာတယ်။ ပြည်သူတွေ စားနပ်ရိက္ခာအတွက် အရမ်းရုန်းကန်နေရတယ်” ဟု သူက […]

,

စစ်ကိုင်းနှင့် ရှမ်းနယ်စပ်တွင် စစ်ကြောင်းဝင်၊ အိမ်ခြေ ၆၀၀ ခန့် ပြာကျ

စစ်ကောင်စီလက်နက်ကိုင်တို့က ပြည်သူ ၆ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုအထဲမှ နွားကျောင်းသား နှစ်ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့က ဆိုသည်။ နယ်မြေထိစပ်နေသည့် စစ်ကိုင်းတိုင်း ကသာမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ကြား စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က ကျေးရွာ ၆ ရွာကို မီးရှို့သဖြင့် ရက်ပိုင်းအတွင်း အိမ်ခြေ ၆၀၀ ခန့် ပျက်စီးဆုံးရှုံးသွားသည်။ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ရှမ်းမြောက် ငအိုးရွာဘက်မှ ကသာမြို့နယ်သို့ ဝင်ရောက်လာစဉ် အလယ်ကျွန်းရွာ၌လည်းကောင်း၊ ၁၁ ရက်နေ့တွင် မယ်ငိုရွာအနီး၌လည်းကောင်း ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီးနောက် အနီးဝန်းကျင်ရွာများကို ဖျက်ဆီးစဉ် ဒေသခံ ၆ ဦးကိုပါ သတ်ဖြတ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။ မယ်ငိုရွာတွင် ဖြစ်ခဲ့သည့် […]

,

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့် မတ်လလယ်ပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့‌တော်မှာ မနေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာန ရုံးခန်းဖွင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်မလား၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ ဖြစ်မလားဆိုတာကိုတော့ မသိသေးဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ “ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်၊ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ […]

,

မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူများ ရိုက်နှက်ခံရ

ကျဉ်စက်တပ်တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်များဖြင့် ရိုက်နှက်နှိပ်စက်မှုကြောင့် အကျဉ်းသူတစ်ဦး မျက်လုံးထိခိုက်ခဲ့ပြီး အများအပြား ပြင်းထန်ဒဏ်ရာရရှိထားသည်။ မကြာသေးခင်က မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအများအပြား ဒဏ်ရာရရှိထားပြီး တစ်ဦးမှာ မျက်လုံးထိခိုက်သွားသည်ဟု မန္တလေးသတင်းရင်းမြစ်များထံမှ သိရသည်။ အကျဉ်းထောင်အတွင်းမှ လျှို့ဝှက်ပေးပို့သော “အဖိနှိပ်ခံ အကျဉ်းသားများ” ဟူသည့် စာတစ်စောင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လက်ခံရရှိခဲ့ကြောင်း၊ စာတွင် ထောင်တွင်းအခြေအနေဆိုးများကို ဖော်ပြထားကြောင်း မန္တလေးမြို့မှ ဆန္ဒပြလူငယ်တစ်ဦးက ပြောသည်။ “အကျဉ်းဝန်ထမ်းအမျိုးသားတွေက ဝင်ရိုက်တယ် ပြောတာပါ။ ၇၀ ကျော်လောက်ကို ရိုက်ခံကြရတယ်၊ လောက်လေးခွတွေနဲ့လည်း ပစ်ခံရတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။ စာရွက်ဖြတ်ပိုင်း ၁ ခုတွင် မင်ပြာဖြင့် ရေးသားထားသော၊ အကျဉ်းထောင်အတွင်းမှ ပို့သည်ဆိုသော ထိုစာကို Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည်။ […]

,

ရွှေဘိုမြို့နယ် ကျားရွာမှ နေအိမ် ၇၀၀ ခန့် တစ်ရက်အတွင်း မီးရှို့ခံရ

အိမ်ခြေ ၁၅၀၀ ခန့်ရှိသော ကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်လာပြီး နေအိမ် ၇၀၀ ကို တစ်နေ့အတွင်း မီးရှို့သွားသလို အနီးမှ ရွာတွင်လည်း နေအိမ် ၈၀ ခန့် မီးရှို့ခံရသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မြောက်ခြမ်းတွင် ရှိသည့် ကျားရွာတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) က နေအိမ် ၇၀၀ ခန့် မီးရှို့ခံရကြောင်း ရွာခံများထံမှ သိရသည်။ ရွှေဘိုမြို့ပေါ်မှ လာသော စစ်ကောင်စီတပ်နှင့် ခွန်ဒေါင်းကြီး(ခဒေါင်း) ရွာရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည့် အင်အား ၁၅၀ ကျော်ခန့်က ဖေဖော်ဝါရီ ၁၁ တွင် ခွန်တောင်းကြီးရွာ တောင်ဘက် ကပ်လျက်ရှိသည့် ညောင်ကန်ကျေးရွာမှ နေအိမ် ၈၀ ခန့်ကို မီးရှို့ခဲ့သည်။ ထို့နောက် ထိုရွာတွင် […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဖေဖော်ဝါရီ ၁ မှ ၇) ရက်နေ့ထိ

ဖေဖော်ဝါရီလ ၁ရက်မှ ၇ ရက်အတွင်း ကယားပြည်နယ် ဒီမော့ဆိုမှ ပြည်သူ ၁ဦးနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှ ပြည်သူ ၁ဦးကို စစ်အာဏာရှင် တပ်သားများက ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် လှုပ်ရှားမှုနှင့် ပတ်သတ်၍ ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သော ရန်ကုန် မရမ်းကုန်းမှ ပြည်သူ ၂ဦးနှင့် စစ်ကိုင်းမှ ပြည်သူ ၁ဦး ဖမ်းဆီးခဲ့ရပြီး တော်လှန်ရေးနှင့် ဆက်စပ်သော အကြောင်းအရာများ လူမှုကွန်ယက်တွင် မျှဝေသည်ဟုဆိုကာ နေပြည်တော်မှ ပြည်သူအချို့လည်း ဖမ်းဆီးခံခဲ့ရသည်။ ရန်ကုန် အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသားများကို အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်။ 2023 […]

, ,

အဓမ္မလုပ်အားပေးစေခိုင်းမှု (Forced Labour)

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် အဓမ္မလုပ်အားစေခိုင်းမှု၏ အင်္ဂါရပ်များကား အဘယ်နည်း။ အဓ္မလုပ်အားစေခိုင်းမှုကို လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အဖြစ် မှတ်တမ်းပြုရန်အလို့ငှာ အောက်ပါ အင်္ဂါရပ် (၄)ရပ် ထင်ရှားကြောင်းဖေါ်ပြရပါမည်။[1] ၁။ အလုပ် (လုပ်အား) သို့မဟုတ် ဝန်ဆောင်မှု။  ၂။ အတင်းအဓမ္မ (ဆန္ဒမပါဘဲ) ထုတ်ယူခြင်း။ ၃။ အပြစ်ပေး ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်း။ ၄။ အစိုးရ၏ လုပ်ဆောင်ချက်။  (ခ) လုပ်အား သို့မဟုတ် ဝန်ဆောင်မှုကို အတင်းအဓမ္မ သို့မဟုတ် ဆန္ဒမပါဘဲ ထုတ်ယူခြင်းအဖြစ် မည် သည့်အချက်များက ဖေါ် ပြ သနည်း။ လုပ်အားကို အတင်းအဓမ္မ (ဆန္ဒမပါဘဲ) ထုတ်ယူခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစုံတယောက် အလုပ် အစီ အစဉ်ထဲသို့ ဝင်သွားပုံ၊ ဝင်သွားနည်းနှင့် သက်ဆိုင်ပါသည်။ လုပ်အား […]

,

ချောက်မြို့မှစျေးသည် စစ်ကြောရေးစခန်းရောက်ပြီး ၂၄ နာရီအတွင်း သေဆုံး

မကွေးတိုင်း၊ ချောက်မြို့တွင် အဖမ်းခံရသူ အမျိုးသား စစ်ကောင်စီတပ်လက်ထဲတွင် သေဆုံးရာ အတူဖမ်းခံရသည့် ဇနီးသည် ပြန်လွတ်မလာသေးပေ။ မကွေးတိုင်း၊ ချောက်မြို့တွင် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းဖြစ်သူမှာ အဖမ်းခံရပြီး ၂၄ နာရီမပြည့်မီ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် သေဆုံးသွားသည်ဟု ဒေသအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ထံမှ သိရသည်။ ဖေဖော်ဝါရီ ၁ ညပိုင်းတွင် စစ်သား ၁၅ ဦးခန့်က အမှတ် (၅) ရပ်ကွက်ရှိ အသက် ၅၀ အရွယ် ဦးကျော်တင့်၊ ဇနီးဖြစ်သူ ဒေါ်တင်မာနီတို့ကို နေအိမ်သို့ သွားရောက် ဖမ်းဆီးသည်၊ နဂ ၆၀ အမည်ရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကာ နောက်တစ်နေ့ နံနက်တွင် ဦးကျော်တင့် သေဆုံးသွားသည်ဟု ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ (CGF) ဒုခေါင်းဆောင် ဗိုလ်ပေတ ဆိုသူက ပြောသည်။ “စစ်ကြောရေးမှာ မမြင်နိုင်တဲ့အတွက် အတိအကျကြီး မပြောနိုင်ဘူး။ စစ်ကြောရေးမှာ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီ ၂၂ မှ ၃၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၂)ရက်မှ (၃၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ကယားပြည်နယ် ၊စစ်ကိုင်းတိုင်း တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ဒေသခံ ၄ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁ဦး နှင့် အသက်မပြည့်သေးသည့် ကလေး ၂ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့သည်။ ပြည်သူများကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်းများ ဆက်လက် ကျုးလွန်လျှက်ရှိသည်။ 2023 Jan 22 to 31 (MM)Infogram