ညောင်ပင်သာရွာက အစုအပြုံလိုက်သတ်ဖြတ်မှု ကရင်လူ့အခွင့်အရေးအဖွဲ့တွေ ပြင်းပြင်းထန်ထန်ရှုတ်ချ
ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကလာ လွယ်ထူး ခရိုင်၊ ညောင်ပင်သာရွာမှာ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က စစ်ကောင်စီတပ်တွေက ကလေးငယ်ငါးဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၈ ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG နဲ့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် KPSN တို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီသတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နံပါတ် ၁၃ လက်အောက်က ခြေမြန်တပ်ရင်း ၅၉၉ က တပ်သားတွေနဲ့ အခြား တပ်မ၊ တပ်ရင်းတွေက စစ်သားတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ မေလ ၁ဝရက်က KNLA […]