Entries by ndb14

,

မြဝတီမြို့အနီးကို စစ်ကောင်စီတပ် လေကြောင်းရော မြေပြင်ကပါ ပစ်ခတ်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးကို စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက် ဒီကနေ့ မနက် အစောပိုင်းမှာ လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေပါ ကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။ “ဒီမနက်အစောပိုင်းမှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ မြို့ပေါ်ကနေလည်း ကြားနေ ရတယ်။ ထိခိုက်မှုက ဘယ်လောက်ရှိမလဲတော့ မသိသေးဘူး။ အဲဒီနေရာက တိုက်ပွဲ ဖြစ်နေတာ ရက်တော်တော်ကြာပြီ ဆိုတော့လေ” မြဝတီမြို့နဲ့ ခုနစ်မိုင်ခန့်ဝေးတဲ့ မဲကနယ်ကျေးရွာအုပ်စုမှာ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာစစ်ကြောင်း(၂) ၊ Federal Wings၊ Golden Eagle၊ ရောင်နီ၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဧပြီ (၈)ရက်မှ (၁၄) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီလ ၈ရက်မှ ၁၄ ရက်အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက် ခိုက် ဗုံးကြဲမှုများကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ပြီး စစ်အာဏာရှင်တပ်အနေဖြင့် စစ်ရာဇဝတ်မှု ထပ်မံ ကျုးလွန်နေခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ အရပ်သား (၃၀)ကျော်ကိုလဲ စစ်အာဏာရှင်တပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး (၁)ဦးအပါအဝင် ပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ […]

,

ကွေးတိုင်းမှာ စစ်ကောင်စီလက်က လွတ်လာသူတွေရဲ့အတွေ့အကြုံ

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မကွေးတိုင်းက ရေစကြို၊ မြိုင်၊ ပေါက်၊ ဆော၊ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေသလို၊ ဒေသခံတွေ ရာနဲ့ချီ ဖမ်းဆီးခံရပြီး အသတ်ခံရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်ကြောင်းထိုးခဲ့တဲ့ ဘီလူးစစ်ကြောင်းလို့ခေါ်တဲ့ ခလရ ၉၉ ဟာ မြောင်မြို့နယ်ကနေ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲကို ပြီးခဲ့တဲ့လက ရောက်သွားခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့ မနက် ၅ နာရီမှာ မီးလောင်ကျွန်းရွာသစ်ရွာကို ပိတ်ဆို့လိုက်တဲ့အတွက် ထွက်ပြေးချိန်မရတဲ့ ရွာသား အယောက် ၂၄၀ လောက် ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ စစ်ဘေးဒုက္ခသည်တွေကို ထမင်းဟင်းချက်ပြုတ်ကျွေးနေတဲ့ အသက် ၅၀ ဝန်းကျင် ဦးဟန် ပစ်သတ်ခံလိုက်ရသလို၊ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၇ နှစ်အရွယ် ကိုဆန်းဒရာကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး […]

,

လေကြောင်းရန်ကြောင့် တကောင်းနယ်တွင် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးနေရ

မန္တလေးနှင့် စစ်ကိုင်းတိုင်းအစပ် တကောင်းတိုက်နယ်အတွင်း စစ်တပ်က လေကြောင်းမှ ပစ်မည်ဟု သတင်းဖြန့်နေ၍ အနည်းဆုံး ကျေးရွာ ၇ ရွာခန့်မှ ဒေသခံ ထောင်ချီသည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်သို့ တိမ်းရှောင်နေရသည်။ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာသော မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထောင်နှင့်ချီသော ဒေသခံများ တက်သုတ်ရိုက် ထွက်ပြေးတိမ်းရှောင်နေရသည်။ မန္တလေးမြို့မြောက်ဘက် တကောင်းမြို့မှ ၅ မိုင်ခန့်အကွာ တကောင်းနယ်ဖြစ်သော မန္တလေး-မြစ်ကြီးနားလမ်းဘေးရှိ ကျေးရွာများအတွင်း ယမန်နေ့ (ဧပြီ ၁၆) တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီး လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်သဖြင့် ညနေ ၃ နာရီနောက်ဆုံးထား ရွှေ့ပြောင်းရန် လိုက်လံအော်ဟစ်ပြောဆိုကြောင်း ဒေသခံတို့ထံမှ သိရသည်။ “တချို့ရွာတွေမှာ မိုက်နဲ့ လိုက်အော်တယ်လို့လည်း ကြားတယ်။ တချို့ရွာတွေမှာတော့ […]

,

ပဇီကြီးရွာတိုက်ခိုက်မှု တရားမျှတမှုရအောင် ကြိုးစားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ လူ ၈၀၀ လောက်စုဝေးနေတဲ့နေရာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာ လေကြောင်းကနေ အနည်းဆုံး လူ ၈၀ အစုလိုက်အပြုံလိုက် သေဆုံးသွားအောင် တိုက်ခိုက်တာဟာ အာဏာသိမ်းပြီးနောက် တစ်ချိန်တည်း တစ်ခါတည်း တစ်ပြိုင်တည်း အရပ်သားတွေ အများဆုံးသေဆုံးရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီက သူ့အကြမ်းဖက်မှုကို ထပ်မံပြသတာလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ထောက်ပြပါတယ်။ “စစ်ကောင်စီက သူ့ကိုယ်သူ အကြမ်းဖက်သမားဆိုတာ နောက်ထပ်ပြလိုက်တဲ့ သက်သေတစ်ခုလို့ပဲ မြင်ပါတယ်။ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ သူရဲ့ အသွေးအသားကို ဖော်ပြလိုက်တာပဲလို့ ကျွန်မတော့မြင်တယ်။ ကျွန်မတို့တွေ ဒိထက်ပို သန်မာကြရအုန်းမယ်။ ကျွန်မတို့တွေ ဒိထက်ပိုပြီး သတိကြီးကြရအုန်းမယ်။ […]

, ,

ပဇီကြီးရွာတိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် အပြင်းအထန် ပြစ်တင်ရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လူထုစုဝေးပွဲကို စစ်ကောင်စီ တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ တစ်ဆက်တည်းမှာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ဧပြီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ အလွန်ကြေကွဲဝမ်းနည်းရပါကြောင်းလည်း အတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရသူတွေကိုလည်း ချက်ချင်း ဆေးကုသခွင့်ပြုဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ခွင့်ရရှိဖို့လည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့ကြေညာချက်မှာ အကြမ်းဖက်မှုမှန်သမျှကို ပြစ်တင်ရှုတ်ချကြောင်းနဲ့ အရပ်သားပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အကာအကွယ်ပေးဖို့လည်း အခိုင်အမာ ထပ်မံထည့်သွင်း ပြောကြားသွားပါတယ်။ တစ်ဆက်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အာဏာသိမ်းစစ်ကောင်စီကို လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ […]

, ,

ကန့်ဘလူ၊ ပဇီကြီးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်၊ ၈၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့ ရုံးဖွင့်ပွဲတစ်ခုကို လေယာဉ်၊ ရဟတ်ယာဉ်များ တိုက်ခိုက်အပြီးတွင် အလောင်းများကို တစ်စစီပြန်ကောက်နေရသည်။ (သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများ၊ ဓာတ်ပုံများ ပါဝင်သည်) ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် သေဆုံးသူ ၈၀ ထက်မနည်းရှိကြောင်း သိရှိရသည်။   ပဇီကြီးရွာ အနောက်ဘက် မြေကွက်လပ်တွင် သစ်၊ ဝါးတို့ဖြင့် တည်ဆောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပလဖရုံးနေရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသူများကို ထမင်းကျွေးနေချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ရုတ်တရက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဧပြီ (၁)ရက်မှ (၇) ရက်နေ့ထိ

ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် စစ်အာဏာရှင်တပ်က လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ တပတ် အတွင်း ပြည်သူ (၉)ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မှ ပြည်သူ (၁)ဦး နှင့် အောင်မြေသာစံမှ ပြည်သူ (၄)ဦး တို့ကို စစ်အာဏာရှင်တပ်၏ လက်အောက်ခံ သွေးသောက်အဖွဲ့မှ ဖမ်းဆီး သတ်ဖြတ် ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်မှ နိုင်ငံရေး အကျဉ်းသား (၁၅)ဦးကို ရိုက်နှက် နှိပ်စက်ပြီး (၁၀)ရက် ကြာ တိုက်ပိတ်ထားခဲ့သည်။ စစ်အာဏာရှင်တပ်နှင့် ၄င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျုးလွန်ခြင်းများ […]

ဘုတလင်မှာ ကျေးရွာသုံးရွာ မီးရှို့ခံရပြီး နေအိမ် ၆၁ လုံးပျက်စီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တရော်တောရွာ၊ ကုက္ကိုစုရွာနဲ့ ယုန်လှေးကုန်းရွာတွေကို အင်အား ၅၀ ဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းက ဧပြီလ ၈ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ယုန်လှေးကုန်းကျေးရွာက နေအိမ် အလုံး ၄၀ နဲ့ တရော်တော၊ ကုက္ကိုစုရွာနှစ်ရွာက နေအိမ် ၂၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ယုန်လှေးကုန်းရွာမှာ ဧပြီလ ၇ ရက်နေ့ညက တပ်စွဲပြီး နောက်နေ့မနက်မှာ မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ “ကျေးရွာတွေ နားသွားလာနေတဲ့ စစ်ကြောင်းပဲ။ တစ်နေ့ညက ယုန်လှေးကုန်းမှာ ညအိပ်တယ်။ မနက်ကျတော့ အိမ်တွေကို မီးစရှို့တာ။ ကုက္ကိုစုက အိမ်ခြေများတော့ တရော်တောနဲ့က […]

ထင်ရှားသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်

မကွေးမြို့မှ ဆန္ဒပြကျောင်းသား ကိုလျှံဖြိုးအောင်၊ ရွှေဝါရောင်ရဟန်း ဦးဇင်းပုရစ်တို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီး မုံရွာနှင့် မြစ်ကြီးနားမှ ထင်ရှားသူတို့ကို ထောင်ချလိုက်သည်။ ယနေ့ (ဧပြီ ၇) တွင် ဦးဇင်းပုရစ်ဟု ထင်ရှားသည့် ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိ၊ မကွေးမြို့မှ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးစန္ဒာသီရိ (ခေါ်) ဦးဇင်းပုရစ်မှာ နံနက်ပိုင်းတွင် အင်းစိန်ထောင်မှ လွတ်လာပြီး သီတင်းသုံးရာကျောင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။ သက်တော် ၅၃ နှစ်အရွယ် ဦးဇင်းပုရစ်သည် လျှော့ရက်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်၊ ကျန်းမာရေးကောင်းမွန်သည်ဟု ၎င်းက ဆိုသည်။  အာဏာသိမ်းစစ်တပ်က ဦးဇင်းပုရစ်ကို ၂၀၂၁ မတ် ၁၃ တွင် ဖမ်းဆီးကာ ၂၀၂၂ ဖေဖော်ဝါရီတွင် ရာဇသတ်ကြီးဥပဒေပါ […]