Entries by ndb14

,

ကန့်ဘလူ ထောက်ရှာအိုင်ရွာက နေအိမ် ၆၀ နီးပါး မီးရှို့ခံရပြီး ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထောက်ရှာအိုင်ရွာကို မေလ ၇ ရက်ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆၀ နီးပါး မီးလောင်ကျွမ်း ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။ အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၃၆၁) ဟာ ယမနေရွာကနေ တဆင့် ထောက်ရှာအိုင်ရွာကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီနောက် နေအိမ်တွေကိုမီးရှို့ပြီး ဒေသခံတွေကိုပါ ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ထောက်ရှာအိုင်ကို စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတဲ့အရပ်သားတွေက စစ်ကြောင်းနဲ့ တိုးသွားတော့ အဖမ်းခံလိုက်ရတာ။ ဘယ်သူတွေလဲဆိုတာ လိုက်ပြီးစုံစမ်းနေတုန်း။ ရွာထဲကအိမ်တွေကတော့ မီးလောင်တာ ၆၀ […]

,

ဖားကန့်တွင် လူငယ်နှစ်ဦး သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရ

စစ်တပ်က လမ်းပေါ်တွင် စွန့်ပစ်ခဲ့သည့် အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦး၏ အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦး၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး အသက် ၂၀ ဝန်းကျင်ခန့်အရွယ် လူငယ်နှစ်ဦး၏ ဒဏ်ရာများဖြင့် ရုပ်အလောင်းများ စွန့်ပစ်ထားသည်ကို ယနေ့ (မေ ၅) နံနက်တွင် တွေ့ရှိခဲ့ရသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။ ယနေ့နံနက် ဈေးဝယ်သူအချို့က အဆိုပါအလောင်းများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းများတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများအပြင် တစ်ဦးမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကောင်လေးတွေက ငယ်ငယ်လေးတွေ။ တစ်ယောက်က ခေါင်းကို သေနတ်နဲ့ ပစ်ထားတာ။ နောက်တစ်ယောက်က […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဧပြီ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ

ဧပြီလ ၂၂ ရက်မှ ၃၀ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်မှ လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့သည့် အရပ်သား (၁)ဦး နှင့် ကောလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်အဖွဲ့ဝင် (၉)ဦး စုစုပေါင်း (၁၀)ဦး တို့ကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်အနေဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါ ဖမ်းဆီးခံခဲ့ရသည်။ မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ ၁ ဦးကို စစ်အာဏာရှင်တပ်၏ လက်အောက်ခံ အဖွဲ့ ဖြစ်သော သွေးသောက်အဖွဲ့ မှ ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် စခန်းများ၊ […]

,

စစ်ကြောင်းထိုးလာလို့ ခင်ဦးနဲ့ကန့်ဘလူအစပ်က ဒေသခံငါးထောင်ခန့် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်က ရွာတွေကို ဧပြီလ ၃၀ ရက် ဒီနေ့မနက်ပိုင်း အင်အားတစ်ရာခန့်ပါ စစ်ကြောင်းဝင်ရောက်မီးရှို့ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ရွာပေါင်းရှစ်ရွာက လူငါးထောင် ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခင်ဦးမြို့နယ်အစပ်က အလယ်ရှိုရွာနဲ့ ကန့်ဘလူမြို့နယ်အစပ်က ဘူးကုန်း၊ ကျီကျင်း၊ တင်ငုတ်ကြီး၊ သုံးဆင့်ကန်၊ သောက်ကန်၊ ရေရှင်နဲ့ တရော်ကိုင်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ ထွက်ပြေးရသူတွေဟာ စားဝတ်နေရေး အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ သောက်ကန်ရွာခံ တစ်ဦးက RFA ကိုပြောပါတယ်။ “ ဒေသခံအကုန်ရှောင်ရတာ၊ ရွာထဲမှာ တစ်ယောက်မှမကျန်ဘူး။ အဲဒီရွာရဲ့ ပတ်ပတ်လည် တောတွေထဲပေါ့ဗျာ။ ဘာတွေ အခက်အခဲရှိလဲဆိုတော့ နေပူထဲ ရှောင်ရတာဆိုတော့ အရိပ်တို့ စားဝတ်နေရေးတွေ ခက်ခဲတာပေါ့။ ဒီ…. ရေတို့၊ သောက်ရေတို့ ပူတာပေါ့ဗျာ။ […]

,

စစ်ကောင်စီက CNF ဌာနချုပ်အနီးရှိ ရွာကို ဗုံးကြဲ၊ ကျောင်းဆရာမအပါအဝင် ၂ ဦး သေဆုံး

စစ်ကောင်စီ ယာယီတပ်စခန်းတစ်ခုအား ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ များ သိမ်းယူပြီး လက်နက်ခဲယမ်းတချို့ရပြီးနောက် နာရီပိုင်းအတွင်း လူနေကျေးရွာတစ်ရွာကို လေတပ်က ဗုံးကြဲခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်နှင့် ခြောက်မိုင်ခန့်သာ ဝေးသည့် ရွာကို စစ်ကောင်စီက ယမန်နေ့ (ဧပြီ ၂၇) တွင် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်။ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်အတွင်း အိမ်ခြေ ၇၀ ခန့်ရှိ တလန်လိုရွာမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။  “ရွာလယ်တည့်တည့်မှာ ဗုံးတစ်ကြိမ်ချတယ်။ ကျောင်းဆရာမတစ်ယောက်နဲ့ လူကြီးတစ်ယောက်တော့ သေသွားတယ်” အသက် ၅၄ နှစ်အရွယ် […]

,

ရှမ်းမြောက် သိန္နီမြို့နယ်တွင် ဗုံးကြဲခံရပြီး ၁ ဦး သေ၊ ၁၂ ဦး ဒဏ်ရာရ

ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာဒေသခံများကို စုစည်း၍ MNDAA က အစည်းအဝေးများ ခေါ်ယူခဲ့၍ စစ်ရေးလှုပ်ရှားသည့်နေရာဟု ထင်ကာ လာရောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု MNDAA ဘက်က သုံးသပ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၂ ဦး ခန့် ဒဏ်ရာရသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ၊ ည ၁၁ နာရီခန့်က ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ တပ်မဟာ (၂၁၁) လှုပ်ရှားရာဒေသ သိန္နီမြို့နယ်၊ ဟွေပုံရွာကို စစ်ကောင်စီက နှစ်ကြိမ် ဗုံးလာကြဲခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု MNDAA  ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဧပြီ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၅)ရက်မှ (၂၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဧပြီ ၁၅ ရက်မှ ၂၁ ရက် အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်ရာတွင် အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ ပေါင် ၅၀၀အား ဗုံးကြဲချခြင်း၊ အရပ်သားပြည်သူများ ဆေးကုနေသည့် တိုက်နယ် ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ကျုးလွန်ခဲ့သည်။ မကွေးတိုင်းဒေသကြီး သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လူ့အခွင့်အရေး ချိုး‌ဖောက်ကာ နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက် နှိပ်စက်ခြင်း ပြုလုပ်လျှက် ရှိသည်။ စစ်အာဏာရှင်တပ်များက ကချင်ပြည်နယ် […]

,

ဝက်လက်မြို့ အောင်ချမ်းသာရွာ မီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အောင်ချမ်းသာရွာကို ဧပြီလ ၂၃ ရက် ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၄၀ ဝန်းကျင် မီးလောင် ပျက်စီးပြီး ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်ချမ်းသာရွာဟာ ဒုတိယအကြိမ်မြောက် မီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “အိမ်ခြေအကုန်လုံးရှိတာက ၂၇၀ လောက်ရှိတယ်။ အရင်က ၁၀၉ အိမ်ရှို့ခံရတာ ဆိုတော့ အခုက ၁၄၀ ဝန်းကျင်လောက် ရှို့သွားတယ်။ ဘာမှ မကျန်တော့ဘူး။ တစ်ရွာလုံးကုန်သလောက်ပဲ” အောင်ချမ်းသာရွာအနီးမှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ […]

,

နောင်ချိုမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ လေးထောင်နီးပါးရှိလာ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီလ ၂၂ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါးအထိရှိလာပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ နောင်ချိုမြို့နယ်ထဲက ကုလားကွဲ၊ ဒိုးပင်၊ ဟိုခို၊ ကုန်းကြီး(မြောက်)၊ ဆိတ်ဖူး၊ လုံရုံး၊ ပင်တီး စတဲ့ရွာတွေ အပါအဝင် ရွာ ၂၀ လောက်က ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတာပါ။ တိုက်ပွဲမပြင်းထန်ခင်ကတည်းက နေရပ်စွန့်ခွာခဲ့သူတွေရှိသလို မနေ့ကတိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေလည်း ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။ “နောင်ချိုမြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ စစ်ဘေးရှောင် ၁၅၀ လောက်ရှိတယ်။ သူတို့အတွက် စားဖို့သောက်ဖို့ကတော့ လိုတာပေါ့ဗျာ။ ရွာလုံးကျွတ် ထွက်ပြေးလာကြရတာ။ တချို့ရွာတွေကတော့ နီးစပ်ရာမြို့ပေါ်က အသိမိတ်ဆွေတွေ […]

,

သရက်ချောင်းမြို့ ရငဲရွာခံ ၈၀ နီးပါးကို စစ်ကောင်စီတပ် ဖမ်းဆီးထား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ် – ထားဝယ် ကားလမ်းမအနီးက ရငဲရွာမှာ နေထိုင်တဲ့ ဒေသခံ ၈၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေတယ်လို့ သရက်ချောင်းဒေသခံတွေက RFA ကိုပြောပါတယ်။ အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ဒီနေ့မနက်ပိုင်းမှာ ရွာထဲ ဝင်လာပြီးနောက် တွေ့သမျှ အရပ်သားတွေကို ဖမ်းဆီးသွားပြီး ရငဲရွာဘုန်းကြီးကျောင်းမှာ စစ်ဆေးမေးမြန်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သရက်ချောင်းဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။ “မနက် ၇ နာရီခွဲလောက်က ဖမ်းသွားတာ ရွာထဲမှာတွေ့သမျှလူတွေ အကုန်ဖမ်းတာ။ တချို့ထွက်ပြေးကြတော့ ကျည်ဖောက်ပြီးဖမ်းတယ်။ အမျိုးသား၊ အမျိုးသမီးအကုန် ဖမ်းသွားတယ်။ စဖမ်းတုန်းက အရပ်သား ၁၀၀ လောက် ရှိတယ်။ စစ်မေးပြီး ပြန်လွှတ်တော့ အခုညနေအထိ ၈၀ […]