Entries by ndb14

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၈)ရက်မှ (၁၄) ရက်နေ့ထိ

မေလ(၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက မွန်ပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းတို့ကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီး ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ညောင်ပင်သာကျေးရွာမှ ပြည်သူ ၁၈ ဦးကို စစ်အာဏာရှင်တပ်သားများက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်အာဏာရှင်တပ်သားများက အမျိုးသမီးများ အများစုပါဝင်သည့် ဒေသခံ (၃၀) ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် တပတ်အတွင်း ကလေးငယ် (၃)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာနှင့်ချောင်းဦးဆက်ထားသော လမ်းပိုင်းနှင့် ကရင်ပြည်နယ် ကော့ကရိတ်မှ လမ်းများကို ဖျက်ဆီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်တွင် စစ်အာဏာရှင်တပ်နှင့် SNAတို့ ပူးပေါင်းပြီး နေအိမ် […]

မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းကြောင့် ခြောက်ဦးသေဆုံး

အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို မေလ ၁၄ ရက် ဒီနေ့နေ့လယ်ပိုင်းကစလို့ ဖြတ်သန်းဝင်ရောက်နေပြီး ညနေပိုင်းအထိရထားတဲ့ စာရင်းအရ မုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း လူခြောက်ဦးသေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၊ ဧရာဝတီတိုင်း ရေကြည်နဲ့ တောင်ကုတ်မြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က အသက် ၂၀ ကျော်အရွယ် လူငယ်ဇနီးမောင်နှံ ဖြစ်ပါတယ်။ တာချီလိတ်မြို့က ဇနီးမောင်နှံဟာ ဒီနေ့မနက်အစော အိပ်ပျော်နေချိန် မိုးလေသည်းထန်ပြီး မြေပြိုကျတာကြောင့် သေဆုံးခဲ့တာလို့ တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ကျန်တဲ့ လေးဦးကတော့ လေပြင်းတိုက် သစ်ပင်တွေလဲကျပိမိပြီး […]

ဂျီနီဗာကွန်ဗင်းရှင်း အကာအကွယ်မြန်မာနိုင်ငံမှာ မရရှိ

ဂျီနီဗာပဋိညာဉ်စာတမ်း နောက်ဆက်တွဲသဘောတူညီချက်တွေမှာ ပါရှိတဲ့ အရေးအကြီးဆုံးစည်းမျဉ်းက စစ်ပွဲမှာ ရက်စက်တဲ့ အတိုင်းအတာကို ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ တိုက်ပွဲနဲ့ပတ်လည်းမပတ်သက်၊ ပါလည်းမပါဝင်တဲ့ အရပ်သားတွေ၊ ဆေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေး လုပ်သားတွေကို Geneva Convention က အကာအကွယ်ပေးထားပါတယ်။ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးတာတောင် ဒဏ်ရာရနေရင် နာမကျန်းဖြစ်နေရင်နဲ့ သင်္ဘောပျက်ပေါ်ပိတ်မိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်အကျဉ်းသားတွေကို ရက်ရက်စက်စက်မပြုမူဖို့ လည်း အကာအကွယ်ပေးပါတယ်။ ဒါပေမဲ့ အချစ်နဲ့ စစ်မှာ တရားတာမရှိဘူးဆိုရိုးကို လက်ကိုင်ထားတဲ့ မြန်မာစစ်ကောင်စီဟာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုပြီး ရင်ဆိုင်လာရတဲ့ ပြည်တွင်းပဋိပက္ခကို ရတဲ့နည်းနဲ့ နည်းပေါင်းစုံက ဖြိုခွင်းတဲ့အခါ လေကြောင်းကို အထူးအားပြုပါတယ်။ ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့လူ့စွမ်းရည်ကို အခြေခံပြီး စစ်အင်အား firepower ကို တွက်ချက်တဲ့ Global […]

,

ညောင်ပင်သာရွာက အစုအပြုံလိုက်သတ်ဖြတ်မှု ကရင်လူ့အခွင့်အရေးအဖွဲ့တွေ ပြင်းပြင်းထန်ထန်ရှုတ်ချ

ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကလာ လွယ်ထူး ခရိုင်၊ ညောင်ပင်သာရွာမှာ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က စစ်ကောင်စီတပ်တွေက ကလေးငယ်ငါးဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၈ ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်ခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အသက်ဆုံးရှုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG နဲ့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် KPSN တို့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီသတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နံပါတ် ၁၃ လက်အောက်က ခြေမြန်တပ်ရင်း ၅၉၉ က တပ်သားတွေနဲ့ အခြား တပ်မ၊ တပ်ရင်းတွေက စစ်သားတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ မေလ ၁ဝရက်က KNLA […]

,

ယင်းမာပင်မှာ နာရေးအခမ်းအနား တိုက်ခိုက်ခံရလို့ အသက်မပြည့်သေးသူ နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးမြောက်ရွာမှာ ဒီနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက နာရေးတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ဘန့်ဘွေးမြောက်ရွာမှာ ပြုလုပ်နေတဲ့ နာရေးတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ နာရေးအဖြစ် စစ်ကောင်စီက ယူဆပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆရာစံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဆရာစံက RFA ကို ပြောပါတယ်။ “ဘန့်ဘွေးမြောက်ရွာရဲ့ တောတိုက်လေးမှာ ရိုးရိုးပြည်သူ အသုဘရှိတယ်။ အဲဒီအသုဘကို PDF ကျဆုံးရဲဘော်အတွက် ဈာပနအခမ်းအနားနဲ့ အလေးပြုတယ်ဆိုပြီး သူတို့တွေက ဝင်ရောက်ပစ်ခတ်သွားတဲ့ ဖြစ်စဉ်ပါပဲ။ ခြောက်နှစ်အရွယ် […]

,

ထန်းတပင်ဒေသခံ ၁၉ ဦး မီးရှို့အသတ်ခံရ၊ ပျောက်ဆုံးနေသူတွေ ရှိနေဆဲလို့ KNU ပြော

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာမှာ စစ်တပ်က ဒေသခံ ၁၉ ဦးကို မီးရှို့သတ်ဖြတ်သွားပြီး ပျောက်ဆုံးနေသူတွေ ရှိနေဆဲပဲလို့ မေလ ၁၂ရက်နေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ လတ်တလော ညောင်ပင်သာကျေးရွာအနီးမှာရှိနေသလို စစ်မြေပြင်လိုဖြစ်နေတာကြောင့် မီးရှို့အသတ်ခံရသူ ၁၉ ဦးစာရင်းကိုသာ ကောက်ယူနိုင်တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နဲ့ ခလရ – ၄၈ တပ်တွေဟာ ထန်းတပင်မြို့နယ် […]

,

အရပ်သားတစ်ဦးကို SSPP တပ်ဖွဲ့က မီးမြှိုက်ပြီးနှိပ်စက်မှု ဝေဖန်ခံနေရ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တွေက အရပ်သားတစ်ဦးကို သစ်ပင်ပေါ်မှာ လက်နောက်ပြန်ကြိုးတုပ် ချိတ်ဆွဲပြီး အောက်ကနေ မီးမြှိုက်နှိပ်စက်နေတဲ့ ရုပ်သံတစ်ခု အခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပြီး ဒီအပေါ်ဝေဖန်မှုတွေ ရှိနေပါတယ်။ ရှမ်းတိုင်းရင်းသား မီဒီယာအချို့မှာတော့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားဟာ ဟိုပုံးမြို့နယ် ဖွန်ဆိုင်းရွာက ရွာသူကြီး ဦးဝါလဖြစ်တယ်လို့ ရေးသားနေကြပါတယ်။ ရွာအနီးမိုင်းပေါက်ကွဲမှုကြောင့် ဦးဝါလ အပါအဝင် ရွာသားအချို့ကို SSPP တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပြီး အဆက်အသွယ်ပြတ်တောက်နေတာလို့ ဆိုပါတယ်။ အဲဒီရုပ်သံမှာ SSPP တပ်ဖွဲ့ဝင်တွေက ရွာသားကိုစစ်မေးနေပြီး ရွာသားက မသိရှိကြောင်း ငြင်းဆိုနေတာလို့ အမည်မဖော်လိုတဲ့ ရှမ်းလူငယ်အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။ “သူတို့မေးတာက ရှိလား၊ ရှိလား အဲဒါပဲမေးနေတာ၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၁)ရက်မှ (၇) ရက်နေ့ထိ

မေလ(၁)ရက်မှ (၇) ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသခံပြည်သူများကို လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ ဗုံးကြဲ တိုက်ခိုက်ရာတွင် ပေါင် ၅၀၀ အားရှိ ဖျက်အားပြင်း ဗုံးများ အသုံးပြုခဲ့ခြင်းကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်ဆီးခဲ့ရပြီး ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ (၁၀)ဦးခန့် သေဆုံးခဲ့ကာ (၁၇)ဦးကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော် (၅)ဦး အပါအဝင် ပြည်သူ (၈)ဦးကို စစ်အာဏာရှင်တပ်သားများက ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ ကလေးငယ်အပါအဝင် ပြည်သူ (၂)ဦးကို စစ်အာဏာရှင်လက်အောက်ခံ ပျုစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နယ်မှ ပြည်သူ (၂)ဦးကို […]

အာဆီယံ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှု စင်ကာပူရှုတ်ချ

အာဆီယံအကူအညီပေးရေးအဖွဲ့ သံတမန်တွေလိုက်ပါလာတဲ့ယာဉ်တန်း ရှမ်းပြည်နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို စင်ကာပူအစိုးရက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ဒုက္ခသည်တွေဆီ လိုအပ်တဲ့ အကူအညီတွေ အရောက်ပို့ပေးနိုင်ဖို့အတွက် သံတမန် အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အလုပ်လုပ်ကိုင်ခွင့်ပေးပါလို့လည်း မနေ့ညပိုင်းက ထုတ်ပြန်တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ စင်ကာပူနဲ့ အင်ဒိုနီးရှားက သံအရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ မနေ့မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်၊ ဆီဆိုင်- ဆိုက်ခေါင်လမ်းပေါ်မှာ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ အဲဒီယာဉ်တန်းပေါ်မှာ ရန်ကုန်-စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ပြီး၊ သူတို့တွေဟာ ထိခိုက်မှုမရှိဘဲအန္တရာယ်ကင်းကင်းနဲ့ ရန်ကုန်ကိုပြန်ရောက်နေပြီလို့ ပြောပါတယ်။ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာစစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် လက်ချက်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ NUG အစိုးရကလည်း သူတို့လက်အောက်ခံ PDF တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောထားပါတယ်။ […]

, ,

ကလေးစစ်သားအသုံးပြုခြင်း ( Use of child soldier)

ကလေးစစ်သားဆိုသည်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း (Child Soldier)(က) နိုင်ငံတကာ ဥပဒေအရ ကလေးစစ်သားတဦးအဖြစ် သတ်မှတ်သည့် အင်္ဂါရပ်များကား အဘယ် နည်း။ကလေးစစ်သား အဖြစ်သတ်မှတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန် အ တွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၃) ခု ထင်ရှားကြောင်း ဖော်ပြရပါမည်။