Entries by ndb14

,

မြင်းခြံထောင်က အကျဉ်းသားတွေ စစ်တပ်ထဲခေါ်ပြီး နှိပ်စက်ခံနေရ

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော် ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မန္တလေး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီက ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ တချို့ကို လက်ထိပ်နောက်ပြန်ခတ်၊ မျက်နှာအဝတ်စည်းပြီး ခြေမြန်တပ်ရင်း ခမရ (၁၅) ကို ခေါ်သွားပြီး ရိုက်နှက်နှိပ်စက်နေသလို၊ တချို့ကတော့ ထောင်ပိုင်ရုံးခန်းမှာ သီးသန့်ခေါ်နှိပ်စက်ခံနေရတာလို့ ဆိုပါတယ်။ အဲဒီနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုစိုးရာဇာထွန်းလွင်ဟာ ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာတွေရထားတဲ့အပြင် သွားတွေကျွတ်ထွက်တဲ့အထိ နှိပ်စက်ခံထားရတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကိုလည်း ထောင်ဝင်စာ ပိတ်ထားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ပြောဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာ ခေါ်ယူနှိပ်စက်တာ၊ ထောင်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ရိုက်နှက်တာ၊ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ

၂၀၂၃ ခုနှစ် မေလ (၂၂) ရက်မှ (၃၁) ရက်အတွင်း စစ်အာဏာရှင်တပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများ မေ (၂၂)ရက်မှ မေ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးများ အသုံးပြုခြင်း တိုက်ခိုက်ခြင်း၊လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး မြင်းခြံထောင်၊ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီထောင် နှင့် ကျိုက်စကောထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်ထားသောကြောင့် သေဆုံးသူ များလည်း ရှိနေကြောင်း သိရှိရသည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ သတ်ဖြတ်မှုကြောင့် […]

,

မီးပြတ်ကြောင်း ဝေဖန်မှုဖြင့် အဖမ်းခံရသူ အဆိုတော်ဗျူဟာကို အင်းစိန်ထောင်ပို့မည်

စစ်ကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လျှပ်စစ်မီးပြတ်သည့် အခြေအနေကို နှိုင်းယှဉ်ဝေဖန်သည့် အဆိုတော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။ အာဏာသိမ်း စစ်တပ်လက်ထက်တွင် လျှစ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်မှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားပြီး ဇွန် ၁၀ ရက်တွင် အင်းစိန်ထောင်ပို့မည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၃၈ နှစ်အရွယ် အဆိုတော်မှာ မေလ ၂၃ ရက်နေ့က Facebook လူမှုကွန်ရက်တွင် လျှပ်စစ်မီးပြတ်သည့်အကြောင်း စစ်ကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နှစ်ခုကို နှိုင်းယှဉ်ဝေဖန်ပြီးနောက် ထိုနေ့ညပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ […]

,

စစ်တပ် လက်နက်ကြီးကြောင့် ကျုံဒိုးဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ်မှာ မေလ ၃၀ ရက်နေ့က ကျုံဒိုးရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ မနက် ၉ နာရီလောက်မှာ ကျုံဒိုးရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခလရ (၅၄၆) စစ်တပ်က လက်နက်ကြီး ပြန်ပြီးပစ်ခတ်တဲ့အခါ ကမ်းနီ-ညောင်ရိပ်သာလမ်းမပေါ်ကို ကျပြီးပေါက်ကွဲလို့ ထိခိုက်သေဆုံးတာလို့ သရက်တောရွာသား ကိုဟန်တလက RFA ကိုပြောပါတယ်။ “ကျုံဒိုး စစ်တပ် ၅၄၆ က မနေ့ကလည်း ကျွန်တော်တို့ရွာတွေဘက် ပစ်ထုတ်တယ်။ ကွင်းတွေဘက် ကျတယ်။ သရက်တောရွာသား သုံးဘီးမောင်းတဲ့ အဖောင် ဆိုတဲ့သူ ပေါင်ရင်းနေရာရယ်၊ ခေါင်းရယ် အလုံးကြီးအစထိပြီး ဆုံးတယ်၊ လမ်းဘေးခြံမှာ မြေပေါက် မြက်ရှင်းလုပ်နေတဲ့ ကိုချဲကတုံး ကတော့ ဗိုက်ကို […]

,

မြန်မာနိုင်ငံ လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရှာဖွေခြင်း

ဤအစီရင်ခံစာတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို အထူးပြုတင်ပြထားပြီး၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ တစ်နိုင်ငံလုံးအနှံတွင် တပ်မတော်၏ လက်လွတ်စပယ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်တို့ကိုလည်း ထည့်သွင်းတင်ပြထားပါသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ၁၅၀၀ ကျော်သေဆုံးကြောင်း သုတေသနအဖွဲ့ပြော

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၅၉၂ ဦးသေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီကာလအတွင်း စစ်ကောင်စီတပ်သားတွေက လူငါးဦးထက်မနည်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး (၁၄၇) ကြိမ် ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီထဲမှာ ဆန္ဒပြပွဲတွေ ဖြိုခွင်းရာမှာသတ်ဖြတ်မှု၊ လေကြောင်းသုံးသတ်ဖြတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်မှု အပြင် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သတ်ဖြတ်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုက ၃၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၅၀၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့မြို့နယ်တွေကတော့ ဝက်လက်၊ ယင်းမာပင်၊ ကလေး ၊ ကန့်ဘလူ၊ ဖားကန့်၊ ကလေးနဲ့ ပဲခူးတို့ဖြစ်ပြီး […]

,

သာယာဝတီထောင်မှ နိုင်ကျဉ်းတစ်ဦး သေဆုံး၊ အလောင်းပြန်မရ

အဆုတ်ထဲ ပိုးဝင်၍ သေဆုံးသည်ဟု အကြောင်းကြားသော်လည်း စစ်ကောင်စီက မိသားစုကို အလောင်းပြန်မပေး၊ သင်္ဂြိုဟ်ခွင့်မပေးခဲ့ပေ။ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်း မေ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က နိုင်ငံရေးအကျဉ်းသား လူငယ်တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက မိသားစုကို ရုပ်အလောင်းသင်္ဂြိုဟ်ခွင့်မပေးခဲ့ဟု စုံစမ်းသိရှိရသည်။ သေဆုံးသူမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆ (မီးရှို့မှု) တို့ဖြင့် စစ်ကောင်စီက စွပ်စွဲ၍ ထောင်ဒဏ် ၇ နှစ် ချခံထားရသည့် အသက် ၂၅ နှစ်အရွယ် ကိုပြည့်ဖြိုးဝင်း (ခ) မဲကြီး ဖြစ်သည်။ ကိုပြည့်ဖြိုးဝင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးစ ဆန္ဒပြကြချိန်ကတည်းက ဖမ်းဆီးခံရပြီးနောက် တောင်ဒဂုံမြို့နယ်ရှိ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ

မေ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက ကရင်ပြည်နယ် မြဝတီမြို့နှင့် ကယားပြည်နယ် ဒီမော့ဆိုတို့ကို လေကြောင်းအသုံးပြုကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်ကိုလည်း ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ကာ လေကြောင်းအသုံးပြု တိုက်ခိုက် ဗုံးကြဲ ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နှင့်ရွှေဘိုမြို့နယ်တို့မှ ကလေးငယ်များ အပါအဝင် ပြည်သူ (၆၀)ခန့်ကို စစ်အာဏာရှင်တပ်သားများကဖမ်းဆီးကာ ဓားစာခံအဖြစ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်၏ လက်အောက်ခံ အကျဉ်းဦးစီးဌာနသည်ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင်တွင် စွန်ရဲဟုခေါ်သောထောင်တွင်းအကြမ်းဖက်အဖွဲ့ ဖွဲ့စည်းကာ ထောင်ပြောင်းနိုင်ငံရေး အကျဉ်းသားများကို လူ့အခွင့်အရေး ချိုးဖောက်ကာ မတရား ရိုက်နှက် နှိပ်စက်ကာအလုပ်ကြမ်းများ ခိုင်းစေပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်၏ လက်အောက်ခံဖြစ်သော ပျုစောထီးများနှင့်စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင်ဒေသခံပြည်သူများကို ဖမ်းဆီး၊ စစ်ဆေး ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံမှုများ ပြုလုပ်လျှက်ရှိသည်။ပဲခူးတိုင်းဒေသကြီး […]

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို G7 ခေါင်းဆောင်တွေတိုက်တွန်း

မြန်မာအာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ G7 စက်မှုထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေရဲ့ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။ မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ၃ ရက်ကြာ ညီလာခံကျင်းပပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာအရေးနဲ့ ပတ်သက်လို့ ထည့်သွင်းထားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေတဲ့ နိုင်ငံတွေအနေနဲ့လည်း လက်နက်တင်ပို့မှု ရပ်တန်းကရပ်ဖို့ G7 ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေ အားလုံးကိုချက်ချင်းလွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာစေဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လှည့်ဖို့ စတဲ့အချက်တွေကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေဟာ အထူးစိုးရိမ်ရဆဲအခြေအနေဖြစ်ပြီး၊ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို အတားအဆီးမရှိ ကူညီခွင့်ပေးဖို့လည်း ပြောဆိုထားပါတယ်။ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အာဆီယံကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပြီး၊ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်အောင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း […]

ကန့်ဘလူမြို့နယ်က ရွာသုံးရွာ ဆက်တိုက်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်ထဲက မကျီးကုန်း၊ ဆူးတပ်နဲ့ ဖုတ်ကုန်းရွာတွေကို မေလ ၁၈ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဆက်တိုက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင် ပျက်စီးသွားတယ်လို့ ကန့်ဘလူဒေသခံတွေက RFA ကိုပြောပါတယ်။ မေလ ၁၈ ရက်က အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်း မကျီးကုန်းရွာထဲ စီးနင်းချိန် နေအိမ် ၁၄ လုံး မီးလောင် ပျက်စီးခဲ့သလို မေ ၁၉ ရက်မှာလည်း ဆူးတပ်ရွာကနေအိမ် ၂၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၀ ရက်မှာလည်း ဖုတ်ကုန်းရွာ ဝင်ရောက်မီးရှို့ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှု အတိအကျကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက […]