Entries by ndb14

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်သုံးသပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ် သူတို့ရဲ့ ကိုင်တွယ် ဖြေရှင်းနည်းကို ပြန်လည်စဉ်းစားရလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tom Andrews က ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မှာရောက်ရှိနေစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ သဘောတူ ထားတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး ဘုံသေဘာတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာလည်း တိုးတက်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ အာဆီယံအစီအစဉ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ ဘေးကင်း လုံခြုံတဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေ ဝင်ခွင့်ရဖို့၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်ဖို့တွေ […]

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ဖမ်းဆီးခံရ

စစ်ကောင်စီတပ်ဟာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို သူ့မိဘတွေရဲ့ နေအိမ်ဖြစ်တဲ့ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ ဇွန်လ ၁၉ ရက်နေ့က စစ်ကားလေးစီး၊ အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းသွားပါတယ်။ နေအိမ်ထဲ ဝင်ရောက်ရှာဖွေတဲ့အခါ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ တီရှပ်တစ်ထည်တွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ပြီး ဘတ္ထရီအိုးနှစ်လုံးကြားဆက်တဲ့ ကြိုးကိုတွေ့တဲ့အခါ ဒီပစ္စည်းတွေကို အိမ်မှာသုံးလို့မရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ကိုမင်းလွင်ဦး ကပြောပါတယ်။ “ဒီဟာတွေ တွေ့တယ်ပေါ့ဗျာ။ သူတို့ရှာဖွေတော့ အဲ့တော့ကျွန်တော့်အဖေကို ဖမ်းမယ်ပေါ့ဗျာ။ လယ်ထွန်စက်မှာ ဘတ္ထရီအိုးတွေ Join ဖို့အတွက် ကျွန်တော့်အမေဝယ်ထားတဲ့ ကြိုးတစ်ပင်ကိုတွေ့တယ်။ ဘတ္ထရီအိုးဆက်ဖို့ ဝယ်ထားတယ်လို့ ပြောတော့ ဒါမျိုးကို အိမ်မှာသုံးလို့မရဘူး ဆိုတာမသိဘူးလားလို့ ပြောတယ်။ စက်တွေမှာ ဘတ္ထရီအိုးဒေါင်းသွားလို့ရှိရင် တခြားတစ်လုံးနဲ့ […]

,

အိတ်ဖွင့်ပေးစာ – ဒွန်ပရာမုဒ်ဝီနိုင်း..  ကျွန်တော်တို့ နိုင်ငံအရေးမှာ ဝင်မစွက်ဖက်ပါနဲ့ သင့်ကြောင့် .. ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုပြီးမဆိုးရွားပါစေနဲ့

ဇွန် ၁၈၊ ၂၀၂၃။ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒွန်ပရာမုဒ်ဝီနိုင်းက ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဥ်နေသည့် တရားမဝင် မြန်မာစစ်ကောင်စီ ပါဝင်သော လျှို့ဝှက်အစည်းအဝေးကို ကျွန်ုပ်တို့ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြင်းထန်စွာ ရှုတ်ချပါသည်။ ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရအနေဖြင့် အဆိုပါ အစည်းအဝေးအား ချက်ချင်းဖျက်သိမ်းပေးရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ ယင်းသည် မြန်မာစစ်တပ်၏ တနိုင်ငံလုံးအပေါ် အကြမ်းဖက် စစ်ဆင်ရေးများ နှစ်ရှည်လများ  ဆင်နွှဲကာ အာဏာ ဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကို ဆန့်ကျင်တွန်းလှန်ရင်း အသက်စတေးခဲ့ကြရသည့် မြန်မာပြည်သူများ အား လုံးလုံးလျားလျား စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ စစ်ကောင်စီသည် မည်သည့်အခါကမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့တွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့ နယ်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်မှ အမျိုးသမီး (၂)ဦး နှင့် ကရင်ပြည်နယ် လယ်ဒိုမြို့မှ အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက မန္တလေးတိုင်း ဒေသကြီး မြင်းခြံထောင်မှ နိုင်ငံရေး အကျဥ်းသား (၈၀) ကျော် ရိုက်နှက်စစ်ဆေးခဲ့ပြီး ဆေးကုသခွင့်မပေးဘဲ ထောင်ဝင်စာ ၃ လပိတ်ထားကြောင်း […]

,

၂၀၂၃ ပထမ ငါးလအတွင်း နေအိမ် နှစ်သောင်းကျော် မီးရှို့ခံရ

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း နှစ်သောင်းကျော် (၂၁,၃၅၃ အိမ်) ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ငါးလအတွင်း မီးရှို့ခံရတဲ့ ဒီအရေအတွက်ဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွင်း မီးရှို့ခံခဲ့ရတဲ့ အိမ် နှစ်ထောင်နီးပါး (၁,၉၄၆ အိမ်) ထက် ၁၁ ဆနီးပါး များပြားနေတာပါ။ ၂၀၂၃ ခုနှစ် ငါးလအတွင်း စစ်ကိုင်းတိုင်းထဲက အိမ် တစ်သောင်းခြောက်ထောင်ကျော် (၁၆,၆၃၆ အိမ်)၊ မကွေးတိုင်းက နေအိမ် နှစ်ထောင်နီးပါး (၁,၈၄၀ အိမ်)၊ ချင်းပြည်နယ်က အိမ် တစ်ရာ့ငါးဆယ်ကျော် (၁၆၄ အိမ်) […]

,

ခြောက်လအတွင်း သေဒဏ်ချခံရသူ ၁၅ ဦးရှိကြောင်း AAPP ထုတ်ပြန်

၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မအပါအဝင် မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၅၄ ဦးနဲ့ သေဒဏ်ချမှတ်ခံရသူ ၁၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လဒုတိယအပတ်အထိ နိုင်ငံတစ်ဝန်းက စစ်ကောင်စီတရားရုံးတွေကနေ အခုလိုအမိန့်တွေ ချမှတ်ခဲ့တာပါ။ အဲဒီထဲမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ အမျိုးသမီး ခုနစ်ဦး၊ အမျိုးသား ၄၇ ဦး ရှိပြီး သေဒဏ်ချမှတ်ခံရထားတဲ့ အမျိုးသမီး လေးဦး၊ အမျိုးသား ၁၁ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က အသက် ၂၀ ကျော်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုကောင်းဆက်ပိုင်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ […]

,

စစ်တပ်က သရက်ချောင်းမြို့ကို စစ်ကူထပ်ပို့ပြီး ဆက်လက်တိုက်ခိုက်

စစ်ကောင်စီက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရီရွာ ဝန်းကျင်ကို ကုန်းကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ပြီး စစ်အင်အားတိုးချထားနေရာ ဒေသခံထောင်နှင့်ချီ တိမ်းရှောင်နေကြရသည်ဟု သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။ အမှတ် (၈) မြိတ်-ထားဝယ်လမ်းမမှ ပင်လယ်ကမ်းစပ်အနီး ကနက်သီရိရွာအပါအဝင် ကျေးရွာများကို စစ်ကောင်စီတပ်က တစ်ပတ်ကြာ ဝင်မွှေနေသည်၊ ဇွန် ၁၃ ညတွင် ထားဝယ်မြို့မှ စစ်ကား ၇ စီးဖြင့် အင်အားထပ်ဖြည့်ထားသည်ဟု ဒေသအခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်​ရှိသူ ရွှေဒေါင်းက ပြောသည်။ ရဲစခန်းနှင့် စစ်တပ် အထိုင်စခန်းများရှိသည့် အမှတ် (၈) လမ်းမဘေး ဝင်းဝကျေးရွာကို စစ်ကား ၅ စီး၊ မင်းဒပ်ရွာကို ၂ စီးဝင်ရောက်လာပြီး မူလရောက်ရှိနေသော မြေပြင်စစ်ကြောင်းနှင့် ပူးပေါင်းနေသဖြင့် အင်အား ၂၀၀ နီးပါး ရှိနိုင်သည်ဟု ယူဆရကြောင်း ၎င်းက […]

,

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇) ရက်နေ့ထိ

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁)ရက်မှ (၇) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဇွန်လ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင် တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့မှ ပြည်သူ (၇၀) ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီးများမှ အမျိုးသမီး (၂)ဦးကို နှိပ်စက် ပစ်သတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်မှ ပြည်သူ ၁ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် […]

,

ကျောက်ကြီးမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဇွန်လ ၇ ရက်ဒီနေ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်သောင်းကျော် (၁၁၅၂၀ ဦး) ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားဂိတ်မှာရှိတဲ့ စစ်ကောင်စီ တပ်က ပစ်ခတ်ခဲ့တာလို့ ကျောက်ကြီး၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကောင်စီကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရှောင်နေကြရတာပါ။ ပုဇွန်မြောင်း၊ ညောင်ပင်သာ၊ ထန်းတပင်၊ ရန်မျိုးအောင် ရွာတွေပေါ့။ ရမ်းသမ်းပစ်ခတ်နေတာပါ။ တိုက်ပွဲကမရှိတော့ပါဘူး။ ဒီရွာတွေက KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင်ထဲကပါ “ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဘာသာရေးအဆောက်အအုံတွေနဲ့ တောတောင်တွေထဲမှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် အမိုးအကာ၊ […]

ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ် မြို့နယ်၊ ရွာတန်းရှည်ရွာမှာ ဇွန်လ ၇ ရက် ဒီနေ့မနက် ကိုးနာရီခွဲဝန်းကျင်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် သေဆုံးပြီး အသက်လေးနှစ်အရွယ် နန်းရေဝတီနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်တပိတို့သားအမိ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ တော်လှန်ရေးရဲဘော်တွေကို အကူအညီမပေး နိုင်အောင် စစ်ကောင်စီတပ်က ရွာသားတွေကိုပစ်မှတ်ထားပစ်ခတ်နေတာလို့ RFA ကို ပြောပါတယ်။ “ကျွန်တော်တို့ ဒီတော်လှန်ရေးရဲဘော်တွေကို ထောက်ပံ့မှုတွေ၊ ကူညီမှုတွေမလုပ်နိုင် အောင် ဒီလိုရည်ရွယ်ပြီး တော့ပဲ သူတို့က ရွာသားတွေကိုပစ်မှတ်အနေနဲ့ […]